Hyundai သည် တတိယမြောက် High-Performance N Model ဖြစ်သည့် Kona N အား သေးငယ်သည့် Crossover အနေဖြင့် ထုတ်လုပ်ထားပြီး ၎င်း Model ကို U.S.A သို့ တင်ပို့ရောင်းချ မည်ဖြစ်သည်။ Kona N သည် Veloster N Hatchback နှင့် Elantra N Sedan တို့နောက် ဆက်လက် ထွက်ပေါ်လာသည့် Model ဖြစ်ကာ ထပ်မံထွက်ရှိလာမည့် Hyundai Performance Version တွင် အရွယ်အငယ်ဆုံး SUV ဟုလည်း Hyundai မှ ပြောကြားပါသည်။ Kona N တွင် ( 2.0 L Turbo I 4 Engine ) ၊ ( 275 hp ) အင်ဂျင်ပါဝင်ပြီး အဆိုပါ အင်ဂျင်အား Veloster N တွင် အလားတူ တပ်ဆင်ထားသည်။ Gearbox အနေဖြင့် ( 8 –Speed Dual Clutch Auto gear ) ကို တွဲဖက်ထားပါသည်။ ထို့အပြင် Veloster N တွင် ပါဝင်သည့် စွမ်းဆောင်ရည်ပြည့်ဝသည့် Exhaust Note ထည့်သွင်းမှုနှင့် Launch-Control စနစ်တို့ကိုလည်း ယခု Kona N တွင် ရရှိခံစားနိုင်ပါမည်။ ကား၏ ကိုယ်ထည်တွင်ဝံ့ကြွားသည့် Body Kit များ / အရွယ်ကြီးမားသည့် Tires များနှင့် Dual Exhaust Tips စသည့် Sporty Accents များကိုလည်း ယခင် N Version Model များနည်းတူ Kona N တွင် ရရှိနိုင်ပါမည်။ ကား၏ အတွင်းခန်းကို သားနားပြီး Style ကျကျ ဖန်တီးထားသည့်အပြင် Extra Bolstering ပါဝင်သည့် ထိုင်ခုံများနှင့်အတူ N Badge ကိုလည်း အနှံ့အပြား တွေ့မြင်ရမည့်အတွက် လူငယ်များ အကြိုက်တွေ့မည်ဖြစ်သည်။ Hyundai Kona N အားဥရောပတွင် Model မိတ်ဆက်ပြီး သည့်အချိန်တွင် စတင်ရောင်းချခဲ့ကာ U.S.A တွင်မူ 2021 နှစ်ကုန်ခန့်၌ ရောက်ရှိပါမည်။ ထို့အတူ Hyundai Tuscon ၏ N Line Variant ကိုလည်း 2022 ခန့်တွင် U.S.A သို့ ဆက်လက်ရောင်း ချရန် Hyundai မှ စီစဉ်ထားပါသည်။

19 Feb 2021
0