Unicode version…
Hyundai ၏ 2018 models များဆိုင်ရာ သတင်းအချက်အလက်များအား U.S Market တွင် ထုတ်ပြန်လိုက်ပါသည်။ ၄င်းတွင် စိတ်ဝင်စားဖွယ်ရာအနေဖြင့် (Azera Sedan)သည် ပါရှိခြင်းမရှိသည်ကို တွေ့မြင်ရပါသည်။(Hyundai Azera)အား (American Line up)တွင် ထည့်သွင်းခြင်းမရှိသော်လည်း အခြားသော စျေးကွက်ဒေသများတွင် ဆက်လက်ရောင်းချမည်ဖြစ်ပါသည်။
Hyundai အနေဖြင့် American Market တွင် Azera အစားအခြားသော Fully Redesigned Model အသစ်များကို ပြောင်းလဲတင်ပို့မည်ဟု သုံးသပ်မိပါသည်။ထို့အပြင် မကြာမီအချိန်က မွေးဖွားခဲ့သည့် (Genesis)၏ ထိပ်တန်းဇိမ်ခံကားများ၏ (U.S)ရောင်းအားကိုလည်း ကျယ်ပြန့်စွာရောင်းချလို၍လည်း ထိုသို့ပြု လုပ်ခြင်းဖြစ်ပါသည်။ အခြားတစ်ဖက်၌ (Azera)သည် (New Sonata)ထက် အနည်းငယ် အရွယ်ကြီး သော်လည်း ယခင် (Hyundai Genesis) ကဲ့သို့ (Full Size Sedan)မဟုတ်သည့်အတွက် (၀ယ်လိုအား) နည်းပါးခြင်းကြောင့် ထိုသို့ရပ်ဆိုင်းရခြင်းသည် အချက်တစ်ချက်ဖြစ်ပါသည်။(Hyundai) ၏ (U.S Market)ရှိ (2018 Models)များတွင် (New Accent Sedan) ပါ၀င်သော်လည်း (Accent hatchback)သည် ပါ၀င်ခြင်းမရှိတော့ပါ။ ထို့ပြင် (Elantra/ Elantra GT)ကဲ့သို့ (Hatch back Models)များကိုလည်း မကြာမီမိတ်ဆက်မည်ဟု (Hyundai) မှ ကြေငြာထားပါသည်။ရပ်ဆိုင်းခဲ့သည့် (Hatchback)ကားများတွင် (Veloster Hatchback 2018 Model)ပါ၀င်ပြီး ၄င်းအစား (2017 Veloster Hatchback)အား (2018 Lineup)တွင် (Extending) အနေဖြင့် ထည့်သွင်းထားပါသည်။ အဘယ့်ကြောင့်ဆိုသော် (All New Veloster Hatchback) အား ယခုနှစ်ကုန်ခန့်တွင် (Hyundai)မှ မိတ်ဆက်ရန် စီစဉ်ထား၍ ဖြစ်ပါသည်။ အလားတူပင် (2018 Lineup) တွင် မပါရှိသည့် (Accent Hatchback) အားမကြာမီအချိန်အတွင်း (All – New Model) အနေဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး ၄င်းအား (I 20)ကို အခြေခံကာ ဖန်တီးနိုင်သည်ဟု (ကားမဂ္ဂဇင်းများ / ကားချစ်သူများ) မှ ရင်ခုန်စွာ ခန့်မှန်းကြသည်ကို တွေ့ရပါသည်။
2017 Azera
2017 Accent
Zawgyi version…