Hyundai Motor Myanmar နှင့်လက်တွဲရန် ရန်ကုန်မြို့တွင်းမှ Service Dealer များအားဖိတ်ခေါ်Unicode version…
International KLM Co.,Ltd မှ Hyundai Motor Myanmar မှ Service Dealer များကို ရန်ကုန်မြို့တွင်း တိုးချဲ့ရန် ဖိတ်ခေါ်လျက်ရှိပါသည်။ Service Center တည်ထောင်ပြီး လုပ်ငန်းတိုးချဲ့လိုသူများ၊ သို့မဟုတ် မိမိဆိုင်တွင် လာပြင်သော Hyundai Customer များကို အပိုပစ္စည်းများနှင့် အရည်အသွေးစိတ်ချရသော Spare Part များဖြင့် ၀န်ဆောင်မှု ပေးချင်သည် ဆိုပါက အခု Hyundai Motor Myanmar ရဲ့ Service Dealer အဖြစ် အမြန် လျောက်ထားရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
လျောက်ထားလိုသူတွေရဲ့ လိုအပ်တဲ့အချက်တွေကတော့ Car Lift ၃ခုပါ၀င်တဲ့ Service Center တစ်ခုဖြစ်ရန်၊ လုပ်ငန်းလိုင်စင်တင်ပြရန် လိုအပ်ပါသည်။ ရွေးချယ်ခံရသူများအနေဖြင့် သက်ဆိုင်ရာဒေသများတွင် တရားဝင် အထူး Service Center ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ပါသည်။ အရောင်းကော်မရှင် ကောင်းမွန်စွာပေးမည် ဖြစ်ပါသည်။ လျောက်လွာ ပိတ်ရက်မှာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ပေးရမယ် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ကိုဝင်းထွန်းဦး ( 09 5160 837) ကိုလည်းကောင်း၊ မယဉ်မြတ်သူ (09 42367 3894) ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Hyundai Showroom ကို 2013 ခုနှစ်တွင် တစ်ဦးတည်းကိုယ်စားလှယ်တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး 2017 ခုနှစ်၊ တွင် မန္တလေး Showroom ကိုလည်းကောင်း၊ ယခု 2018 ခုနှစ်တွင် မော်လမြိုင်၊ နေပြည်တော်၊ မုံရွာ၊ မကွေး၊ လာရှိုးမြို့များတွင် Showroom နှင့် Service Center များကို ဖွင့်လှစ်ပြီး Hyundai ကားများကို ရောင်းချခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်လျက်ရှိပါသည်။
Zawgyi version…