Compact SUV အမ်ိဳးအစားျဖစ္သည့္ Hyundai Creta 2020 ကို ေစ်းကြက္အတြင္း စတင္မိတ္ဆက္

Hyundai Motor Myanmar သည္ SKD စနစ္ျဖင့္ ထုတ္လုပ္သည့္ Compact SUV အမ်ိဳးအစား Hyundai Creta ၂၀၂၀ ေမာ္ယ္သစ္ကို ၿပီးခဲ့သည့္ ေသာေၾကာေန႔က ျပည္တြင္းေစ်းကြက္အတြက္ စတင္မိတ္ဆက္သြားခဲ့သည္။ Hyundai Creta ၂၀၂၀ ေမာ္ဒယ္သစ္ကို ရန္ကုန္လိုင္စင္ျဖင့္ ရရိွႏုိင္မည္ျဖစ္ၿပီး လုပ္ေဆာင္မႈစြမ္းရည္ႏွင့္ ဒီဇုိင္းပိုင္းသည္ Hyundai ၏ နာမည္ႀကီးအမ်ိဳးအစားျဖစ္သည္ Tuscon ႏွင့္ အလြန္တူညီမႈရိွမည္ျဖစ္သည္။Hyundia Creta သည္ ႏုိင္ငံတကာတြင္ နာမည္ေက်ာ္ၾကားသည့္ ေမာ္ဒယ္အမ်ိဳးအစားျဖစ္ၿပီး ဥေရာပတြင္ (၂)ႏွစ္ဆက္တုိင္ Best Selling Car of The Year ႏွင့္ အိႏၵိယႏုိင္ငံတြင္ India Best Selling Car of The Year ကားဆုကိုလည္း ရရိွထားသည္။Creta 2020 ဒီဇုိင္းပိုင္းသည္ Hyundai ၏ Fluidic Sculpture 2.0 ကို အေျခခံထားၿပီး ထူးျခားသည့္အသြင္ အျပင္ ႏွင့္ အေကာင္းဆံုးေမာင္းႏွင္မႈကို ေပးစြမ္းႏုိင္မည္ျဖစ္သည္။ အေရွ႕ဘက္ပိုင္းမွာ ပိုမုိေကာင္းမြန္သည့္ ေလဝင္ေပါက္နဲ႔ ဘမ္ပါမ်ား တပ္ဆင္ထားသည့္အျပင္ ႏွင္းခြဲမီးမ်ားကိုလည္း ပိုမုိဆန္းသစ္ထားသည္။Hyundai သည္ Creta ေမာ္ဒယ္သစ္တြင္ Push Start Button, Smart Key, Power Seat, Leather Seat, Tlit & Telescoping Steering Wheel ႏွင့္ Digital Air-Con စနစ္မ်ားကို စံုလင္စြာထည့္သြင္းေပးထားသည္။Hyundai Creta 2020 ေမာ္ဒယ္သည္ 1.6 CRDi ဒီဇယ္အင္ဂ်င္ကို အသံုးျပဳထားၿပီး အင္ဂ်င္ပါဝါ 1,582 စီစီ၊ 6-Speed Auto ဂီယာကို တပ္ဆင္ထားေသာေၾကာင့္ စြမ္းေဆာင္ရည္ႏွင့္ ေမာင္းႏွင္မႈပိုင္းတြင္ စိတ္ေက်နပ္မႈ ေပးစြမ္းႏုိင္မည္ျဖစ္သည္။အျဖဴႏွင့္အနက္ (၂)ေရာင္ရရိွႏိုင္မည္ျဖစ္သည့္ Hyundai Creta 2020 ကို က်ပ္သိန္း(၄၅၀) ျဖင့္ ဝယ္ယူရရိွ ႏုိင္မည္ျဖစ္ၿပီး (၃)ႏွစ္ (သို႔မဟုတ္) ကီလိုမီတာ (၁)သိန္း အာမခံေပးထားကာ အရစ္က်စနစ္အေနျဖင့္ ကနဦး (၂၀)ရာခုိင္ႏႈန္း၊ (၁)ႏွစ္ကေန(၅) လစဥ္ေပးသြင္းျခင္းျဖင့္ ဝယ္ယူႏုိင္မည္ျဖစ္သည္။

Compact SUV အမျိုးအစားဖြစ်သည့် Hyundai Creta 2020 ကို ဈေးကွက်အတွင်း စတင်မိတ်ဆက်

Hyundai Motor Myanmar သည် SKD စနစ်ဖြင့် ထုတ်လုပ်သည့် Compact SUV အမျိုးအစား Hyundai Creta ၂၀၂၀ မော်ယ်သစ်ကို ပြီးခဲ့သည့် သောကြောနေ့က ပြည်တွင်းဈေးကွက်အတွက် စတင်မိတ်ဆက်သွားခဲ့သည်။ Hyundai Creta ၂၀၂၀ မော်ဒယ်သစ်ကို ရန်ကုန်လိုင်စင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး လုပ်ဆောင်မှုစွမ်းရည်နှင့် ဒီဇိုင်းပိုင်းသည် Hyundai ၏ နာမည်ကြီးအမျိုးအစားဖြစ်သည် Tuscon နှင့် အလွန်တူညီမှုရှိမည်ဖြစ်သည်။Hyundia Creta သည် နိုင်ငံတကာတွင် နာမည်ကျော်ကြားသည့် မော်ဒယ်အမျိုးအစားဖြစ်ပြီး ဥရောပတွင် (၂)နှစ်ဆက်တိုင် Best Selling Car of The Year နှင့် အိန္ဒိယနိုင်ငံတွင် India Best Selling Car of The Year ကားဆုကိုလည်း ရရှိထားသည်။Creta 2020 ဒီဇိုင်းပိုင်းသည် Hyundai ၏ Fluidic Sculpture 2.0 ကို အခြေခံထားပြီး ထူးခြားသည့်အသွင် အပြင် နှင့် အကောင်းဆုံးမောင်းနှင်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ အရှေ့ဘက်ပိုင်းမှာ ပိုမိုကောင်းမွန်သည့် လေဝင်ပေါက်နဲ့ ဘမ်ပါများ တပ်ဆင်ထားသည့်အပြင် နှင်းခွဲမီးများကိုလည်း ပိုမိုဆန်းသစ်ထားသည်။Hyundai သည် Creta မော်ဒယ်သစ်တွင် Push Start Button, Smart Key, Power Seat, Leather Seat, Tlit & Telescoping Steering Wheel နှင့် Digital Air-Con စနစ်များကို စုံလင်စွာထည့်သွင်းပေးထားသည်။Hyundai Creta 2020 မော်ဒယ်သည် 1.6 CRDi ဒီဇယ်အင်ဂျင်ကို အသုံးပြုထားပြီး အင်ဂျင်ပါဝါ 1,582 စီစီ၊ 6-Speed Auto ဂီယာကို တပ်ဆင်ထားသောကြောင့် စွမ်းဆောင်ရည်နှင့် မောင်းနှင်မှုပိုင်းတွင် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မည်ဖြစ်သည်။အဖြူနှင့်အနက် (၂)ရောင်ရရှိနိုင်မည်ဖြစ်သည့် Hyundai Creta 2020 ကို ကျပ်သိန်း(၄၅၀) ဖြင့် ဝယ်ယူရရှိ နိုင်မည်ဖြစ်ပြီး (၃)နှစ် (သို့မဟုတ်) ကီလိုမီတာ (၁)သိန်း အာမခံပေးထားကာ အရစ်ကျစနစ်အနေဖြင့် ကနဦး (၂၀)ရာခိုင်နှုန်း၊ (၁)နှစ်ကနေ(၅) လစဉ်ပေးသွင်းခြင်းဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here