Hyundai သည် EVs ကားအသစ် (၁၀)မျိုးအား လာမည့် 2022 အတွင်း တိုးချဲ့ ထုတ်လုပ်မည်ဟု ကြေငြာလိုက်သည်။ New Model Lineup တွင် Hyundai ၏ Sub-Brand ဖြစ်သည့် Ioniq ၏ Model အသစ် (၂)မျိုးပါဝင်မည်ဖြစ်သည်။ 2020 နှစ်အစတွင် Hyundai သည် EV Ioniq Brand ကို စတင်မိတ်ဆက်ခဲ့ကာ Ioniq 5 ၊ Ioniq 6 ၊ Ioniq 7 တို့အား 2021 တွင် ရောင်းချပါမည်။ (မ)ဂဏန်းများသည် Crossover များဖြစ်ပြီး (စုံ) ဂဏန်းများသည် Sedan များဖြစ်ပါမည်။ 2021 အတွင်း ပထမဆုံး ထွက်ရှိလာမည့် Ioniq Model သည် ( Ioniq 5 ) ဖြစ်ပြီး အဆိုပါ Crossover Model အား ( Hyundai 4S Concept ) ကို အခြေခံ ထုတ်လုပ်မည် ဖြစ်သည်။ Ioniq 6 Model သည် စမ်းသပ်စစ်ဆေးသည့် အဆင့်ရောက်ရှိနေပြီး ၎င်းအား Prophecy Concept ထံမှ ခွဲဝေရယူထားခြင်းဖြစ်ကာ Sedan ( သို့ ) 4-Door Coupe အနေဖြင့် ထုတ်လုပ် ပါမည်။ Hyundai အတွက် New Lineup Model များအနေဖြင့် – Tucson နှင့် Santa Fe တို့အား ( Plug-in Hybrid Version ) များအဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ PHEV Model အသစ်များအား 2022 လောက်မှသာ ရောင်းချနိုင်မည်ဟု Hyundai မှ ဆိုပါသည်။ Hyundai အနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အနာဂတ်တွင် Crossover နှင့် SUV များတိုးချဲ့ ထုတ်လုပ်ရန် အစီအစဉ်များ ချမှတ်ထားပါသည်။ ထို့အတူ 2021 Model Year အတွက် All New Santa Cruz Crossover Pickup ကိုလည်း Hyundai မှ ပွဲထုတ်မည်ဖြစ်ပြီး ၎င်းနှင့်အတူ Ioniq 5 Crossover ကိုလည်း ပထမဆုံး EVs အနေဖြင့် မိတ်ဆက်မည်။ ပုံမှန် Version ဖြစ်သည့် Redesigned Tucson Model အား 2021 တွင် ရောင်းချမည်ဖြစ်ပြီး U.S.A အတွက် ကားများအား အယ်လ်ဘားမားပြည်နယ်ရှိ Hyundai စက်ရုံမှ ထုတ်လုပ်မည်ဖြစ်သည်။