Unicode version…
အားကစားဆန်ပြီးအရွယ်အစား သေးငယ်တဲ့ Compact ကားအမျိုးအစား ဖြစ်သော Creta ကိုတောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor Company မှထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် Creta ကို မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ Creta ရဲ့ လုပ်ဆောင်မှုစွမ်းရည် နှင့် ဒီဇိုင်းပုံစံဟာဆိုရင် Hyundai ရဲ့ နာမည်ကြီးအမျိုးအစားဖြစ်သော Tuscon နဲ့ အတော်လေးကို တူညီမှုရှိပါတယ်။ Creta ကို ၀ယ်ယူခြင်းဖြင့် ရရှိမယ့် အကျုုိးကျေးဇူးတွေကတော့ စျေးနှုန်းသင့်တင့်မှုရှိခြင်း၊ ပိုကောင်းတဲ့ လုပ်ဆောင်မှုစွမ်းရည်ရှိခြင့် နှင့် လောင်စာဆီစားသက်သာခြင်းတို့ဖြစ်ပါတယ်။ Creta ဟာ အရွယ်အစားသေးငယ်တဲ့အတွက် မြန်မာနိုင်ငံမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။ အကြောင်းအရင်းမှာ ရန်ကုန်မြို့သည် ယာဉ်ကြောပိတ်ဆို့မှု အလွန်များသော မြို့အဖြစ် နာမည်ကြီးတာကြောင့် Creta ဟာ ပါကင်ထိုးရာတွင်လည်း နေရာယူမှုနည်းပါတယ်။ Cretaဟာ လျင်မြန်မှုရှိပြီး သေးငယ်သော compact ကားအမျိုးအစား ဖြစ်သော်လည်း အတွင်းပိုင်းမှာ ကျယ်ကျယ်ဝန်းဝန်း နှင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဒီဇိုင်းထွင်ထားတာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ Creta သည် ပစ္စည်းသယ်ယူရတာလွယ်ကူခြင်း၊ ပါကင်ထိုးရာတွင် လွယ်ကူခြင်း၊ စိတ်ချမ်းသာစွာ မောင်းနှင်နိုင်ခြင်းတို့ ပေးနိုင်သော စိတ်လှုပ်ရှားဖွယ် အပြည့်နှင့် ကားတစ်စီးဖြစ်ပါသည်။
အင်ဂျင်နှင့် စွမ်းဆောင်မှု
အင်ဂျင်နှင့် စွမ်းဆောင်မှု
အင်ဂျင်အမျိုးအစား – 1.6 CRDi
အင်ဂျင်ပါ၀ါ – 1582
အမြင့်ဆုံးစွမ်းရည် – 128ps/ 4,000 rpm
အမြင့်ဆုံးရုံးအား – 27kgm/ 1,900~ 2750rpm
လက်ခံနို်င်သော လောင်စာဆီပမာဏ – 17.2km/ L
Transmission- 6-speed အော်တိုဂီယာ
လောင်စာဆီအမျိုးအစား – Diesel
ဒီဇိုင်း
ပြေပြစ်တဲ့အသွင်အပြင်နဲ့ ကားအမိုးနဲ့ ထုထည်ထူထဲတဲ့ကားဘမ်ပါတွေက ခန့်ညားတဲ့အသွင်အပြင်ကို ပေးစွမ်းပါတယ်။ ဆဌဂံပုံစံ Triple slat ခရုန်းမ်ဘေးဘောင်တွေနဲ့ ပုံစံတူ aircraft တွေက ထူးခြားတဲ့အသွင်အပြင်ကို ပေးစွမ်းရုံတင်မကပဲ အကောင်းမွန်ဆုံးမောင်းနှင်မှုပုံစံကိုပါ ပေးစွမ်းမှာဖြစ်ပါတယ်။ Creta ဟာ Hyundai ရဲ့ Fluidic Sculpture 2.0 ပုံစံကို အခြေခံထားပါတယ်။ Fluidic ပုံစံကို နောက်ပိုင်းထုတ်တဲ့ Fluidic Verna နဲ့ Elantra တို့မှာလည်း အသုံးပြုထုတ်လုပ်ထားပါတယ်။
အပြင်ပိုင်း
Static Bending Light: လမ်းထောင့် (သို့မဟုတ်) လမ်းအကွေ့များ မောင်းနှင်ရာတွင် မြင်နိုင်ရန်ခက်ခဲသော နေရာများကို ရှေ့ဘီးတွေရဲ့ အချိုးအကွေ့အလိုက် မီးအလင်းရောင် ထောက်ပ့ံ ပေးပါတယ်။
Positioning Lamps: အရည်အသွေးမြင့်မားပြီး ထူးခြားကောင်းမွန်သော အဖြူရောင်LED မီးလုံးများကို အချက်ပြမီးအဖြစ်အသုံးပြုထားပါသည်။
Front Skid Plate : Front Skid Plate ဟာကြံ့ခိုင်တဲ့အသွင်အပြင်ရှိပြီး ထိခိုက်မှုဒဏ်မှ ကာကွယ်နိုင်ရန် ထည့်သွင်းပေးထားခြင်းဖြစ်တယ်။
Tinted Glass: ကားရှေ့မှန်၊ဘေးမှန် နှင့် နောက်မှန်တို့ကို နေအလင်းရောင် နှင့် ပြင်ပအပူဒဏ်ကျရောက်မှုမှ သက်သာစေရန် အကာအကွယ်ပေးနိုင်သော မှန်များသာ တပ်ဆင်ထားပါတယ်။
Fog Lamps: အလင်းရောင်ကို အတော်ဝေးဝေးထိထိုးဖောက်နိုင်စေရန် ရှင်းလင်းပြတ်သားသော မီးလုံးများကို အသုံးပြုထားပြီး အောက်ဘက်သို့ နိမ့်နိုင်သမျှ နိမ့်အောင်တပ်ဆင်ထားပါသည်။
Projector Headlamps: ကောင်းမွန်တဲ့ LED Positioning မီးလုံးတွေတပ်ဆင်ထားတဲ့ လုပ်ဆောင်ချက်နှစ်မျိုးပါ Projector ရှေ့မီးသီးကြီးတွေဟာ ကားရဲ့ရှေ့ပိုင်းအသွင်အပြင်ကို ပိုမိုခန့်ညားစေပါတယ်။
Three Slat Chrome Grille: Radiator grille ဟာ Hyundai ရဲ့ ထူးခြားဝင့်ကြွားတဲ့ အသွင်အပြင်ကို ပေါ်လွင်စေပါတယ်။ ဆဌဂံပုံစံနှင့် Three-slat ခရုန်းမ်ပုံစံဟာ Hyundai ရဲ့စွဲမက်စရာကားပုံစံကို ပေါ်လွင်ထင်ရှားစေပါတယ်။
Creta ရဲ့ကြံ့ခိုင်မာကြောသော အသွင်အပြင်ဟာ နှစ်သက်ဖွယ်ဖြစ်ပါတယ်။ အထူးသဖြင့် Creta ရဲ့ ှ့ ဘေးဘက်မှန်ရဲ့ အရှေ့ဘက်အမိုးထောင့်အစွန်းမှ အနောက်ဘက်သို့အသာအယာ နိမ့်ဆင်းသွားပုံမှာ Creta ရဲ့ အဓိက ထူးခြားတဲ့ အချက်တွေထဲက တစ်ချို့ဖြစ်ပါတယ်။
အတွင်းပိုင်း
Supervision Cluster: သာမန်ထက် ထူးခြားတဲ့အသွင်ရှိတဲ့ Creta ရဲ့ ဒိုင်ခွက် ဟာ ဇိမ်ခံကားတစ်စီးရဲ့ ပုံစံကို ပေးစွမ်းပါတယ်။
Oragan-type accelerator pedal: Organ-type လီဗာခြေနင်းကို အသုံးပြုထားသည့်အတွက် ပိုမိုသက်တောင့်သက်သာ ဖြစ်စေသော ခံစားချက်ကို ရရှိစေရန် သေချာစမ်းသပ်ထုတ်လုပ်ထားပါသည်။
AUX, USB and iPod connection: iPod နှင့် အခြားချိတ်ဆက်ချင်သော device များကို လွယ်ကူရိုးရှင်းစွာ ချိတ်ဆက်နိုင်ပါတယ်။
Audio System: iPod နှင့် အခြား USB port ပါသော device များကို ချိတ်ဆက်နိုင်ပါတယ်။ Creta တွင် လူသုံးများသော music players များနှင့် မိုဘိုင်းလ်ဖုန်းများကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Adjustable Front & Rear Headrest: ရှေ့ခန်းနဲ့နောက်ခန်းမှာပါတဲ့ ခန္ဒာကိုယ်အရွယ်အစားမတူညီတဲ့ လိုက်ပါသူတွေကို အဆင်ပြေသက်တောင့်သက်သာဖြစ်မှုကို ပေးစွမ်းပါတယ်။
Fully Automatic Temperature Control (FATC): Fully Automatic Temperature Control (FATC) စနစ်ဟာ ကားအတွင်းသတ်မှတ်ထားတဲ့ အပူချိန်ကို အလိုအလျောက်ထိန်းညှိပေးပါတယ်။
Rear AC Vents: နောက်ခန်းမှာလိုက်ပါတဲ့ခရီးသည်တွေ အဆင်ပြေစေဖို့ Creta မှာ ကားနောက်ခန်းအေးမြနေစေဖို့ ရည်ရွယ်ထားတဲ့ AC Vent တွေကို တပ်ဆင်ပေးထားပါတယ်။
Multi-airbag Protection: လေအိတ် ၆ လုံးပါစနစ်ဟာ Hyundai ရဲ့ လုံခြုံရေးတည်ဆောက်ပုံတွေကို ဖော်ပြနေပါတယ်။ ယာဉ်မောင်းနဲ့ ရှေ့ခန်းခရီးသည်အတွက် လေအိတ် နှစ်လုံး၊ ရှေ့ခန်းဘေးလေအိတ် နှစ်လုံးနဲ့ ဘေးတံခါးမှန် လေအိတ်နှစ်လုံးတို့ဟာ အကောင်းဆုံးလုံခြံုမှုကို ပေးစွမ်းပါတယ်။
Height Adjustable Seat Belt Anchor: အနိမ့်အမြင့်ချိန်ညှိနိုင်တဲ့ ထိုင်ခုံခါးပတ်တွေက ခန္ဒာကိုယ်အရွယ်အစားအမျိုးမျိုးရှိတဲ့ ယာဉ်မောင်းတွေရဲ့ လုံခြံုမှုနဲ့ အဆင်ပြေသက်တောင့်သက်သာရှိမှုတို့ကို ပေးစွမ်းပါတယ်။
Creta မှာ တပ်ဆင်ထားတဲ့ cup holders တွေဟာ လူသုံးများတဲ့ ခွက်အရွယ်အစားအားလုံးနဲ့ ကိုက်ညီအောင် တပ်ဆင်ထားပါတယ်။ overhead sunglass holder, ပစ္စည်းများများထည့်၍ဆန့်သော boxနှင့် အနောက်ဘက်မှာ လိုက်ပါစီးနင်းသူသော ခရီးသည်များအတွက် ထိုင်ခုံအလယ်မှာ ပစ္စည်းထည့်သိမ်းဆည်းနိုင်သော folding rear center console တစ်ခုပါရှိပါတယ်။
လုံခြုံဘေးကင်းမှု
Ultra High tensile strength steel: ရိုးရိုးသားမန် steel မျိုးမဟုတ်ပဲ သာလွန်ကောင်းမွန်၍ ခိုင်ခံ့သော steel ကို ကားကိုယ်ထည်၏ အဓိက ကြ့ံခိုင်မှုလိုအပ်သော အပိုင်းများတွင် အသုံးပြုထားပါသည်။ အကျိုးကျေးဇူးအနေနဲ့ ပိုမိုအကြမ်းခံ၍ ထိခိုက်မှုဒဏ်မှ ကာကွယ်ပေးနိုင်သော ကိုယ်ထည်မျိုးဖြစ်လာပါတယ်။
Multi-airbag protection: Creta မှာ ရှေ့ဘက်မှာထိုင်တဲ့ မောင်းနှင်သူနှင့် ခရီးသည် အတွက် airbag နှစ်လုံး ပါရှိပါတယ်။
Parking guide system: Back ဂီယာထိုးလိုက်သည် နှင့် ကားအနောက်ဘက် ဘမ်ပါတွင် တပ်ဆင်ထားသော sensors များက ပါကင်ထိုးမဲ့ လမ်းကြောင်းပေါ်တွင်ရှိသော မြင်နိုင်ရန်ခက်ခဲတဲ့ အတားအဆီးတွေရှိမရှိ စစ်ဆေးပေးပါတယ်။ ရှိပါကလည်း audible warning ပေးပို့ပေးပါတယ်။
Antilock Braking System with EBD: Electronic Braking Force Distribution (EBD) ပါ၀င်တဲ့ Anti-lock ဘရိတ်စနစ်ဟာ ရုတ်တရက်ဘရိတ်နင်းချိန်မှာ ဘီးကိုတည်ငြိမ်အောင်ထိန်းပေးပြီး ဟန်ချက်ညီအောင်ထိန်းပေးပါတယ်။
အဆင်ပြေလွယ်ကူမှု
Sleek and Premium Split-type Tail Lamps: Split-type ကားနောက်မီးခွက်အုံဟာ ခေတ်မီရိုးရှင်းတဲ့ နောက်ပိုင်းပုံစံကိုပေးစွမ်းပါတယ်။ မြင်ကွင်းကိုပြတ်ပြတ်သားသားမြင်စေနိုင်တဲ့အတွက် နောက်ဘက်က ၀င်တိုက်နိုင်မှုကိုပါ လျှော့ချပေးနိုင်ပါတယ်။
Front and Rear Skid Plates: အားကစားဆန်ပြီး ငွေရောင်အဆင်းရှိတဲ့ Skid plate တွေအကြမ်းခံပြီး အားကစားဆန်တဲ့ ကားအသွင်အပြင်ကို ပေးစွမ်းပါတယ်။
Alloy Wheels: ဘီးအမျိုးအစားအစုံက လိုချင်တဲ့မောင်းနှင်မှုပုံစံကို ပေးစွမ်းပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ R16 ငွေရောင်အလွိုင်းဘီးနဲ့ ခပ်ကျယ်ကျယ် R17 Diamond cut အလွိုင်းဘီးတွေက Creta ရဲ့ တည်ငြိမ်ပြီး အားကစားဆန်တဲ့ အသွင်အပြင်ကို လုံးဝပေါ်လွင်စေပါတယ်။
ရရှိနိုင်သည့် ကားအရောင်များ
ရရှိနိုင်တဲ့ ကားအရောင်တွေကတော့ Polar White, Sleek Silver, Star Dust, Mystic Blue, Phantom Black နဲ့ Red Passion ဆိုပြီး ခြောက်ရောင်ရရှိနိုင်ပါတယ်။
Hyundai Myanmar Showroom မှာ ရောင်းချတဲ့ Creta ရဲ့ တရားဝင်စျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၃၄,၃၀၀ ဖြစ်ပြီး ၃နှစ် (သို့မဟုတ်) ကီလို ၁ သိန်း အာမခံပေးထားပါတယ်။ ၀ယ်ယူလိုသူများအတွက် သတင်းကောင်းပါးချင်တာကတော့ Hyundai Showroom မှာ Thadingyut Promotion ပေးအပ်နေပါတယ်။ Promotion ကာလမှာ Creta Brand New car တစ်စီးကို ၃နှစ်အရစ်ကျ ပေးချေဝယ်ယူနိုင်ပြီး ကနဦး ပေးသွင်းငွေ ၂၀%အဖြစ် အမေရိကန်ဒေါ်လာ ၆,၈၆၀ နှင့် ညီမျှသော မြန်မာငွေကို ပေးသွင်းရုံဖြင့် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ လစဉ်ကြေးအနေဖြင့် အမေရိကန်ဒေါ်လာ ရ၆၂ နှင့် ညီမျှသော မြန်မာငွေကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ Hyundai Brand New ကားတစ်စီး ကို သက်သာသော စျေးနှုန်း ဖြင့်ရရှိနိုင်သော ဒီလိုထူခြားတဲ့အခွင့်အရေးကို လက်မလွှတ်ဖို့ အကြံပေးချင်ပါတယ်။ စိတ်ပါ၀င်စားသော customer များအနေဖြင့် Hyundai ၏ မြန်မာနိုင်ငံတွင်းတရားဝင် တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သည့် Hyundai Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁- ၅၂၂၇၂၃၊ ၀၉-၄၂၁၀၀၂၀၅၂ နှင့် Service Center ဖုန်းနံပါတ် ၀၁- ၅၂၂၇၂၄ကို ဖြစ်စေ၊ အမှတ် (3-F) ၊ မြို့မဥယျာဉ်လမ်းနှင့် ရ၄လမ်းထောင့်၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး စက်မှု နှင့်ကုန်သွယ်ရေးစင်တာ (MITC) ၊ မန္တလေးမြို့။ဖုန်း ၀၉၂၅၃၁၅၁၉၇၀၊ Service Center ဖုန်းနံပါတ် ၀၉ ၉၇၁ ၃၄၇ ၀၀၁၊ ၀၉၄၂၁ ၈၈၈ ၂၂၀ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။
Zawgyi version…
အင်ဂျင်ပါဝါ – 1582
လက်ခံနိုင်သော လောင်စာဆီပမာဏ – 17.2km/ L
ဒီဇိုင်း
အပြင်ပိုင်း
Static Bending Light: လမ်းထောင့် (သို့မဟုတ်) လမ်းအကွေ့များ မောင်းနှင်ရာတွင် မြင်နိုင်ရန်ခက်ခဲသော နေရာများကို ရှေ့ဘီးတွေရဲ့ အချိုးအကွေ့အလိုက် မီးအလင်းရောင် ထောက်ပံ့ ပေးပါတယ်။
အတွင်းပိုင်း
Height Adjustable Seat Belt Anchor: အနိမ့်အမြင့်ချိန်ညှိနိုင်တဲ့ ထိုင်ခုံခါးပတ်တွေက ခန္ဒာကိုယ်အရွယ်အစားအမျိုးမျိုးရှိတဲ့ ယာဉ်မောင်းတွေရဲ့ လုံခြုံမှုနဲ့ အဆင်ပြေသက်တောင့်သက်သာရှိမှုတို့ကို ပေးစွမ်းပါတယ်။
လုံခြုံဘေးကင်းမှု
အဆင်ပြေလွယ်ကူမှု