ပြီးခဲ့တဲ့တစ်ပတ်လောက်အကြာတုန်းက Hyundai ဟာ သူတို့ရဲ့ အရွယ်အစားကြီးမားတဲ့ Performance SUV Palisade N ကို ထုတ်ပြခဲ့ပါတယ်။ တကယ်တော့ အဲဒါက April Fools’ Day မှာ စနောက်လိုတဲ့ရည်ရွယ်ချက်နဲ့ တင်ခဲ့တာဖြစ်ပေမဲ့ တကယ်ထုတ်လုပ်ေတာ့မယ့် Model လို့ ထင်မြင်ယူဆမှုတွေ များစွာရှိသွားခဲ့ပါတယ်။
အခုဆိုရင် Chagne.org ကတစ်ဆင့် Palisade N ကို အမှန်တကယ်ထုတ်လုပ်ပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုထားမှုတွေတောင် ရှိလာခဲ့ပါပြီ။
Hyundai က တကယ်ပဲထုတ်လုပ်သွားဖို့ရှိ မရှိ မသေချာသေးတဲ့ Palisade Nနဲ့ Nexo N Model တွေရဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်တို့ကော ဒီ Model သစ်တွေအပေါ် ဘယ်လိုထင်မိလဲဗျ ?
Ref: motor1
Thiha