Subcompact ကားအမျိုးအစားဖြစ်သော Accent ကို တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor Company မှ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ Accent ကို ၀ယ်ယူခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ဈေးနှုန်းသင့်တင့်မှုရှိခြင်း၊ ပိုကောင်းတဲ့ လုပ်ဆောင်မှုစွမ်းရည်ရှိခြင်း နှင့် လောင်စာဆီစားသက်သာခြင်းတို့ဖြစ်ပါတယ်။ Hyundai Accent ကားမော်ဒယ်သစ်တွင်  ကားမောင်းနှင်ရပိုမိုညက်ညောပြီး ပိုမိုစတိုင်ကျသော ခေတ်မီပစ္စည်းအစုံအလင် တပ်ဆင်ထားသည့်အပြင် ယခင်ထက်ပိုမိုကောင်းမွန်သော မြင်းကောင်ရေအား ၁၀၀ အင်ဂျင်နှင့် အဆင့်မြင့်မောင်းနှင်ပုံအမျိုးမျိုးပါဝင်သလို Hyundai ၏ အထူးကောင်းမွန်သော တည်ဆောက်ပုံနှင့် အလိုအလျောက်အရေးပေါ်ဘရိတ်စနစ်ကဲ့သို့ အဆင့်မြင့်နည်းပညာများ အသုံးပြုကာ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

History

Hyundai မှ ကိုရီးယားဒီဇိုင်း Accent (RB) series ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ပြီး X3 series များတွင် အသုံးပြုခဲ့သည့်အတိုင်း Accent ဟု အမည်ပြောင်းခဲ့သည်။

 

စွမ်းဆောင်ရည်နှင့် အသေးစိတ်အချက်အလက်များ

အင်ဂျင်ပါဝါ                                            1,368 စီစီ

အမြင့်ဆုံးစွမ်းရည်                                     185

အမြင့်ဆုံးရုန်းအား                                     100/ 6,000

0 မှ 100 kph မြန်နှုန်းရောက်ရန်ကြာချိန်           12.2 စက္ကန့်

လောင်စာဆီအမျိုးအစား                              ဓာတ်ဆီ

ဂီယာအမျိုးအစား                                      6-speed အော်တိုဂီယာ

ဆီစားနှုန်း                                              12.6 (City)

16.4 (High Way)

14.1 (Combined)

Hyundai Accent ကို ဆီဒင်ကားအမျိုးအစားအဖြစ် ထုတ်လုပ်ထားပြီး 1.4-liter four-cylinder အင်ဂျင်တပ်ထားပါတယ်။ အသစ်တဖန်မွမ်းမံထုတ်လုပ်ထားတဲ့ Accent 2018 မှာ SE ဆီဒင်ကားအမျိုအစားတွေမှာ မပါတဲ့ ၁၆လက်မ အလွိုင်းဘီးခွေများ (၁၄လက်မ စတီးဘီးခွေများ)၊ အနောက်ဘက် Disc ဘရိတ်များ၊ အီလက်ထရိုခရိုမစ်နောက်ကြည့်မှန်၊ စတီယာရင်ပေါ်က အသံထိန်းချုပ်ခလုတ်၊ ကျယ်ဝန်းတဲ့ပစ္စည်းထည့်စရာအကန့်နဲ့ Bluetooth ကနေတဆင့် ဖုန်းခေါ်ဆိုမှု၊ ဖြေဆိုမှုတွေပြုလုပ်နိုင်တဲ့စနစ်လိုမျိုး အသုံးဝင်တဲ့အထူးပြုလုပ်ချက်တွေ ပါဝင်ပါတယ်။

Hyundai ရဲ့ အကောင်းမွန်ဆုံးအာမခံချက်ဖြစ်တဲ့ Power Window အဖွင့်အပိတ်၊ သော့မလိုကားစက်နှိုးမှုစနစ်နဲ့ အပူအအေး အော်တိုလေအေးပေးစနစ်တို့ ပါဝင်ပါတယ်။ Hyundai Accent မော်ဒယ်မှာ မြင်းကောင်ရေအား 100 အင်ဂျင်နဲ့ 1.4-liter four-cylinder အင်ဂျင်ပါဝင်ပြီး 6-speed အော်တိုဂီယာဖြင့် ၀ယ်ယူရရှိနိုင်ပါတယ်။

Significant Standard Features

  • 6-speed အော်တိုဂီယာ
  • 4 MPI ဓာတ်ဆီအင်ဂျင်
  • နှင်းခွဲမီးများ
  • လေအိတ် ၂အိတ်ပါ စနစ်
  • အနောက်ကင်မရာ Display စနစ်
  • လည်သာထိုင်ခုံများ
  • ထိုင်ခုံထိန်းညှိမှု (Normal)
  • နောက်ဘက်အာရုံခံကိရိယာ ၄လုံး
  • ခေါက်သိမ်းနိုင်သောဘေးမှန်များ
  • Bluetooth အလိုအလျောက်ချိတ်ဆက်စနစ်
  • အင်ဂျင်စက်နှိုး စက်သတ်ရန်ခလုတ်
  • Smart Key
  • USB/ AUX ချိတ်ဆက်မှုစနစ်
  • စတီယာရင်အသံထိန်းချုပ်ခလုတ်
  • အပူအအေး အော်တိုလေအေးပေးစနစ်
  • Power Window အဖွင့်အပိတ်
  • ၁၆လက်မ အလွိုင်းဘီးခွေများ
  • ABS ဘရိတ်စနစ်
  • အီလက်ထရိုခရိုမစ်နောက်ကြည့်မှန်

ဈေးနှုန်းနှင့် ၀န်ဆောင်မှု

Hyundai Accent 2018 ကို တရားဝင်ရောင်းချနေတဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 25,900 ဖြစ်ပါတယ်။ ကားအတွက် ၃နှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပြီး လက်ငင်းဝယ်ယူသူ Customer များအတွက် အထူးလျှော့ဈေးများ ပေးအပ်သွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသော Customer များအနေနဲ့

ရန်ကုန်အရာင်းပြခန်း :အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊

မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊အရောင်းပြခန်း ဖုန်း ၀၁ ၅၂၂ ၇၂၃ ၊ ၀၉ ၄၂ ၁၀၀ ၂၀၅၁  ၀န်ဆောင်မှုစင်တာ   -၀၁ ၅၂၂ ၇၂၄ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မန္တလေးအရောင်းပြခန်း : အမှတ် (၃/F)၊ မြို့မဥယျာဉ်လမ်းနှင့် ၇၄ လမ်းကြား၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုနှင့် ကုန်သွယ်ရေးစင်တာ၊ မန္တလေးမြို့ ဖုန်း ၀၉ ၂၅၃ ၁၅၁ ၉၇၀၊ ၀၉ ၄၅၃ ၉၅၅ ၅၆၀၊ ၀န်ဆောင်မှုစင်တာ ဖုန်း ၀၉ ၉၇၁ ၃၄၇ ၀၀၁၊ ၀၉၄၂၁၈၈၈၂၂၀ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။