Hyundai Motor ၏ မြန်မာပြည်တရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော International KLM co.,Ltd သည် ယခု နှစ်သစ်ကူးအထူး Promotion အနေဖြင့် ကားများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနေပါသည်။
Hyundai Motor Myanmar ထုတ်ကားများဖြစ်ကြတဲ့ Grand i10 (Hatchback), Elantra (Saloon/ Sedan), Sonata (Saloon/ Sedan), Genesis (Saloon/ Sedan), Creta (SUV), Accent (Saloon/ Sedan), Tucson (SUV), Santafe (SUV), H-1 (12 seater) နဲ့ H-100 (light truck) ကားအမျိုးအစားတွေကို အမေရိကန်ဒေါ်လာ ၁၄၀၀ မှ ၆၉၀၀ အထိ အထူးလျှော့ဈေးပေးရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀ယ်ယူသော Customer များအနေဖြင့် အနည်းဆုံးငွေပေးချေမှုနှင့် အထူး Promotion အနေဖြင့် အတိုးမယူဘဲ လစဉ်ငွေပေးသွင်းမှုများဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ H-100 Light Truck နှင့် H-1 (12-seater) Minibus တို့အား ၅နှစ်အရစ်ကျဖြင့် ရောင်းချပေးနေပြီး H-100 အားလစဉ် ပေးသွင်းငွေ ၂၄၅ ဒေါ်လာနှင့် H-1 အား လစဉ်ပေးသွင်းငွေ ၃၇၃ ဒေါ်လာတို့ဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။ ဒါ့အပြင် H-100 အတွက် အမိုးနှင့် ထိုင်ခုံကိုပါ လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလမှာ ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။ ဒါ့အပြင် Hyundai ရဲ့ ဒီဇိုင်းသစ်ဖြစ်တဲ့ Grand i10 Sedan 2018 ကားသစ်ကိုလည်း ဇန်န၀ါရီလအတွင်းမှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
စိတ်ပါဝင်စားသော Customer များအနေနှင့် Hyundai Motor Myanmar ရန်ကုန် Showroom အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁ ၅၂၂ ၇၂၃၊ ၀၉ ၄၂၁ ၀၀၂ ၀၅၁၊ Service Center ဖုန်း ၀၁ ၅၂၂ ၇၂၄ နှင့် မန္တလေး Showroom အမှတ် (3-F)၊ မြို့မဥယျာဉ်လမ်းနှင့် ၇၄ လမ်းထောင့်၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုနှင့် ကုန်သွယ်ရေးစင်တာ (MITC)၊ မန္တလေးမြို့ ဖုန်း ၀၉ ၂၅၃ ၁၅၁ ၉၇၀၊ ၀၉ ၄၅၃ ၉၅၅ ၅၆၀၊ Service Center ဖုန်း ၀၉ ၄၂၁ ၈၈၈ ၂၂၀၊ ၀၉ ၉၇၁ ၃၄၇ ၀၀၁ များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။