Zawgyi version..
(HYUNDAI) သည္ ေတာင္ကိုရီးယားအေျခစိုက္ (Automakers) မ်ားအနက္ အထင္႐ွားဆံုး (Brand) ျဖစ္ပါသည္။ ၄င္းသည္ ေတာင္ကိုရီးယား၌သာမက အာ႐ွ/ ဥေရာပ/ အေမရိက စသည့္ ေဒသေစ်းကြက္မ်ား ၌ပင္ လူသိမ်ားသည့္ (Brand) ျဖစ္ပါသည္။ ယခင္က (Hyundai Car)မ်ားသည္ ေစ်းႏႈန္းသင့္တင့္မႈ႐ွိေသာ္လည္း အမ်ားစု၏ (Economy) ထုတ္လုပ္မႈမ်ားေၾကာင့္ အခ်ိဳ႕ေသာ (Japan) ကားမ်ားေလာက္ လူႀကိဳက္မ်ားျခင္း မ႐ွိခဲ့ပါ။ ယခုမ်က္ေမွာက္တြင္မူ (Hyundai) တြင္ (Value – packed) ျဖစ္သည့္ (Sedans / SUVs) မ်ားစြာကို ေတြ႕ျမင္ရမည္ျဖစ္ၿပီး ကားအားလံုးသည္ ထိပ္တန္း အရည္အေသြးႏွင့္ စြမ္းေဆာင္ရည္မ်ားကို ပိုင္ဆိုင္ထားၾကၿပီး အခ်ိဳ႕ေသာ (Models) မ်ားသည္ မ်ားစြာ ထင္႐ွားၾကပါသည္။ (Hyundai)၏ ဂုဏ္ေဆာင္ကားအခ်ိဳ႕အား ေလ့လာၾကပါစို႕။
Ioniq (Hyundai Ioniq) သည္ နာမည္ေက်ာ္ (Toyota prius) ကဲ့သို႕ (Green Car) ျဖစ္ၿပီး (Hybrid / plug – in Hybrid / Electric Car ) ဟူ၍ ပံုစံ(၃)မ်ိဳး႐ွိပါမည္။ ၄င္း၏ ေပါင္းစပ္ ဆီစားႏႈန္းမွာ (55 mph / 1 gallon) ျဖစ္ၿပီး (Special Blue Model) တြင္ (58 mph / 1 gallon) အထိ ရ႐ွိႏိုင္၍ လြန္စြာ ဆီစားသက္သာသည္ဟု ဆိုရပါမည္။ ၄င္း၏ အတြင္း/အျပင္ ဒီဇိုင္းႏွင့္ ပါ၀င္မႈမ်ားကိုလည္း ေခတ္ဆန္ၿပီး ပါ၀င္မႈမ်ား စံုလင္စြာျဖင့္ ဖန္တီးထားပါသည္။ အထူးအားျဖင့္ (Green Car)မ်ားကိုသာ ခ်စ္ျမတ္ႏိုးသည့္ ကားခ်စ္သူမ်ားအေနျဖင့္ (Japan) ထုတ္ ( Green Car) မ်ားႏွင့္ ၿပိဳင္ဖက္အေနျဖင့္ ထည့္သြင္းစဥ္းစား ႏိုင္မည္ ျဖစ္ပါသည္။
Tucson (Hyundai Tucson) သည္ (Hyundai) ၏ မ်ားစြာ ထင္႐ွားသည့္ (Compact Crossover) ျဖစ္ၿပီး ကမာၻအႏွ႕ံ႐ွိ (Hyundai) ကားမ်ားတြင္ လူႀကိဳက္မ်ားသည့္ ကားဟူ၍လည္း ဆိုရပါမည္။ အထူးအားျဖင့္ (Tucson Model) သည္ အသစ္ထြက္႐ွိထားသည့္ ကားျဖစ္ျခင္း/ ဒီဇိုင္းႏွင့္ စြမ္းေဆာင္ရည္ တြင္ မ်ားစြာေကာင္းမြန္မႈ႐ွိျခင္း/ စြမ္းရည္ျမင့္ၿပီး နည္းပညာအသစ္ျဖင့္ ဖန္တီးထားသည့္ အင္ဂ်င္စနစ္႐ွိ ျခင္း ႏွင့္ ခရီးနီး / ေ၀းသံုးမ်ားအတြက္ အထူးအဆင္ေျပမႈ႐ွိျခင္းတို႕ေၾကာင့္ (Tucson ) သည္ (Hyundai) ၏ၾကယ္တစ္ပြင့္အေနျဖင့္ ေက်ာ္ၾကားေနသည္ကို ေတြ႕ရပါမည္။
Sonata (Toyota) ၏ (Camry) ႏွင့္ (Honda)၏ (Accord) တို႕ကဲ့သို႕ (Sonata) သည္ (Hyundai)၏ ( Flat ship model)အျဖစ္ ထင္႐ွားသည္မွာ ၄င္းစတင္ေမြးဖြားစဥ္မွစ၍ ယခုအခ်ိန္အထိ ျဖစ္ပါသည္။ ထူးျခားမႈမွာ ယခု (2016)တြင္ (New Design) အျဖစ္ေျပာင္းလဲခဲ့သည့္ ေနာက္ဆံုးထြက္ (Sonata)သည္ ၄င္း၏ မ်ိဳးဆက္မ်ားတြင္အေကာင္းဆံုးဟုဆိုရမည္ျဖစ္ၿပီး ေရာင္းအားလည္း ေကာင္းခဲ့ပါ သည္။ ထိုမွ်မက ယခု (2018 Model) အတြက္ (Electronic Controls) မ်ားစြာကိုလည္း ျဖည့္စြက္ ထည့္သြင္းထားမည့္အျပင္ (Apple Car Play) ၊ (Android Auto) ကဲ့သို႕ နာမည္ေက်ာ္ (Features) မ်ားလည္း ပါ၀င္လာၾကပါမည္။ (Sonata)သည္ (Midsize Sedan) အေနျဖင့္ ဘက္စံု ျပည့္စံုမႈ႐ွိသည့္ ကားဟု သတ္မွတ္ႏိုင္မည့္ (Hyundai)၏ ၾကယ္တစ္ပြင့္ပင္ျဖစ္ပါသည္။
Unicode version…
(Hyundai)၏ ဂုဏ်ဆောင်ကားအချို့
(HYUNDAI) သည် တောင်ကိုရီးယားအခြေစိုက် (Automakers) များအနက် အထင်ရှားဆုံး (Brand) ဖြစ်ပါသည်။ ၄င်းသည် တောင်ကိုရီးယား၌သာမက အာရှ/ ဥရောပ/ အမေရိက စသည့် ဒေသစျေးကွက်များ ၌ပင် လူသိများသည့် (Brand) ဖြစ်ပါသည်။ ယခင်က (Hyundai Car)များသည် စျေးနှုန်းသင့်တင့်မှုရှိသော်လည်း အများစု၏ (Economy) ထုတ်လုပ်မှုများကြောင့် အချို့သော (Japan) ကားများလောက် လူကြိုက်များခြင်း မရှိခဲ့ပါ။ ယခုမျက်မှောက်တွင်မူ (Hyundai) တွင် (Value – packed) ဖြစ်သည့် (Sedans / SUVs) များစွာကို တွေ့မြင်ရမည်ဖြစ်ပြီး ကားအားလုံးသည် ထိပ်တန်း အရည်အသွေးနှင့် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားကြပြီး အချို့သော (Models) များသည် များစွာ ထင်ရှားကြပါသည်။ (Hyundai)၏ ဂုဏ်ဆောင်ကားအချို့အား လေ့လာကြပါစို့။
Ioniq (Hyundai Ioniq) သည် နာမည်ကျော် (Toyota prius) ကဲ့သို့ (Green Car) ဖြစ်ပြီး (Hybrid / plug – in Hybrid / Electric Car ) ဟူ၍ ပုံစံ(၃)မျိုးရှိပါမည်။ ၄င်း၏ ပေါင်းစပ် ဆီစားနှုန်းမှာ (55 mph / 1 gallon) ဖြစ်ပြီး (Special Blue Model) တွင် (58 mph / 1 gallon) အထိ ရရှိနိုင်၍ လွန်စွာ ဆီစားသက်သာသည်ဟု ဆိုရပါမည်။ ၄င်း၏ အတွင်း/အပြင် ဒီဇိုင်းနှင့် ပါ၀င်မှုများကိုလည်း ခေတ်ဆန်ပြီး ပါ၀င်မှုများ စုံလင်စွာဖြင့် ဖန်တီးထားပါသည်။ အထူးအားဖြင့် (Green Car)များကိုသာ ချစ်မြတ်နိုးသည့် ကားချစ်သူများအနေဖြင့် (Japan) ထုတ် ( Green Car) များနှင့် ပြိုင်ဖက်အနေဖြင့် ထည့်သွင်းစဉ်းစား နိုင်မည် ဖြစ်ပါသည်။
Tucson (Hyundai Tucson) သည် (Hyundai) ၏ များစွာ ထင်ရှားသည့် (Compact Crossover) ဖြစ်ပြီး ကမ္ဘာအနှ့ံရှိ (Hyundai) ကားများတွင် လူကြိုက်များသည့် ကားဟူ၍လည်း ဆိုရပါမည်။ အထူးအားဖြင့် (Tucson Model) သည် အသစ်ထွက်ရှိထားသည့် ကားဖြစ်ခြင်း/ ဒီဇိုင်းနှင့် စွမ်းဆောင်ရည် တွင် များစွာကောင်းမွန်မှုရှိခြင်း/ စွမ်းရည်မြင့်ပြီး နည်းပညာအသစ်ဖြင့် ဖန်တီးထားသည့် အင်ဂျင်စနစ်ရှိ ခြင်း နှင့် ခရီးနီး / ဝေးသုံးများအတွက် အထူးအဆင်ပြေမှုရှိခြင်းတို့ကြောင့် (Tucson ) သည် (Hyundai) ၏ကြယ်တစ်ပွင့်အနေဖြင့် ကျော်ကြားနေသည်ကို တွေ့ရပါမည်။
Sonata (Toyota) ၏ (Camry) နှင့် (Honda)၏ (Accord) တို့ကဲ့သို့ (Sonata) သည် (Hyundai)၏ ( Flat ship model)အဖြစ် ထင်ရှားသည်မှာ ၄င်းစတင်မွေးဖွားစဉ်မှစ၍ ယခုအချိန်အထိ ဖြစ်ပါသည်။ ထူးခြားမှုမှာ ယခု (2016)တွင် (New Design) အဖြစ်ပြောင်းလဲခဲ့သည့် နောက်ဆုံးထွက် (Sonata)သည် ၄င်း၏ မျိုးဆက်များတွင်အကောင်းဆုံးဟုဆိုရမည်ဖြစ်ပြီး ရောင်းအားလည်း ကောင်းခဲ့ပါ သည်။ ထိုမျှမက ယခု (2018 Model) အတွက် (Electronic Controls) များစွာကိုလည်း ဖြည့်စွက် ထည့်သွင်းထားမည့်အပြင် (Apple Car Play) ၊ (Android Auto) ကဲ့သို့ နာမည်ကျော် (Features) များလည်း ပါ၀င်လာကြပါမည်။ (Sonata)သည် (Midsize Sedan) အနေဖြင့် ဘက်စုံ ပြည့်စုံမှုရှိသည့် ကားဟု သတ်မှတ်နိုင်မည့် (Hyundai)၏ ကြယ်တစ်ပွင့်ပင်ဖြစ်ပါသည်။