Unicode version…
ယခုမျက်မှောက်ကာလတွင် အသုံးပြုသည့်ကားအများစုတွင် (အသက်ကယ်လေအိတ်)စနစ်များ သည် ကားတစ်စင်းလုံးပတ်လည်အတွက် ပြည့်စုံစွာပါရှိကြပါသည်။ ကားအရှေ့၊ ဘေးတံခါးများ၊ ဒူးကာနေရာနှင့် ဘေးဖက်အပေါ်တန်းတစ်လျှောက်လုံးဟူ၍ ကားအတွင်းခန်းရှိ ခရီးသည်များအတွက် ကောင်းစွာဘေးကင်းလုံခြုံနိုင်မည့် လေအိတ် များစွာအားတပ်ဆင်နိုင်ကြပါသည်။ သို့သော် ကားအတွင်း ခန်းရှိ အရေးကြီး နေရာတစ်ခုအတွက် လေအိတ်သည် လစ်လပ်နေပါသည်။ ၄င်းနေရာသည် (Sunroof -အမိုး) နေရာပင်ဖြစ်ပါသည်။
တောင်ကိုရီးယားအခြေစိုက် Hyundai နှင့် ၄င်း၏မိတ်ဖက် Company Hyundai Mobis တို့သည် အဆိုပါကွက်လပ်အား ဖြည့်ဆည်းပေးရန် (အမိုးအတွက်လေအိတ်) အားကနဦးတီထွင်ဖန်တီးမည့် Company များ ဖြစ်ကြပါသည်။ အထူးသဖြင့် Hyundai ၏ (အမိုးအတွက်လေအိတ်)သည် (Panoramic Sunroof – မြင်ကွင်းကျယ်အမိုးဖွင့်စနစ်) အတွက် အဓိကဖန်တီးခြင်းဖြစ်ပါသည်။ Hyundai ၏ ရှင်းလင်းချက်အရ (မြင်ကွင်းကျယ် အမိုးများသည် အပြည်အဝဖွင့်လိုက်ပါက ကျယ်ဝန်းသည့် မြင်ကွင်းကို ရရှိနိုင်မည်ဖြစ်၍ ထိခိုက်မှုအရတွက်ဆပါက ကြီးစွာသောထိခိုက်မှုကို ဖြစ်စေနိုင်ပါသည်။) ထို့ကြောင့် ယခုထုတ်လုပ်မည့် လေအိတ်အား (မြင်ကွင်းကျယ်အမိုး)ဧရိယာအား အပြည့်အဝကာကွယ်ပေးနိုင်ရန် ဖြန့်ကျက်ပေးထာမည်ဖြစ်ပြီး လေအိတ်အား Sunroof ၏ အရှေ့ဖက်တွင် ထားရှိမည်ဖြစ်ကာ (လေဖြည့်သွင်းချိန်)သည်(0.08 Seconds) သာကြာမြင့်မည်ဖြစ်ပြီး (အမိုးဖွင့်/ပိတ်) မည်သည့်အခြေအနေ မဆို လေအိတ်ဖွင့်နိုင်ရန် စီစဉ်ထားပါမည်။ အထူးအားဖြင့် ကားအပေါ်ဖက် နေရာသို့ ထိခိုက်လာမည့် အန္တရာယ်များအား အထူးကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ Hyundai အနေဖြင့် အဆိုပါနည်းပညာနှင့် ပတ်သက်၍ (မူပိုင်ခွင့်)(၁၁)ခုခန့် ပြုလုပ်ထားပါသည်။ (မြင်ကွင်းကျယ်အမိုးလေအိတ်စနစ်)အား Hyundai ၏ Luxury Branch ဖြစ်သည့် Genesis Luxury Cars များတွင် ပထမဆုံး မိတ်ဆက်ထည့်သွင်း ရန် စီစဉ်ထားပါသည်။
Shoot moving pix of BMW 7 Series. Also to shoot pix of BMW near parked jet planes and features of the car. Rep; George Wong
Zawgyi version…
ယခုမ်က္ေမွာက္ကာလတြင္ အသံုးျပဳသည့္ကားအမ်ားစုတြင္ (အသက္ကယ္ေလအိတ္)စနစ္မ်ား သည္ ကားတစ္စင္းလံုးပတ္လည္အတြက္ ျပည့္စံုစြာပါ႐ွိၾကပါသည္။ ကားအေ႐ွ႕၊ ေဘးတံခါးမ်ား၊ ဒူးကာေနရာႏွင့္ ေဘးဖက္အေပၚတန္းတစ္ေလွ်ာက္လံုးဟူ၍ ကားအတြင္းခန္း႐ွိ ခရီးသည္မ်ားအတြက္ ေကာင္းစြာေဘးကင္းလံုၿခံဳႏိုင္မည့္ ေလအိတ္ မ်ားစြာအားတပ္ဆင္ႏိုင္ၾကပါသည္။ သို႕ေသာ္ ကားအတြင္း ခန္း႐ွိ အေရးႀကီး ေနရာတစ္ခုအတြက္ ေလအိတ္သည္ လစ္လပ္ေနပါသည္။ ၄င္းေနရာသည္ (Sunroof -အမိုး) ေနရာပင္ျဖစ္ပါသည္။
ေတာင္ကိုရီးယားအေျခစိုက္ Hyundai ႏွင့္ ၄င္း၏မိတ္ဖက္ Company Hyundai Mobis တို႕သည္ အဆိုပါကြက္လပ္အား ျဖည့္ဆည္းေပးရန္ (အမိုးအတြက္ေလအိတ္) အားကနဦးတီထြင္ဖန္တီးမည့္ Company မ်ား ျဖစ္ၾကပါသည္။ အထူးသျဖင့္ Hyundai ၏ (အမိုးအတြက္ေလအိတ္)သည္ (Panoramic Sunroof – ျမင္ကြင္းက်ယ္အမိုးဖြင့္စနစ္) အတြက္ အဓိကဖန္တီးျခင္းျဖစ္ပါသည္။ Hyundai ၏ ႐ွင္းလင္းခ်က္အရ (ျမင္ကြင္းက်ယ္ အမိုးမ်ားသည္ အျပည္အ၀ဖြင့္လိုက္ပါက က်ယ္၀န္းသည့္ ျမင္ကြင္းကို ရ႐ွိႏိုင္မည္ျဖစ္၍ ထိခိုက္မႈအရတြက္ဆပါက ႀကီးစြာေသာထိခိုက္မႈကို ျဖစ္ေစႏိုင္ပါသည္။) ထို႕ေၾကာင့္ ယခုထုတ္လုပ္မည့္ ေလအိတ္အား (ျမင္ကြင္းက်ယ္အမိုး)ဧရိယာအား အျပည့္အ၀ကာကြယ္ေပးႏိုင္ရန္ ျဖန္႕က်က္ေပးထာမည္ျဖစ္ၿပီး ေလအိတ္အား Sunroof ၏ အေ႐ွ႕ဖက္တြင္ ထား႐ွိမည္ျဖစ္ကာ (ေလျဖည့္သြင္းခ်ိန္)သည္(0.08 Seconds) သာၾကာျမင့္မည္ျဖစ္ၿပီး (အမိုးဖြင့္/ပိတ္) မည္သည့္အေျခအေန မဆို ေလအိတ္ဖြင့္ႏိုင္ရန္ စီစဥ္ထားပါမည္။ အထူးအားျဖင့္ ကားအေပၚဖက္ ေနရာသို႕ ထိခိုက္လာမည့္ အႏၱရာယ္မ်ားအား အထူးကာကြယ္ေပးႏိုင္မည္ျဖစ္ပါသည္။ Hyundai အေနျဖင့္ အဆိုပါနည္းပညာႏွင့္ ပတ္သက္၍ (မူပိုင္ခြင့္)(၁၁)ခုခန္႕ ျပဳလုပ္ထားပါသည္။ (ျမင္ကြင္းက်ယ္အမိုးေလအိတ္စနစ္)အား Hyundai ၏ Luxury Branch ျဖစ္သည့္ Genesis Luxury Cars မ်ားတြင္ ပထမဆံုး မိတ္ဆက္ထည့္သြင္း ရန္ စီစဥ္ထားပါသည္။