Unicode version…
အိန္ဒိယနိုင်ငံတွင် တစ်နှစ်တာအရောင်းရဆုံးကားဆုကိုရရှိခဲ့သော 2018 Hyundai Grand i10 saloon ကားသစ်မိတ်ဆက်ပွဲကို ပြီးခဲသည့်ဇန်နဝါရီလ ၃၀ ရက်နေ့က Hyundai Showroom တွင်ကျင်း ပသွားခဲ့သည်။ယခင်က Hyundai Grand i10 hatchback ကားကို တင်သွင်းရောင်းချပေးခဲ့ပြီး ယခု Saloon Type ပုံစံကားသစ်ကို အင်ဂျင်ပါဝါ 1248 CC နှင့်ထုတ်ထားပြီး အင်ဂျင်အမျိုးအစားမှာ Kappa(Gasoline) ဖြစ်ပြီး မြင်းကောင်ရေ 87 ထွက်ရှိမည်ဟုသိရသည်။ Gear အနေဖြင့် 4 speed automatic ကိုသုံးထားသည့်အပြင် Auto Manual ၂ မျိုးမောင်းနိုင်အောင်ပြုလုပ်ပေးထားသည်။ လက်ရှိတွင် Hyundai Grand i10 2018 saloon ကို Standard Grade နှင့် Luxury Grade ဟူ၍ ၂ မျိုးရွေးချယ်နိုင်ပြီး Standard Grade မှာ USD 19700 နှင့် Luxury Grade မှာ USD 20800 ဖြစ်သည်။ Luxury Grade တွင် Push start ၊ Air bag ၂ လုံး၊ MP 3 CD Player အပြင် USB,Bluetooth တို့နှင့်ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်သည့် features များပါဝင်ပါသည်။ Grade ခွဲ ၂ မျိုးလုံးကို Alloy wheel 14 လက်မများနှင့်ထုတ်ထားပြီး Back Camera , Soner 4 လုံးပါဝင်မည်ဖြစ်ကာ Electronic Chromic Mirror ကိုလည်းထည့်သွင်းထားသည်။ မြို့တွင်းသုံးအဖြစ်အဓိကထုတ်ထားသည့်ကားဖြစ်ပြီး ဆီတစ်ဂါလံကို ပျှမ်းမျှ ရ၅ ကီလိုမောင်းနှင်၍ရကြောင်း သိရသည်။ Hyundai Grand i10 2018 saloon သည် Parking ထိုးရလွယ်ကူခြင်း၊ ပစ္စည်းထည့်သည့်နေရာ Back Trunk ကကျယ်ဝန်းခြင်းတို့ကြောင့် မိသားစုသုံးအဖြစ်အဆင်ပြေစေနိုင်ပါသည်။ Hyundai Grand i10 2018 saloon ကိုကားအရောင် ၁၀ ရောင်ရွေးချယ်နိုင်ပြီး 3 Years (or) 100000 km အာမခံရရှိမည့်အပြင် ၂၀ ရာခိုင်နှုန်း Down Payment ပေးချေပြီး ကျန်ငွေကို တစ်နှစ်မှ သုံးနှစ်အထိ လစဉ်အရစ်ကျပေးချေမှုပုံစံဖြင့် ဝယ်ယူနိုင်ပါသည်။လက်ရှိတွင် Hyundai Showroom မှ Grand i10,Accent,Elantra,Sonata, Tucson, SantaFe,Creta တို့အပြင် Mini Bus အမျိုးအစား ၁၂ ယောက်စီး H-1 ၊ လုပ်ငန်းသုံးယာဉ်အမျိုးအစား H-100 တို့ကိုတင်သွင်းရောင်းချပေးလျက်ရှိသည်။
Zawgyi version…
အိႏၵိယႏုိင္ငံတြင္ တစ္ႏွစ္တာအေရာင္းရဆုံးကားဆုကုိရရွိခဲ့ေသာ 2018 Hyundai Grand i10 saloon ကားသစ္မိတ္ဆက္ပြဲကုိ ျပီးခဲသည့္ဇန္နဝါရီလ ၃၀ ရက္ေန႕က Hyundai Showroom တြင္က်င္း ပသြားခဲ့သည္။ယခင္က Hyundai Grand i10 hatchback ကားကုိ တင္သြင္းေရာင္းခ်ေပးခဲ့ျပီး ယခု Saloon Type ပုံစံကားသစ္ကုိ အင္ဂ်င္ပါဝါ 1248 CC ႏွင့္ထုတ္ထားျပီး အင္ဂ်င္အမ်ိဳးအစားမွာ Kappa(Gasoline) ျဖစ္ျပီး ျမင္းေကာင္ေရ 87 ထြက္ရွိမည္ဟုသိရသည္။ Gear အေနျဖင့္ 4 speed automatic ကုိသုံးထားသည့္အျပင္ Auto Manual ၂ မ်ိဳးေမာင္းႏုိင္ေအာင္ျပဳလုပ္ေပးထားသည္။ လက္ရွိတြင္ Hyundai Grand i10 2018 saloon ကုိ Standard Grade ႏွင့္ Luxury Grade ဟူ၍ ၂ မ်ိဳးေရြးခ်ယ္ႏုိင္ျပီး Standard Grade မွာ USD 19700 ႏွင့္ Luxury Grade မွာ USD 20800 ျဖစ္သည္။ Luxury Grade တြင္ Push start ၊ Air bag ၂ လုံး၊ MP 3 CD Player အျပင္ USB,Bluetooth တုိ႕ႏွင့္ခ်ိတ္ဆက္ျပီး သီခ်င္းနားေထာင္ႏုိင္သည့္ features မ်ားပါဝင္ပါသည္။ Grade ခဲြ ၂ မ်ိဳးလုံးကုိ Alloy wheel 14 လက္မမ်ားႏွင့္ထုတ္ထားျပီး Back Camera , Soner 4 လုံးပါဝင္မည္ျဖစ္ကာ Electronic Chromic Mirror ကုိလည္းထည့္သြင္းထားသည္။ ျမိဳ႕တြင္းသုံးအျဖစ္အဓိကထုတ္ထားသည့္ကားျဖစ္ျပီး ဆီတစ္ဂါလံကုိ ပွ်မ္းမွ် ၇၅ ကီလုိေမာင္းႏွင္၍ရေၾကာင္း သိရသည္။ Hyundai Grand i10 2018 saloon သည္ Parking ထုိးရလြယ္ကူျခင္း၊ ပစၥည္းထည့္သည့္ေနရာ Back Trunk ကက်ယ္ဝန္းျခင္းတုိ႕ေၾကာင့္ မိသားစုသုံးအျဖစ္အဆင္ေျပေစႏုိင္ပါသည္။ Hyundai Grand i10 2018 saloon ကုိကားအေရာင္ ၁၀ ေရာင္ေရြးခ်ယ္ႏုိင္ျပီး 3 Years (or) 100000 km အာမခံရရွိမည့္အျပင္ ၂၀ ရာခုိင္ႏွဳန္း Down Payment ေပးေခ်ျပီး က်န္ေငြကုိ တစ္ႏွစ္မွ သုံးႏွစ္အထိ လစဥ္အရစ္က်ေပးေခ်မွဳပုံစံျဖင့္ ဝယ္ယူႏုိင္ပါသည္။လက္ရွိတြင္ Hyundai Showroom မွ Grand i10,Accent,Elantra,Sonata, Tucson, SantaFe,Creta တုိ႔အျပင္ Mini Bus အမ်ိဳးအစား ၁၂ ေယာက္စီး H-1 ၊ လုပ္ငန္းသုံးယာဥ္အမ်ိဳးအစား H-100 တုိ႕ကုိတင္သြင္းေရာင္းခ်ေပးလ်က္ရွိသည္။