Hyundai Motor Myanmar သည် မိသားစု လုပ်ငန်းသုံးယာဉ် အမျိုးအစား H-1 ကို SKD စနစ်ဖြင့် ထုတ်လုပ်ကာ ပြည်တွင်း ဈေးကွက်၌ စတင်မိတ်ဆက်ရောင်းချသွားခဲ့သည်။
H-1 2021 (Starex)မှာ တတိယမျိုးဆက်ဖြစ်ပြီး စွယ်စုံသုံး ကားအမျိုးအစားအဖြစ် မိသားစုခရီးသွားလာရာတွင် လူအများ လိုက်ပါစီးနင်းနိုင်သလို ကုမ္ပဏီသုံးကားတစ်စီးအဖြစ် လည်း အသုံးပြုနိုင်မည်ဖြစ်သည်။၂၀၂၁ ခုနှစ်အတွက် မြန်မာ့ ကားဈေးကွက် လိုအပ်ချက်များအပေါ် အခြေခံပြီး စွမ်းဆောင်ရည်ပေါင်း ၁၅ မျိုးကို ထပ်မံအားဖြည့်၍ တပ်ဆင်ပေးထားကြောင်း သိရသည်။
Dual Auto Sliding Door ၊ Leather Seat ၊ Electric Folding Outside Mirrors ၊ Cruise Control နှင့် ရှစ်လက်မ Smart Touch Screen AV (Andriod) စနစ်များ ထည့်သွင်း ပေးထားပြီး အမြင့်ဆုံးစွမ်းရည်အ နေဖြင့် 170ps/3600 rpm ရှိကာ အမြင့်ဆုံးရုန်းအား 45kg.m/2250 rpm ရှိသည်။
Hyundai H-1 ကို ပိုမိုကြီးမားသည့်ထုထည်၊ ပိုမိုအားကောင်းသည့် 2.5 CRDi Auto ဂီယာဒီဇယ်အင်ဂျင်အင်ဂျင်တို့နဲ့တည်ဆောက်ထားပြီး အမြင့်ဆုံးစွမ်းဆောင်ရည်အဖြစ် 3,600 rpm မှာ မြင်းကောင်ရေအား 170 ps နှင့် အမြင့်ဆုံး Torque သည် 45kg.m/2,250 rpm ထုတ်ပေးမည်ဖြစ်သည်။ CRDi အင်ဂျင်သည် မောင်းနှင်ရညက်ညောမှုကို ပေးစွမ်းတဲ့အပြင် လောင်စာဆီစားနှုန်းကိုလည်း သက်သာစေသည်အတွက် အကြိုက်တွေ့စေပြီး ဒါ့အပြင် လေးလံသောဝန်တွေ သယ်ဆောင်ရာတွင်လည်း လက်တွေ့အသုံးဝင်စေနိုင်မည့် လုပ်ငန်းသုံးယာဉ်အဖြစ်ပါ အသုံးပြုနိုင်မှည်ဖြစ်သည်။
၁၂ ယောက်စီး H-1 2021ကို ဝယ်ယူမည်ဆိုပါက အာမခံအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံရရှိမည် ဖြစ်ကြောင်း သိရသည်။

05 Jan 2021
0