Uincode Version…

ကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Hyundai ကထုတ်လုပ်ထားတဲ့ သတ္တမမြောက်မျိုးဆက် Sonata ဟာ Fluidic Sculpture 2.0 ဒီဇိုင်းကိုအသုံးပြုထားလို့ ပိုပြီးသားနားခန့်ညားတဲ့ အသွင်အပြင်၊ ခိုင်မာတောင့်တင်းတဲ့ ဘော်ဒီတည်ဆောက်ပုံ၊ အဆင့်မြင့်လုံခြုံရေးစနစ်၊ အဆင်ပြေလွယ်ကူစေတဲ့လုပ်ဆောင်ချက်တွေနဲ့ ပွဲထွက်ထားတဲ့ကားတစ်ဦးဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ပထမမျိုးဆက်အနေနဲ့ စတင်မိတ်ဆက်ခဲ့ပေးကတည်းကစလို့ Hyundai Sonata ဟာ စုစုပေါင်း အစီးရေ ၇ သန်းလောက်အထိ ရောင်းချထားပြီးဖြစ်ပါတယ်။
အပြင်ပိုင်း
ခန့်ညားတဲ့ရှေ့လေဝင်ပေါက်ဟာ Hyundai ကားတစ်စီးဖြစ်မှန်းသိသာနေစေပါတယ်။ Sonata ရဲ့လေဝင်ပေါက်ကို ဆဌဂံပုံပြုလုပ်ထားပြီး ဘော်ဒီဒီဇိုင်းနဲ့တစ်သားတည်းဖြစ်နေသလို ကျော့ရှင်းတဲ့အသွင်ကိုလည်း ပေးစွမ်းပါတယ်။ HID ရှေ့မီးကြီးတွေဟာ ကားရှေ့ကလမ်းကို တိကျပြတ်သားပြီး ပြင်းအားမြင့်အလင်းရောင်ထိုးပေးပါတယ်။ ကားသော့နဲ့အတူကားနားကို သင်ကပ်လာပြီဆိုရင် ကားတံခါး လက်ကိုင်အတွင်းပိုင်းက မီးတွေလင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အမှောင်ထဲမှာဆို လက်ကိုင်တွေကို အလွယ်တကူတွေ့ နိုင်သလို ကျက်သရေရှိတဲ့ခံစားချက်ကိုလည်း ရရှိစေပါတယ်။ အလေးချိန်ပေါ့ပါးပြီး တောင့်တင်းခိုင်မာတဲ့ ၁၆ လက်မအရွယ် အလွိုင်းဘီးတွေမှာ ဆွဲဆောင်မှုရှိတဲ့ Split-Spoke Type အလွိုင်းဂွေကို အသုံးပြုထားပါတယ်။


အတွင်းပိုင်း
ဒီကားမှာ Bluetooth၊ CD နဲ့ MP3 တို့နဲ့ချိတ်ဆက်ထားတဲ့ အသံစနစ်ပါဝင်ပြီး အသုံးပြုရလွယ်ကူသလို အရည်အသွေးမြင့် အသံကိုလည်း နားဆင်နိုင်စေပါတယ်။ ပိုပြီးအဆင့်မြင့်ထားတဲ့ ရှေ့ခုံလေဝင်လေထွက်စနစ်ကြောင့် ယာဉ်မောင်းနဲ့ရှေ့ခန်းကခရီးသည်ဟာ ပူပြင်းတဲ့ရာသီဥတုမျိုးမှာတောင် လန်းလန်းဆန်းဆန်းနေနိုင်ပြီး လေအပူချိန်ကိုလည်း ယခင်ကထက် ၅.၅ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရှေ့ခုံတွေကို အပူပေးနိုင်ပါတယ်။ ဒီအပူပေးကိရိယာတွေကို အရင်ကထက်ပိုကောင်းအောင် ပြုလုပ်ထားလို့ နွေးထွေးတဲ့ ၂၆ ဒီဂရီအပူချိန်ကို ၃ မိနစ်အတွင်း ရောက်ရှိစေပါတယ်။ အပူအအေး အော်တိုလေအေးပေးစနစ်ကြောင့် ကားရဲ့ဘယ်ဘက်နဲ့ညာဘက်ကစီးနင်းသူတွေဟာ စိတ်ကြိုက်အပူချိန်တစ်ခုစီ သတ်မှတ်နိုင်သလို အေးအေးမြမြလိုက်ပါစီးနင်းနိုင်ပါတယ်။
အသုံးပြုရလွယ်ကူအဆင်ပြေစေမှု
ယာဉ်မောင်းစိတ်ကြိုက်စတီယာရင်အလေးအပေါ့နဲ့ ယာဉ်မောင်းနှင်တဲ့အခြေအနေပေါ်မူတည်ပြီး Normal ၊ Sports နဲ့ Eco ဆိုပြီး မတူတဲ့ မောင်းနှင်မှုပုံစံသုံးမျိုးရွေးချယ်ခွင့်ပေးပါတယ်။ နောက်ဖုံးကိုဖွင့်ဖို့လက်မအားဘူးဖြစ်နေတယ်ဆိုရင် ကားသော့ကိုင်ပြီးကားနောက်ဖုံးနားမှာ ၃ စက္ကန့်ရပ်နေရုံနဲ့ နောက်ဖုံး အလိုအလျောက်ပွင့်လာမှာဖြစ်ပါတယ်။ သင်ကိုယ်ဆောင်လာတဲ့ပစ္စည်းတွေကို ချပြီးဖွင့်စရာမလိုတော့ပါဘူး။
ECM နောက်ကြည့်မှန်ဟာ နောက်ကားတွေရဲ့ရှေ့မီးကြီးတွေကြောင့် သင်မျက်စိမစူးစေဖို့ လုပ်ဆောင်ပေးပါတယ်။ နောက်ကား မီးထိုးတာကို ဒီမှန်က အလိုအလျောက်အာရုံခံပေးပြီး လျှော့ချပေးပါတယ်။ မိုးရွာသွန်းမှုအာရုံခံကိရိယာက မိုးသည်းမသည်းကို အလိုအလျောက် အာရုံခံပေးသလို လေခွင်းအားကောင်းဝိုက်ပါတွေက ဝိုက်ပါအမြန်နှုန်းကို ထိန်းချုပ်းပေးပြီး အရှိန်မြင့်ကားမောင်းတဲ့အခါ ဝိုက်ပါတွေလေနဲ့မြောက်တက်မသွားစေဖို့ လုပ်ဆောင်ပေးပါတယ်။အလိုအလျောက် မြူရှင်းစနစ်ကြောင့် မြူထဲမှာပိုပြီး မြင်နိုင်စွမ်းကောင်းစေပါတယ်။ ဒီစနစ်က လေကာမှန်ပေါ်မှာရေငွေ့ရိုက်တာကို အလိုအလျောက် ထောက်လှမ်းပေးပြီး လေကာမှန်ကြည်သွားစေဖို့ ရေငွေ့တွေကိုရှင်းလင်းပေးပါတယ်။
လုံခြုံရေး
လုံခြုံရေးအပိုင်းမှာ IIHS အဖွဲ့အစည်းရဲ့ Top Safety Pick+ ဆုကိုရယူထားနိုင်တဲ့ Sonata မှာ မျှော်မှန်းထားတာထက်ပိုတဲ့ လုံခြုံရေးစနစ်တွေ တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ Electronic stability control (ESC) စနစ်၊ ကားလားရာအတိုင်းချိုးကွေးသွားသည့် (SBL) မီးများ၊ကုန်းစောင်းမောင်းနှင်မှုအထောက်အကူပြု (HAC) စနစ်၊ အရှေ့နှင့်အနောက်ပါကင်အထောက်အကူပြု (PAS) စနစ်၊ လေအိတ် (၆) လုံးပါ စနစ်
ဈေးနှုန်းနှင့်ဝန်ဆောင်မှု
လက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေဝယ်ယူနိုင်သလို နှစ်အလိုက်လည်း ငှားရမ်းအသုံးပြုနိုင်ပါတယ်။ စိတ်ပါဝင်စားတယ်ဆိုရင် Hyundai အိမ်စီးကားတွေရဲ့ တရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်တဲ့ Hyundai Showroom
ရန်ကုန် Showroom: အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁၅၂၂၇၂၃၊ ၀၉၄၂၁၀၀၂၀၅၁၊ Service Center ဖုန်း ၀၁၅၂၂၇၂၄၊
မန္တလေးShowroom: အမှတ် (3-F) ၊ မြို့မဥယျာဉ်လမ်းနှင့် ၇၄လမ်းထောင့်၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး စက်မှု နှင့်ကုန်သွယ်ရေးစင်တာ (MITC) ၊ မန္တလေးမြို့ ဖုန်း ၀၉၂၅၃၁၅၁၉၇၀၊ ၀၉၄၅၃၉၅၅၅၆၀၊ Service Center ဖုန်း ၀၉ ၉၇၁ ၃၄၇ ၀၀၁၊ ၀၉ ၄၂၁ ၈၈၈ ၂၂၀ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။
စွမ်းဆောင်ရည်နှင့် အသေးစိတ်အချက်အလက်များ
အင်ဂျင်ပါဝါ                 1,999 စီစီ
အမြင့်ဆုံးမြန်နှုန်း       200 km/h
အမြင့်ဆုံးစွမ်းရည်       163 ps/ 6,500rpm
အမြင့်ဆုံးရုန်းအား        20.0kg-m / 4,800rpm
0 မှ 100 kph မြန်နှုန်းရောက်ရန်ကြာချိန်     11.1 စက္ကန့်
လောင်စာဆီအမျိုးအစား        ဓါတ်ဆီ
ဂီယာအမျိုးအစား           6-Speed အော်တိုဂီယာ

Zawgyi Version…

ကားထုတ္လုပ္ေရးလုပ္ငန္းႀကီးျဖစ္တဲ့ Hyundai ကထုတ္လုပ္ထားတဲ့ သတၱမေျမာက္မ်ိဳးဆက္ Sonata ဟာ Fluidic Sculpture 2.0 ဒီဇုိင္းကိုအသံုးျပဳထားလုိ႔ ပိုၿပီးသားနားခန္႔ညားတဲ့ အသြင္အျပင္၊ ခိုင္မာေတာင့္တင္းတဲ့ ေဘာ္ဒီတည္ေဆာက္ပံု၊ အဆင့္ျမင့္လံုၿခံဳေရးစနစ္၊ အဆင္ေျပလြယ္ကူေစတဲ့လုပ္ေဆာင္ခ်က္ေတြနဲ႔ ပြဲထြက္ထားတဲ့ကားတစ္ဦးျဖစ္ပါတယ္။ ၁၉၈၅ ခုႏွစ္မွာ ပထမမ်ိဳးဆက္အေနနဲ႔ စတင္မိတ္ဆက္ခဲ့ေပးကတည္းကစလုိ႔ Hyundai Sonata ဟာ စုစုေပါင္း အစီးေရ ၇ သန္းေလာက္အထိ ေရာင္းခ်ထားၿပီးျဖစ္ပါတယ္။

2018 Sonata

အျပင္ပိုင္း

ခန္႔ညားတဲ့ေရွ႕ေလ၀င္ေပါက္ဟာ Hyundai ကားတစ္စီးျဖစ္မွန္းသိသာေနေစပါတယ္။ Sonata ရဲ့ေလ၀င္ေပါက္ကို ဆဌဂံပံုျပဳလုပ္ထားၿပီး ေဘာ္ဒီဒီဇုိင္းနဲ႔တစ္သားတည္းျဖစ္ေနသလုိ ေက်ာ့ရွင္းတဲ့အသြင္ကိုလည္း ေပးစြမ္းပါတယ္။ HID ေရွ႕မီးႀကီးေတြဟာ ကားေရွ႕ကလမ္းကို တိက်ျပတ္သားၿပီး ျပင္းအားျမင့္အလင္းေရာင္ထိုးေပးပါတယ္။ ကားေသာ့နဲ႔အတူကားနားကို သင္ကပ္လာၿပီဆိုရင္ ကားတံခါး လက္ကိုင္အတြင္းပိုင္းက မီးေတြလင္းလာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အေမွာင္ထဲမွာဆို လက္ကိုင္ေတြကို အလြယ္တကူေတြ႕ ႏုိင္သလုိ က်က္သေရရွိတဲ့ခံစားခ်က္ကိုလည္း ရရွိေစပါတယ္။ အေလးခ်ိန္ေပါ့ပါးၿပီး ေတာင့္တင္းခိုင္မာတဲ့ ၁၆ လက္မအရြယ္ အလြိဳင္းဘီးေတြမွာ ဆြဲေဆာင္မႈရွိတဲ့ Split-Spoke Type အလြိဳင္းေဂြကို အသံုးျပဳထားပါတယ္။

အတြင္းပိုင္း

ဒီကားမွာ Bluetooth၊ CD နဲ႔ MP3 တုိ႔နဲ႔ခ်ိတ္ဆက္ထားတဲ့ အသံစနစ္ပါ၀င္ၿပီး အသံုးျပဳရလြယ္ကူသလို အရည္အေသြးျမင့္ အသံကိုလည္း နားဆင္ႏိုင္ေစပါတယ္။ ပိုၿပီးအဆင့္ျမင့္ထားတဲ့ ေရွ႕ခံုေလ၀င္ေလထြက္စနစ္ေၾကာင့္ ယာဥ္ေမာင္းနဲ႔ေရွ႕ခန္းကခရီးသည္ဟာ ပူျပင္းတဲ့ရာသီဥတုမ်ိဳးမွာေတာင္ လန္းလန္းဆန္းဆန္းေနႏိုင္ၿပီး ေလအပူခ်ိန္ကိုလည္း ယခင္ကထက္ ၅.၅ ရာခိုင္ႏႈန္းေလ်ာ့က်ေစပါတယ္။ ခလုတ္တစ္ခ်က္ႏွိပ္ရံုနဲ႔ ေရွ႕ခံုေတြကို အပူေပးႏုိင္ပါတယ္။ ဒီအပူေပးကိရိယာေတြကို အရင္ကထက္ပိုေကာင္းေအာင္ ျပဳလုပ္ထားလုိ႔ ေႏြးေထြးတဲ့ ၂၆ ဒီဂရီအပူခ်ိန္ကို ၃ မိနစ္အတြင္း ေရာက္ရွိေစပါတယ္။ အပူအေအး ေအာ္တိုေလေအးေပးစနစ္ေၾကာင့္ ကားရဲ့ဘယ္ဘက္နဲ႔ညာဘက္ကစီးနင္းသူေတြဟာ စိတ္ႀကိဳက္အပူခ်ိန္တစ္ခုစီ သတ္မွတ္ႏိုင္သလို ေအးေအးျမျမလိုက္ပါစီးနင္းႏိုင္ပါတယ္။

အသံုးျပဳရလြယ္ကူအဆင္ေျပေစမႈ

ယာဥ္ေမာင္းစိတ္ႀကိဳက္စတီယာရင္အေလးအေပါ့နဲ႔ ယာဥ္ေမာင္းႏွင္တဲ့အေျခအေနေပၚမူတည္ၿပီး Normal ၊ Sports နဲ႔ Eco ဆိုၿပီး မတူတဲ့ ေမာင္းႏွင္မႈပံုစံသံုးမ်ိဳးေရြးခ်ယ္ခြင့္ေပးပါတယ္။ ေနာက္ဖံုးကိုဖြင့္ဖုိ႔လက္မအားဘူးျဖစ္ေနတယ္ဆိုရင္ ကားေသာ့ကိုင္ၿပီးကားေနာက္ဖံုးနားမွာ ၃ စကၠန္႔ရပ္ေနရံုနဲ႔ ေနာက္ဖံုး အလိုအေလ်ာက္ပြင့္လာမွာျဖစ္ပါတယ္။ သင္ကိုယ္ေဆာင္လာတဲ့ပစၥည္းေတြကို ခ်ၿပီးဖြင့္စရာမလိုေတာ့ပါဘူး။

ECM ေနာက္ၾကည့္မွန္ဟာ ေနာက္ကားေတြရဲ့ေရွ႕မီးႀကီးေတြေၾကာင့္ သင္မ်က္စိမစူးေစဖုိ႔ လုပ္ေဆာင္ေပးပါတယ္။ ေနာက္ကား မီးထိုးတာကို ဒီမွန္က အလိုအေလ်ာက္အာရံုခံေပးၿပီး ေလွ်ာ့ခ်ေပးပါတယ္။ မိုးရြာသြန္းမႈအာရံုခံကိရိယာက မိုးသည္းမသည္းကို အလိုအေလ်ာက္ အာရံုခံေပးသလုိ ေလခြင္းအားေကာင္း၀ိုက္ပါေတြက ၀ိုက္ပါအျမန္ႏႈန္းကို ထိန္းခ်ဳပ္းေပးၿပီး အရွိန္ျမင့္ကားေမာင္းတဲ့အခါ ၀ိုက္ပါေတြေလနဲ႔ေျမာက္တက္မသြားေစဖုိ႔ လုပ္ေဆာင္ေပးပါတယ္။အလုိအေလ်ာက္ ျမဴရွင္းစနစ္ေၾကာင့္ ျမဴထဲမွာပိုၿပီး ျမင္ႏိုင္စြမ္းေကာင္းေစပါတယ္။ ဒီစနစ္က ေလကာမွန္ေပၚမွာေရေငြ႕ရိုက္တာကို အလိုအေလ်ာက္ ေထာက္လွမ္းေပးၿပီး ေလကာမွန္ၾကည္သြားေစဖုိ႔ ေရေငြ႕ေတြကိုရွင္းလင္းေပးပါတယ္။

လံုၿခံဳေရး

လံုၿခံဳေရးအပိုင္းမွာ IIHS အဖြဲ႕အစည္းရဲ့ Top Safety Pick+ ဆုကိုရယူထားႏုိင္တဲ့ Sonata မွာ ေမွ်ာ္မွန္းထားတာထက္ပိုတဲ့ လံုၿခံဳေရးစနစ္ေတြ တပ္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။ Electronic stability control (ESC) စနစ္ကားလားရာအတိုင္းခ်ိဳးေကြးသြားသည့္ (SBL) မီးမ်ားကုန္းေစာင္းေမာင္းႏွင္မႈအေထာက္အကူျပဳ (HAC) စနစ္အေရွ႕ႏွင့္အေနာက္ပါကင္အေထာက္အကူျပဳ (PAS) စနစ္ေလအိတ္ (၆) လံုးပါ စနစ္

ေစ်းႏႈန္းႏွင့္၀န္ေဆာင္မႈ

လက္ငင္းျဖစ္ေစ၊ အရစ္က်ျဖစ္ေစ၀ယ္ယူႏိုင္သလို ႏွစ္အလိုက္လည္း ငွားရမ္းအသံုးျပဳႏုိင္ပါတယ္။ စိတ္ပါ၀င္စားတယ္ဆိုရင္ Hyundai အိမ္စီးကားေတြရဲ့ တရား၀င္တစ္ဦးတည္းကိုယ္စားလွယ္ျဖစ္တဲ့ Hyundai Showroom

ရန္ကုန္ Showroom: အမွတ္ (၂/၆)၊ ၂ ရပ္ကြက္၊ အင္းစိန္လမ္းႏွင့္သမိုင္းဘူတာရံုလမ္းေထာင့္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ ဖုန္း ၀၁၅၂၂၇၂၃၊ ၀၉၄၂၁၀၀၂၀၅၁၊ Service Center ဖုန္း ၀၁၅၂၂၇၂၄၊

 မႏၱေလးShowroom: အမွတ္ (3-F) ၊ ျမဳိ့မဥယ်ာဥ္လမ္းႏွင့္ ၇၄လမ္းေထာင့္၊ ေတာင္ျမင့္ရပ္ကြက္၊ ျပည္ျကီးတံခြန္ျမဳိ့နယ္၊ မႏၱေလး စက္မႈ ႏွင့္ကုန္သြယ္ေရးစင္တာ (MITC) ၊ မႏၱေလးျမဳိ့ ဖုန္း ၀၉၂၅၃၁၅၁၉၇၀၊ ၀၉၄၅၃၉၅၅၅၆၀၊ Service Center ဖုန္း ၀၉ ၉၇၁ ၃၄၇ ၀၀၁၊ ၀၉ ၄၂၁ ၈၈၈ ၂၂၀ သို႔ ရံုးခ်ိန္အတြင္းဆက္သြယ္စံုစမ္းႏိုင္ပါသည္။

စြမ္းေဆာင္ရည္ႏွင့္ အေသးစိတ္အခ်က္အလက္မ်ား

အင္ဂ်င္ပါ၀ါ                                               1,999 စီစီ

အျမင့္ဆံုးျမန္ႏႈန္း                                         200 km/h

အျမင့္ဆံုးစြမ္းရည္                                        163 ps/ 6,500rpm

အျမင့္ဆံုးရုန္းအား                                        20.0kg-m / 4,800rpm

0 မွ 100 kph ျမန္ႏႈန္းေရာက္ရန္ၾကာခ်ိန္             11.1 စကၠန္႔

ေလာင္စာဆီအမ်ိဳးအစား                                ဓါတ္ဆီ

ဂီယာအမ်ိဳးအစား                                        6-Speed ေအာ္တိုဂီယာ