Hyundai ၏ N Lineup တွင် တိုးချဲထည့်သွင်းထားသည် Model များမှာ Elantra Sedan နှင့် Kona Crossover တို့ဖြစ်သည်။ ယခုအခါ 2022 Kona N သည် ထွက်ရှိလာပြီဖြစ်ပြီး ၎င်းအား ( USD 35425 ) ဖြင့် ရောင်းချမည်ဖြစ်သည့်အတွက် Hyundai N Model များတွင် ဈေးအကြီးဆုံး Model ဟု ဆိုရပါမည်။ 2022 Kona N တွင် ( 8 – Speed Dual – Clutch Auto mastic Transmission ) နှင့် Front – Wheel Drive ) တို့ကိုသာ ထည့်သွင်းထားပါမည်။ သို့သော် အင်ဂျင်သည် Veloster N နှင့် Elantra N တို့နှင့် တူညီသည့် အင်ဂျင်ဖြစ်သည့် – ( 2.0 L Turbo I4 Engine ) ၊ ( 286 hp ) အင်ဂျင်ပါဝင်ပါမည်။ ထို့အပြင် ( N Grin Shift Over boost Function ) ကိုလည်း ထည့်သွင်းထားပါမည်။ Performance အနေဖြင့် 0 to 60 mph အား ( 5.5 Seconds ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါမည်။ 2022 Hyundai Kona N တွင် ခေတ်မှီပါဝင်မှုများ အနေဖြင့် – Launch Control Function ( 10.3 – inch Touchscreen Display ) ( Variable Exhaust System ) တို့ ပါဝင်မည့်အပြင် Pirelli P Zorn Summer Tire တပ်ဆင်ထားသည့် 19 – inch Wheel လည်းပါဝင်မည်။ ထို့အပြင် 2022 Model Year အတွက် ထူးခြားချက်အနေဖြင့် – New Kona N – Exclusive Sonic Blue Exterior Color ကိုလည်း ရရှိနိုင်ပါမည်။ 2022 Hyundai Kona N အား ( USD 28425 ) ဖြင့် စတင်ရောင်းချမည်ဖြစ်ကာ Full Spec Version ဆိုပါက ( USD 35425 ) ခန့် ကျသင့်ပါမည်။
#DriveMediaMyanmar