Unicode version….
တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Hyundai Motor Company မှ အနာဂတ်မော်တော်ယာဉ်ဝန်ဆောင်မှုပုံစံသစ်အား စျေးကွက်ချဲ့ထွင်နိုင်ရန် ရည်ရွယ်ကာ အရှေ့တောင် အာရှတွင် မိုဘိုင်းလ်ဖြင့် အငှားယာဉ်ဝန်ဆောင်မှုစနစ်အား ဦးဆောင်နေသော Grab Company နှင့် အကျိုးတူ ပူးပေါင်းစာချုပ်ချုပ်ဆိုမှုကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပါသည်။ လေထုညစ်ညမ်းမှုကို မဖြစ်စေနိုင်သည့် Hyundai ၏ IONIQ Electric ကဲ့သို့သော ယာဉ်အမျိုးအစားများအား အသုံးပြုကာ အငှားယာဉ်ဝန်ဆောင်မှုအသစ်တစ်ရပ် အပါအဝင် အရှေ့တောင်အာရှရှိ Customer များအတွက် ၀န်ဆောင်မှုအသစ်များကို ပေးစွမ်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ Hyundai ၏ Grab စျေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုမှာ အဆိုပါကုမဏီနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုအသစ်တစ်ရပ်ကို ဖော်ဆောင်သလို Hyundai ၏ အနာဂတ်မော်တော်ယာဉ်ကဏ္ဍ မျှော်တွေးချက်အား ရှေ့တစ်လှမ်းပိုမိုနီးကပ်စေမည့် လုပ်ဆောင်ချက်လည်း ဖြစ်ပါသည်ဟု မဟာဗျူဟာနှင့် နည်းပညာဌာနခွဲမှူး ဒေါက်တာယောင်ချိုချီက ပြောကြားသွားပါသည်။ Hyundai မှ မော်တော်ယာဉ်ကဏ္ဍ၏ မြန်ဆန်သောအပြောင်းအလဲများကို ဖြေရှင်းရန်နှင့် Customer များအတွက် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများတွင် မော်တော်ယာဉ်ဝန်ဆောင်မှုများအား မြှင့်တင်လုပ်ဆောင်လျှက်ရှိသည်။ WaiveCar ကုမဏီနှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် အမေရိကန်နိုင်ငံ၌ IONIQ Electric ကားအမျိုးအစားအား အသုံးပြု၍ Car-sharing ပရိုဂရမ်တစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။ အောက်တိုဘာလတွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်၌ ပထမဆုံး Electric car sharing service ကို စတင်ဖွင့်လှစ်ခဲ့သည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် Stadtauto Car Sharing Service အတွက် IONIQ ဟိုက်ဘရစ်ကားအမျိုးအစား၏ ပထမဆုံးကားအား လွှဲပြောင်းပေးအပ်ခဲ့သည်။ IONIQ ကားအမျိုးအစားမှာ ကမ္ဘာ့ပထမဆုံး ဓာတ်အားသုံး Powertrain, Plug-In ဟိုက်ဘရစ်ကားအမျိုးအစားဖြစ်ပြီး Pure Battery Electric ကို အသုံးပြုထားသော Single Body ကားအမျိုးအစားလည်း ဖြစ်သည်။
Zawgyi version…
ေတာင္ကိုရီးယားႏိုင္ငံ၏ အႀကီးဆံုးကားထုတ္လုပ္ေရးလုပ္ငန္းျဖစ္ေသာ Hyundai Motor Company မွ အနာဂတ္ေမာ္ေတာ္ယာဥ္၀န္ေဆာင္မႈပံုစံသစ္အား ေစ်းကြက္ခ်ဲ႕ထြင္ႏိုင္ရန္ ရည္ရြယ္ကာ အေရွ႕ေတာင္ အာရွတြင္ မိုဘိုင္းလ္ျဖင့္ အငွားယာဥ္၀န္ေဆာင္မႈစနစ္အား ဦးေဆာင္ေနေသာ Grab Company ႏွင့္ အက်ိဳးတူ ပူးေပါင္းစာခ်ဳပ္ခ်ဳပ္ဆိုမႈကို ဇန္န၀ါရီလ ၁၁ ရက္ေန႕တြင္ လုပ္ေဆာင္ခဲ့ပါသည္။ ေလထုညစ္ညမ္းမႈကို မျဖစ္ေစႏိုင္သည့္ Hyundai ၏ IONIQ Electric ကဲ့သို႔ေသာ ယာဥ္အမ်ိဳးအစားမ်ားအား အသံုးျပဳကာ အငွားယာဥ္၀န္ေဆာင္မႈအသစ္တစ္ရပ္ အပါအ၀င္ အေရွ႕ေတာင္အာရွရွိ Customer မ်ားအတြက္ ၀န္ေဆာင္မႈအသစ္မ်ားကို ေပးစြမ္းႏိုင္ရန္ ရည္ရြယ္ထားျခင္းျဖစ္သည္။ Hyundai ၏ Grab ေစ်းကြက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမွာ အဆိုပါကုမဏီႏွစ္ခုအၾကား ပူးေပါင္းေဆာင္ရြက္မႈအသစ္တစ္ရပ္ကို ေဖာ္ေဆာင္သလို Hyundai ၏ အနာဂတ္ေမာ္ေတာ္ယာဥ္က႑ ေမွ်ာ္ေတြးခ်က္အား ေရွ႕တစ္လွမ္းပိုမိုနီးကပ္ေစမည့္ လုပ္ေဆာင္ခ်က္လည္း ျဖစ္ပါသည္ဟု မဟာဗ်ဴဟာႏွင့္ နည္းပညာဌာနခြဲမွဴး ေဒါက္တာေယာင္ခ်ိဳခ်ီက ေျပာၾကားသြားပါသည္။ Hyundai မွ ေမာ္ေတာ္ယာဥ္က႑၏ ျမန္ဆန္ေသာအေျပာင္းအလဲမ်ားကို ေျဖရွင္းရန္ႏွင့္ Customer မ်ားအတြက္ ပိုမိုေကာင္းမြန္ေသာ ၀န္ေဆာင္မႈမ်ားကို ေပးစြမ္းႏိုင္ရန္ ရည္ရြယ္၍ ကမၻာတစ္၀ွမ္းရွိ ၿမိဳ႕ႀကီးမ်ားတြင္ ေမာ္ေတာ္ယာဥ္၀န္ေဆာင္မႈမ်ားအား ျမွင့္တင္လုပ္ေဆာင္လွ်က္ရွိသည္။ WaiveCar ကုမဏီႏွင့္ ပူးေပါင္းကာ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီတြင္ အေမရိကန္ႏိုင္ငံ၌ IONIQ Electric ကားအမ်ိဳးအစားအား အသံုးျပဳ၍ Car-sharing ပရိုဂရမ္တစ္ခုကို လုပ္ေဆာင္ခဲ့ပါသည္။ ေအာက္တိုဘာလတြင္ နယ္သာလန္ႏိုင္ငံ အမ္စတာဒမ္ၿမိဳ႕ေတာ္၌ ပထမဆံုး Electric car sharing service ကို စတင္ဖြင့္လွစ္ခဲ့သည္။ ႏို၀င္ဘာလေႏွာင္းပိုင္းတြင္ ၾသစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕တြင္ Stadtauto Car Sharing Service အတြက္ IONIQ ဟိုက္ဘရစ္ကားအမ်ိဳးအစား၏ ပထမဆံုးကားအား လႊဲေျပာင္းေပးအပ္ခဲ့သည္။ IONIQ ကားအမ်ိဳးအစားမွာ ကမၻာ့ပထမဆံုး ဓာတ္အားသံုး Powertrain, Plug-In ဟိုက္ဘရစ္ကားအမ်ိဳးအစားျဖစ္ၿပီး Pure Battery Electric ကို အသံုးျပဳထားေသာ Single Body ကားအမ်ိဳးအစားလည္း ျဖစ္သည္။