Unicode Version
Hyundai Motor ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော International KLM Co., Ltd မှ Compact SUV Creta 2019 ကားသစ်အား စက်တင်ဘာလ ၅ ရက်နေ့က Hyundai Showroom တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Creta 2019 ကားသည် ဈေးနှုန်းသင့်တင့်မှုရှိသလို ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်မှုစွမ်းရည်တွေပါ ရှိသည့်အပြင် ဆီစားသက်သာမှုများကြောင့် ဥရောပနှင့် အိန္ဒိယဈေးကွက်တွင် တစ်နှစ်တာ အရောင်းရဆုံး ကားဆုများကိုရရှိခဲ့သည်။
ံHyundai Creta ကို အိန္ဒိယနှင့် တရုတ်နိုင်တို့တွင် Hyundai ix 25 အဖြစ် လူသိများပြီး ယခင် model ဟောင်းနှင့် ရှေ့ရုပ်ထွက်ပိုင်း မတူညီဘဲ ပိုမိုကောင်းမွန်သော လေဝင်ပေါက်နှင့် ဘန်ပါ တပ်ဆင်ထားပြီး နှင်းခွဲမီးများကလည်း ပိုမိုထူးခြားသည့်ဒီဇိုင်းပုံစံဖြစ်သွားသည်။ Engine power မှာ 1600 cc ရှိပြီး Engine အမျိုးအစားမှာ CRDI(Diesel) အမျိုးအစားဖြစ်ကာ စွမ်းအင်ထွက်ရှိမှုမှာ မြင်းကောင်ရေ ၁၂၆ ကောင်အားရှိသည်။ ဂီယာအမျိုးအစားမှာမူ 6 speed auto ဖြစ်ပြီး Semi Manual စနစ်ဖြင့်လည်း မောင်းနှင်နိုင်သည်။ ဆီစားနှုန်းမှာမြို့တွင်း တစ်ဂါလံ ၅၄ ကီလိုမီတာနှင့် မြို့ပြင် ၁ ဂါလံ ၈၁ ကီလိုမီတာနီးပါးမောင်းနှင်နိုင်သည်။၅ ရောက်စီး Creta 2019 တွင် လေအိပ်၂လုံး၊ အနောက်ဘက်Camera Display စနစ် ၊ အနောင်ဘက် Sensor ၄ လုံး၊ phone Bluetooth, အလိုအလျောက်လေအေးပေးစနစ်၊ Steering အသံထိန်းချုပ်ခလုပ်၊ ၁၆လက်မ alloy wheel, ABS,အလင်းစူးရှမှုကိုလျော့ချပေးနိုင်သည့် ဘက်ကြည့်မှန်၊ အဆင့်မြင့် leather ထိုင်ခုံများပါဝင်ပါသည်။တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၈၀၀ ဖြစ်ပြီး အရောင်၆ ရောင် ရွေးချယ်နိုင်သည်။ ၎င်းကို လက်ငင်း၊ အရစ်ကျ နှစ်မျိုးစလုံးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အာမခံအနေဖြင့် ၃ နှစ် သို့မဟုတ် ကီလို တစ်သိန်းပေးထားကြောင်းသိရသည်။
Zawgyi Version…
The Best Selling Car of The Year ဆုကို ဥေရာပႏွင့္ အိႏၵိယတြင္ ဆြတ္ခူးရရွိထားေသာ Compact SUV Hyundai Creta 2019 အားစတင္မိတ္ဆက္
Hyundai Motor ၏ ျမန္မာျပည္တစ္ဦးတည္းကိုယ္စားလွယ္ျဖစ္ေသာ International KLM Co., Ltd မွ Compact SUV Creta 2019 ကားသစ္အား စက္တင္ဘာလ ၅ ရက္ေန႔က Hyundai Showroom တြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။ Creta 2019 ကားသည္ ေဈးႏႈန္းသင့္တင့္မႈရွိသလို ပိုမိုေကာင္းမြန္တဲ့လုပ္ေဆာင္မႈစြမ္းရည္ေတြပါ ရွိသည့္အျပင္ ဆီစားသက္သာမႈမ်ားေၾကာင့္ ဥေရာပႏွင့္ အိႏၵိယေဈးကြက္တြင္ တစ္ႏွစ္တာ အေရာင္းရဆုံး ကားဆုမ်ားကိုရရွိခဲ့သည္။
ံHyundai Creta ကို အိႏၵိယႏွင့္ တ႐ုတ္ႏိုင္တို႔တြင္ Hyundai ix 25 အျဖစ္ လူသိမ်ားၿပီး ယခင္ model ေဟာင္းႏွင့္ ေရွ႕႐ုပ္ထြက္ပိုင္း မတူညီဘဲ ပိုမိုေကာင္းမြန္ေသာ ေလဝင္ေပါက္ႏွင့္ ဘန္ပါ တပ္ဆင္ထားၿပီး ႏွင္းခြဲမီးမ်ားကလည္း ပိုမိုထူးျခားသည့္ဒီဇိုင္းပုံစံျဖစ္သြားသည္။ Engine power မွာ 1600 cc ရွိၿပီး Engine အမ်ိဳးအစားမွာ CRDI(Diesel) အမ်ိဳးအစားျဖစ္ကာ စြမ္းအင္ထြက္ရွိမႈမွာ ျမင္းေကာင္ေရ ၁၂၆ ေကာင္အားရွိသည္။ ဂီယာအမ်ိဳးအစားမွာမူ 6 speed auto ျဖစ္ၿပီး Semi Manual စနစ္ျဖင့္လည္း ေမာင္းႏွင္ႏိုင္သည္။ ဆီစားႏႈန္းမွာၿမိဳ႕တြင္း တစ္ဂါလံ ၅၄ ကီလိုမီတာႏွင့္ ၿမိဳ႕ျပင္ ၁ ဂါလံ ၈၁ ကီလိုမီတာနီးပါးေမာင္းႏွင္ႏိုင္သည္။၅ ေရာက္စီး Creta 2019 တြင္ ေလအိပ္၂လုံး၊ အေနာက္ဘက္Camera Display စနစ္ ၊ အေနာင္ဘက္ Sensor ၄ လုံး၊ phone Bluetooth, အလိုအေလ်ာက္ေလေအးေပးစနစ္၊ Steering အသံထိန္းခ်ဳပ္ခလုပ္၊ ၁၆လက္မ alloy wheel, ABS,အလင္းစူးရွမႈကိုေလ်ာ့ခ်ေပးႏိုင္သည့္ ဘက္ၾကည့္မွန္၊ အဆင့္ျမင့္ leather ထိုင္ခုံမ်ားပါဝင္ပါသည္။တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၃၁၈၀၀ ျဖစ္ၿပီး အေရာင္၆ ေရာင္ ေ႐ြးခ်ယ္ႏိုင္သည္။ ၎ကို လက္ငင္း၊ အရစ္က် ႏွစ္မ်ိဳးစလုံးျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး အာမခံအေနျဖင့္ ၃ ႏွစ္ သို႔မဟုတ္ ကီလို တစ္သိန္းေပးထားေၾကာင္းသိရသည္။