Unicode Version…
ကားတွေများပြီးရင်းများပြားလာတဲ့ အခုလိုရန်ကုန်မြို့ရဲ့လမ်းတွေမှာ ဆီစားလည်းသက်သာ၊ ဝင်ရထွက်ရပါကင်ထိုးရ လွယ်တဲ့ City Car, Small Family Car တွေရဲ့အခန်းကဏ္ဍက အလွန်ပဲအရေးပါလာပါတယ်။ ဒီတော့ Drive ရဲ့ Test Drive ကဏ္ဍမှာရွေးချယ်ဖော်ပြပေးချင်တာကတော့ အထက်ကဆိုခဲ့တဲ့အချက်တွေနဲ့ ကိုက်ညီပြီး အဖိုးနည်းဝန်ပါဖြစ် စေမယ့် ကားလေးတစ်စီးဖြစ်တဲ့ 2018 Hyundai Grand i10 Saloon အကြောင်းပဲဖြစ်ပါတယ်။ အရင်က Drive ရဲ့ Test Drive ကဏ္ဍမှာ Grand i10 Hatchback လေးကိုဖော်ပြခဲ့ဖူးပေမယ့် ဒီတစ်ခါဖော်ပြပေးမယ့် Grand i10 ကပိုပြီး စမတ် ကျစေမယ့် စလွန်းဖြစ်ပါတယ်။ ပထမဆုံး Grand i10 ရဲ့ဖြစ်တည်မှုလေးကို တစ်ချက်လောက်ကြည့်ရအောင်ပါနော်။ Grand i10 ကို ၂၀၀၇ ခုနှစ်ကတည်းက ကိုရီးယား City Car တစ်စီးအဖြစ် Hyundai ကစတင်မွေးထုတ်ပေး လိုက် တာဖြစ်ပြီး တံခါး ၅ ပေါက် Hatchback Body စတိုင်ပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် မျိုးဆက် ၂ ဆက် တိုင် ခဲ့ပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ Saloon Body နဲ့ပါထုတ်လုပ်မှုရှိလာပြီး Xcent လို့လည်းခေါ်ကြပါတယ်။ သူက အိန္ဒိယ ဈေးကွက်မှာအထူးအောင်မြင်ခဲ့ပြီး အိန္ဒိယမှာ တစ်နှစ်တာအရောင်းရဆုံးကားဆုကိုရရှိခဲ့သလို အခြားဆုတွေကိုလည်း ပိုင် ဆိုင်နိုင်ခဲ့ပါတယ်။ အခုလည်း ဒီကားလေးအကြောင်းကို Drive ရဲ့ဝိုင်းတော်သားတွေက ပရိသတ်ကြီးကို တင်ပြပေး သွားမှာဖြစ်ပါတယ်။
အပြင်ဘက်
ပထမဆုံးဒီကားလေးကို စတင်သတိထားမိသွားတာက ရှေ့ရှဲဒီဇိုင်းပဲဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာတည်ရှိတဲ့ Hyundai ဥရောပဒီဇိုင်းစင်တာမှာ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး Hyundai ရဲ့ Fluidic Design Theme ကိုအသုံးပြုပုံဖော်ခဲ့တာဖြစ်ပါတယ်။ ဒါက အရင်ဒီဇိုင်းဟောင်းကတည်းကပါ။ အခုချိန်မှာတော့ ပိုမိုဆန်းသစ်တဲ့ ပုံစံဖြစ်တဲ့ ရေတံခွန်ပုံစံရှဲတွေကို လှပတဲ့ ငွေရောင် Chrome တွေက ပတ်ပတ်လည်းဝန်းရံထားတဲ့ဒီဇိုင်းဖြစ်သွားပါတယ်။ ရှေ့မီးကြီးဒီဇိုင်း၊Fog Lamp မီးဒီဇိုင်းတွေ ကလည်း တော်တော်လေးကိုအသက်ဝင်လှသလို ဘော်ဒီအချိုးအဆစ်တွေကလည်း ကျစ်ကျစ်လျစ်လျစ်ရှိပါတယ်။ ရှေ့ Fog Lamp အောက်နားက လေခွင်းပေါက်ကလည်း လေစီးဆင်းမှုကောင်းအောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် ဒီကားကို ဘေးဘက်မှာ အနက်ရောင်နဲ့ပုံဖော်တန်ဆာဆင်ထားတာကိုထူးခြားစွာတွေ့ရပြီးတော့ ဘီးတွေကလည်း 14 လက်မ Alloy ကိုပဲသုံးထားပါတယ်။ နောက်ဘက်ဒီဇိုင်းကလည်း ဆလွန်းတွေမှာပါလေ့ရှိတဲ့ ဘော်ဒီထဲထိရောက်နေတဲ့ ပေါင်းစပ်မီးတွေပြီးတော့ အောက်ဘက်မှာ ရောင်ပြန်မီးတွေနဲ့အတူ လှပတဲ့ ဘန်ဘာတန်းနဲ့ပုံဖော်ထားပါတယ်။နောက် Sonar တွေပါဝင်လာသလို Back Trunk က 407 L ရှိမှာဖြစ်ပြီး ပစ္စည်းလည်း အတော်အသင့်ဝင်ဆံ့နိုင်ပါတယ်။
အတွင်းခန်း
City Car တစ်စီးရဲ့အသွင်အပြင်ဖြစ်လို့ အတွင်းခန်းကတော့ သေးသေးနဲ့ ရိုးရှင်းမှုကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ စတီယာရင်ပုံစံဒီဇိုင်းက လည်သာကြိုးချုပ်ဖြစ်ပြီး စတီယာရင်မှာ Audio , Phone နဲ့ Bluetooth ချိတ်ဆက်၊ထိန်းချုပ်မှု တွေပြုလုပ်နိုင်ဖို့ရာ Button တွေပါဝင်မှာဖြစ်ပါတယ်။ Push Start စနစ်ဖြစ်သလို Keyless Entry ပါ။ ဒတ်ရှ်ဘုတ်မှာတော့ MP 3 CD Player အပြင် USB,Bluetooth တို့နဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်တဲ့ features တွေကိုထိန်းချုပ်ဖို့ Touch Screen လေးတစ်ခုပါရှိမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Electronic Chromic Mirror (အလင်းစူးရှမှု လျှော့ပေးပြီး ကြည်လင်ပြတ်သားတဲ့ ဘက်မှန်) ပါတယ်။ အဲဒီ နောက်ကြည့်မှန်ပေါ်မှာပဲ ဘက်ကြည့်ကင်မရာကိုတပ်ဆင် ပေးထား မှာဖြစ်ပါတယ်။ ဒတ်ရှ်ဘုတ်နဲ့ တံခါးဘောင်တွေကတော့ ရိုးရိုးပလပ်စတစ်သားနဲ့ပဲလုပ်ထားတယ်။ ရှေ့မှာ ဖုန်းနဲ့ပိုက်ဆံ အိတ်တွေထည့်ဖို့ ခွက်ပါတယ်။နောက်ပြီးတော့ ထိုင်ခုံတွေက လည်သာတွေပါပဲ။ Seat Motor တော့ မပါဘူး။ နောက် ဘက်ခုံတန်းမှာ လက်တင်ခုံနဲ့ခွက်ထည့်စရာနေရာတွေပါပါတယ်။ ၃ ယောက်ခုံတန်းဖြစ်ပြီး ရှေ့ခုံတွေလောက်တော့ ကျယ် ကျယ်ဝန်းဝန်းမရှိလှပါဘူး။
အင်ဂျင်နဲ့စွမ်းဆောင်ရည်
Hyundai Grand i10 Saloon မှာ Kappa 1.25L Gasoline Engine ကိုသုံးထားပြီး မြင်းကောင်ရေ 85 ကောင်အားထွက်ရှိမှာဖြစ်သလို အော်တိုဂီယာ ၄ ချက်နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးက City Car တစ်စီး အသွင်ထုတ်ထားလို့ နံပါတ်တစ်ဦးစားပေးက ဆီစားချိုတာပါနော်။ ဆီတစ်ဂါလံကို ပျှမ်းမျှ ၇၅ ကီလိုမောင်း လို့ရတယ်ဆိုတော့ မြို့တွင်းသွားလာမှုတွေအတွက် အံကိုက်ပါပဲ။ အမြင့်ဆုံးအရှိန်နဲ့မောင်းနှင်နိုင်မှုက ၁နာရီကို ကီလို မီတာ ၁၇၅ ဖြစ်ပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုက ကီလို ၁၀၀ ကို ၁၃.၈ စက္ကန့်ကြာမှာပါ။
လုံခြုံရေး
City Car ဆိုတော့ လုံခြုံရေးစနစ်က အများကြီးတော့ မျှော်လင့်ထားလို့မရပါဘူး။ လေအိတ် ၂ လုံးပါမယ်။ ABS စနစ်ပါပြီး ဘော်ဒီကို မာကျောတဲ့ စတီးတွေပေါင်းစပ်တည်ဆောက်ပေးထားတာဖြစ်ပါတယ်။
စမ်းသပ်မောင်းနှင်ခြင်း
ဒီကားက 1.25 L ဆိုပေမယ့် ပါဝါထွက်ရှိမှုက 1.4 L တွေလောက်နီးနီးဆိုတော့ နင်းရတာမဆိုးဘူး။ ဒါပေမယ့် ရုတ်ချည်း ထထွက်တာတွေမှာတော့ လိုအပ်ချက်ရှိတယ်။ စတီယာရင်က ကိုင်တွယ်ရမဆိုးဘူး။ ကားက သေးတော့လည်း ဘေး ဘက်တွေကြည့်ရတာ လွယ်တယ်။ပြီးတော့ အလျားက 3995 mm ဆိုတော့ တိုးရပြုရလွယ်တယ်။ Safety က ABS လောက်ပဲပါပေမယ့် ဘရိတ်စနစ်ကမဆိုးဘူး။ စီးရတာသိပ်ပြီး မငြိမ့်ပေမယ့် Hatchback တွေထက်တော့သာတယ်။ ခြုံ ပြောရရင် City Car တစ်စီးအတွက် လုံလောက်တဲ့ Driving Feeling ကိုရတယ်လို့ဆိုရမှာဖြစ်ပါတယ်။
ဈေးနှုန်းနဲ့သုံးသပ်ချက်
ပထမဆုံးဒီကားက Budget ဘက်ကိုသွားတဲ့ မြို့တွင်းစီးဆိုတော့ စွမ်းဆောင်ရည်တွေ၊ များပြားလှတဲ့ Features တွေရ မှာတော့ မဟုတ်ပါဘူး။ ဘီးဆိုက်က ၁၄ လက်မဆိုတော့ ကားက အရမ်းကို ဝပ်ဆင်းသွားပြီး Saloon ဖြစ်ပေမယ့် မကြွားဘူးလို့ ထင်ရတယ်။။ပြီးတော့ နောက်ခုံတန်းရဲ့ အလယ်မှာ လူကြီးတစ်ယောက်အဆင်ပြေပြေထိုင်ဖို့မလွယ်ကူဘူး။ နောက် Day Lamp မပါတာတွေလောက်ပဲ ပြောစရှိပါတယ်။ ဒါပေမဲ့ မြို့တွင်းပဲအသုံးများပြီး အခုလို ဆီဈေးတွေ တက်နေချိန်မှာ ဆီစားသက်သာမယ်၊ ကားတိုးရ၊ရှောင်ရလွယ်မယ်။ အမျိုးသမီးတွေပါ အဆင်ပြေပြေမောင်းနိုင်ဖို့ဆိုရင် Hyundai Grand i10 Saloon လေးက အဖိုးနည်းဝန်ပါဆိုသလို ဖြစ်နေဦးမှာပါ။ တန်ကြေးကတော့ အခုမောင်းနှင်မှုလုပ်တဲ့ ကားက အမြင့်ဆုံး Luxury Grade ဖြစ်ပြီး USD 20800 ကျသင့်မှာဖြစ်ပါတယ်။



Specification…
Engine – Kappa 1.25 MPi
Displacement(CC) – 1248
Transmissions – 4 Speed Auto
Maximum Power (HP/rpm) – 85/ 6,000
Maximum Torque (Nm/rpm) – 119/ 4,000
Wheelbase (mm) – 2,425
Maximum Speed (km/h) – 175
Acceleration (0 to 100kph/sec) – 13.8
Zawgyi Version…
ျမိဳ႕တြင္းသြားလာမွဳေတြအတြက္ အေကာင္းဆုံးကားတစ္စီး သုိ႔မဟုတ္ Hyundai Grand i10 Saloon
ကားေတြမ်ားျပီးရင္းမ်ားျပားလာတဲ့ အခုလုိရန္ကုန္ျမိဳ႕ရဲ႕လမ္းေတြမွာ ဆီစားလည္းသက္သာ၊ ဝင္ရထြက္ရပါကင္ထုိးရ လြယ္တဲ့ City Car, Small Family Car ေတြရဲ႕အခန္းက႑က အလြန္ပဲအေရးပါလာပါတယ္။ ဒီေတာ့ Drive ရဲ႕ Test Drive က႑မွာေရြးခ်ယ္ေဖာ္ျပေပးခ်င္တာကေတာ့ အထက္ကဆုိခဲ့တဲ့အခ်က္ေတြနဲ႔ ကုိက္ညီျပီး အဖုိးနည္းဝန္ပါျဖစ္ ေစမယ့္ ကားေလးတစ္စီးျဖစ္တဲ့ 2018 Hyundai Grand i10 Saloon အေၾကာင္းပဲျဖစ္ပါတယ္။ အရင္က Drive ရဲ႕ Test Drive က႑မွာ Grand i10 Hatchback ေလးကုိေဖာ္ျပခဲ့ဖူးေပမယ့္ ဒီတစ္ခါေဖာ္ျပေပးမယ့္ Grand i10 ကပုိျပီး စမတ္ က်ေစမယ့္ စလြန္းျဖစ္ပါတယ္။ ပထမဆုံး Grand i10 ရဲ႕ျဖစ္တည္မွဳေလးကုိ တစ္ခ်က္ေလာက္ၾကည့္ရေအာင္ပါေနာ္။ Grand i10 ကုိ ၂၀၀၇ ခုႏွစ္ကတည္းက ကုိရီးယား City Car တစ္စီးအျဖစ္ Hyundai ကစတင္ေမြးထုတ္ေပး လုိက္ တာျဖစ္ျပီး တံခါး ၅ ေပါက္ Hatchback Body စတုိင္ပဲထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ မ်ိဳးဆက္ ၂ ဆက္ တုိင္ ခဲ့ျပီျဖစ္ျပီး ၂၀၁၄ ခုႏွစ္မွာေတာ့ Saloon Body နဲ႔ပါထုတ္လုပ္မွဳရွိလာျပီး Xcent လုိ႔လည္းေခၚၾကပါတယ္။ သူက အိႏၵိယ ေစ်းကြက္မွာအထူးေအာင္ျမင္ခဲ့ျပီး အိႏၵိယမွာ တစ္ႏွစ္တာအေရာင္းရဆုံးကားဆုကုိရရွိခဲ့သလုိ အျခားဆုေတြကုိလည္း ပုိင္ ဆုိင္ႏိုင္ခဲ့ပါတယ္။ အခုလည္း ဒီကားေလးအေၾကာင္းကုိ Drive ရဲ႕ဝုိင္းေတာ္သားေတြက ပရိသတ္ၾကီးကုိ တင္ျပေပး သြားမွာျဖစ္ပါတယ္။
အျပင္ဘက္
ပထမဆုံးဒီကားေလးကုိ စတင္သတိထားမိသြားတာက ေရွ႕ရွဲဒီဇုိင္းပဲျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံမွာတည္ရွိတဲ့ Hyundai ဥေရာပဒီဇိုင္းစင္တာမွာ ဒီဇိုင္းထုတ္ခဲ့တာျဖစ္ၿပီး Hyundai ရဲ့ Fluidic Design Theme ကိုအသံုးျပဳပံုေဖာ္ခဲ့တာျဖစ္ပါတယ္။ ဒါက အရင္ဒီဇုိင္းေဟာင္းကတည္းကပါ။ အခုခ်ိန္မွာေတာ့ ပုိမုိဆန္းသစ္တဲ့ ပုံစံျဖစ္တဲ့ ေရတံခြန္ပုံစံရွဲေတြကုိ လွပတဲ့ ေငြေရာင္ Chrome ေတြက ပတ္ပတ္လည္းဝန္းရံထားတဲ့ဒီဇုိင္းျဖစ္သြားပါတယ္။ ေရွ႕မီးၾကီးဒီဇုိင္း၊Fog Lamp မီးဒီဇုိင္းေတြ ကလည္း ေတာ္ေတာ္ေလးကုိအသက္ဝင္လွသလုိ ေဘာ္ဒီအခ်ိဳးအဆစ္ေတြကလည္း က်စ္က်စ္လ်စ္လ်စ္ရွိပါတယ္။ ေရွ႕ Fog Lamp ေအာက္နားက ေလခြင္းေပါက္ကလည္း ေလစီးဆင္းမွဳေကာင္းေအာင္ျပဳလုပ္ေပးထားပါတယ္။ ဒါ့အျပင္ ဒီကားကုိ ေဘးဘက္မွာ အနက္ေရာင္နဲ႕ပုံေဖာ္တန္ဆာဆင္ထားတာကုိထူးျခားစြာေတြ႔ရျပီးေတာ့ ဘီးေတြကလည္း 14 လက္မ Alloy ကုိပဲသုံးထားပါတယ္။ ေနာက္ဘက္ဒီဇုိင္းကလည္း ဆလြန္းေတြမွာပါေလ့ရွိတဲ့ ေဘာ္ဒီထဲထိေရာက္ေနတဲ့ ေပါင္းစပ္မီးေတြျပီးေတာ့ ေအာက္ဘက္မွာ ေရာင္ျပန္မီးေတြနဲ႕အတူ လွပတဲ့ ဘန္ဘာတန္္းနဲ႕ပုံေဖာ္ထားပါတယ္။ေနာက္ Sonar ေတြပါဝင္လာသလုိ Back Trunk က 407 L ရွိမွာျဖစ္ျပီး ပစၥည္းလည္း အေတာ္အသင့္ဝင္ဆံ့ႏိုင္ပါတယ္။
အတြင္းခန္း
City Car တစ္စီးရဲ႕အသြင္အျပင္ျဖစ္လုိ႔ အတြင္းခန္းကေတာ့ ေသးေသးနဲ႔ ရုိးရွင္းမွဳကုိ ျမင္ေတြ႔ခံစားရမွာျဖစ္ပါတယ္။ စတီယာရင္ပုံစံဒီဇုိင္းက လည္သာၾကိဳးခ်ဳပ္ျဖစ္ျပီး စတီယာရင္မွာ Audio , Phone နဲ႕ Bluetooth ခ်ိတ္ဆက္၊ထိန္းခ်ဳပ္မွဳ ေတြျပဳလုပ္ႏိုင္ဖုိ႔ရာ Button ေတြပါဝင္မွာျဖစ္ပါတယ္။ Push Start စနစ္ျဖစ္သလုိ Keyless Entry ပါ။ ဒတ္ရွ္ဘုတ္မွာေတာ့ MP 3 CD Player အျပင္ USB,Bluetooth တုိ႕နဲ႔ ခ်ိတ္ဆက္ျပီး သီခ်င္းနားေထာင္ႏုိင္တဲ့ features ေတြကုိထိန္းခ်ဳပ္ဖုိ႔ Touch Screen ေလးတစ္ခုပါရွိမွာျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ Electronic Chromic Mirror (အလင္းစူးရွမွဳ ေလွ်ာ့ေပးျပီး ၾကည္လင္ျပတ္သားတဲ့ ဘက္မွန္) ပါတယ္။ အဲဒီ ေနာက္ၾကည့္မွန္ေပၚမွာပဲ ဘက္ၾကည့္ကင္မရာကုိတပ္ဆင္ ေပးထား မွာျဖစ္ပါတယ္။ ဒတ္ရွ္ဘုတ္နဲ႔ တံခါးေဘာင္ေတြကေတာ့ ရုိးရုိးပလပ္စတစ္သားနဲ႔ပဲလုပ္ထားတယ္။ ေရွ႔မွာ ဖုန္းနဲ႕ပုိက္ဆံ အိတ္ေတြထည့္ဖုိ႔ ခြက္ပါတယ္။ေနာက္ျပီးေတာ့ ထုိင္ခုံေတြက လည္သာေတြပါပဲ။ Seat Motor ေတာ့ မပါဘူး။ ေနာက္ ဘက္ခုံတန္းမွာ လက္တင္ခုံနဲ႔ခြက္ထည့္စရာေနရာေတြပါပါတယ္။ ၃ ေယာက္ခုံတန္းျဖစ္ျပီး ေရွ႕ခုံေတြေလာက္ေတာ့ က်ယ္ က်ယ္ဝန္းဝန္းမရွိလွပါဘူး။
အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္
Hyundai Grand i10 Saloon မွာ Kappa 1.25L Gasoline Engine ကုိသုံးထားျပီး ျမင္းေကာင္ေရ 85 ေကာင္အားထြက္ရွိမွာျဖစ္သလုိ ေအာ္တုိဂီယာ ၄ ခ်က္နဲ႔ရရွိႏုိင္မွာျဖစ္ပါတယ္။ ဒီကားေလးက City Car တစ္စီး အသြင္ထုတ္ထားလုိ႔ နံပါတ္တစ္ဦးစားေပးက ဆီစားခ်ိဳတာပါေနာ္။ ဆီတစ္ဂါလံကုိ ပွ်မ္းမွ် ၇၅ ကီလုိေမာင္း လုိ႔ရတယ္ဆုိေတာ့ ျမိဳ႕တြင္းသြားလာမွဳေတြအတြက္ အံကုိက္ပါပဲ။ အျမင့္ဆုံးအရွိန္နဲ႔ေမာင္းႏွင္ႏိုင္မွဳက ၁နာရီကုိ ကီလုိ မီတာ ၁၇၅ ျဖစ္ျပီး အျမန္ဆုံးေမာင္းႏွင္ႏုိင္မွဳက ကီလုိ ၁၀၀ ကုိ ၁၃.၈ စကၠန္႔ၾကာမွာပါ။
လုံျခဳံေရး
City Car ဆုိေတာ့ လုံျခဳံေရးစနစ္က အမ်ားၾကီးေတာ့ ေမွ်ာ္လင့္ထားလုိ႔မရပါဘူး။ ေလအိတ္ ၂ လုံးပါမယ္။ ABS စနစ္ပါျပီး ေဘာ္ဒီကုိ မာေက်ာတဲ့ စတီးေတြေပါင္းစပ္တည္ေဆာက္ေပးထားတာျဖစ္ပါတယ္။
စမ္းသပ္ေမာင္းႏွင္ျခင္း
ဒီကားက 1.25 L ဆုိေပမယ့္ ပါဝါထြက္ရွိမွဳက 1.4 L ေတြေလာက္နီးနီးဆုိေတာ့ နင္းရတာမဆုိးဘူး။ ဒါေပမယ့္ ရုတ္ခ်ည္း ထထြက္တာေတြမွာေတာ့ လုိအပ္ခ်က္ရွိတယ္။ စတီယာရင္က ကုိင္တြယ္ရမဆုိးဘူး။ ကားက ေသးေတာ့လည္း ေဘး ဘက္ေတြၾကည့္ရတာ လြယ္တယ္။ျပီးေတာ့ အလ်ားက 3995 mm ဆုိေတာ့ တုိးရျပဳရလြယ္တယ္။ Safety က ABS ေလာက္ပဲပါေပမယ့္ ဘရိတ္စနစ္ကမဆုိးဘူး။ စီးရတာသိပ္ျပီး မျငိမ့္ေပမယ့္ Hatchback ေတြထက္ေတာ့သာတယ္။ ျခဳံ ေျပာရရင္ City Car တစ္စီးအတြက္ လုံေလာက္တဲ့ Driving Feeling ကုိရတယ္လုိ႔ဆုိရမွာျဖစ္ပါတယ္။





ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
ပထမဆုံးဒီကားက Budget ဘက္ကုိသြားတဲ့ ျမိဳ႕တြင္းစီးဆုိေတာ့ စြမ္းေဆာင္ရည္ေတြ၊ မ်ားျပားလွတဲ့ Features ေတြရ မွာေတာ့ မဟုတ္ပါဘူး။ ဘီးဆုိက္က ၁၄ လက္မဆုိေတာ့ ကားက အရမ္းကုိ ဝပ္ဆင္းသြားျပီး Saloon ျဖစ္ေပမယ့္ မၾကြားဘူးလုိ႔ ထင္ရတယ္။။ျပီးေတာ့ ေနာက္ခုံတန္းရဲ႕ အလယ္မွာ လူၾကီးတစ္ေယာက္အဆင္ေျပေျပထုိင္ဖုိ႔မလြယ္ကူဘူး။ ေနာက္ Day Lamp မပါတာေတြေလာက္ပဲ ေျပာစရွိပါတယ္။ ဒါေပမဲ့ ျမိဳ႕တြင္းပဲအသုံးမ်ားျပီး အခုလို ဆီေစ်းေတြ တက္ေနခ်ိန္မွာ ဆီစားသက္သာမယ္၊ ကားတုိးရ၊ေရွာင္ရလြယ္မယ္။ အမ်ိဳးသမီးေတြပါ အဆင္ေျပေျပေမာင္းႏိုင္ဖုိ႔ဆုိရင္ Hyundai Grand i10 Saloon ေလးက အဖုိးနည္းဝန္ပါဆုိသလုိ ျဖစ္ေနဦးမွာပါ။ တန္ေၾကးကေတာ့ အခုေမာင္းႏွင္မွဳလုပ္တဲ့ ကားက အျမင့္ဆုံး Luxury Grade ျဖစ္ျပီး USD 20800 က်သင့္မွာျဖစ္ပါတယ္။
Specification…
Engine – Kappa 1.25 MPi
Displacement(CC) – 1248
Transmissions – 4 Speed Auto
Maximum Power (HP/rpm) – 85/ 6,000
Maximum Torque (Nm/rpm) – 119/ 4,000
Wheelbase (mm) – 2,425
Maximum Speed (km/h) – 175
Acceleration (0 to 100kph/sec) – 13.8