Unicode version…
ငယ်ရွယ်တက်ကြွတဲ့အသွင်နဲ့ Hyundai Tucson 2017
Hyundai Tucson ဟာ SUV ကားအမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားအခြေစိုက် Hyundai ကားထုတ်လုပ်ရေးလုပ်ငန်းက ၂၀၀၄ ခုနှစ်ကတည်းကစတင်ထုတ်လုပ်ခဲ့တဲ့ ကားမော်ဒယ်ဖြစ်ပါတယ်။ Hyundai ကထုတ်တဲ့ ကားမော်ဒယ်တွေထဲမှာတော့ Tucson ဟာ SantaFe နဲ့ Veracruz နောက်ကလိုက်တဲ့ မော်ဒယ်လို့ပြောလို့ရပါတယ်။ ယခုလက်ရှိ နောက်ဆုံးရုပ်ထွက်အသစ်နဲ့ ၂၀၁၇ မော်ဒယ် Tucson ဟာ မျိုးဆက်အနေနဲ့ပြောရရင် ဒုတိယမြောက်မျိုးဆက်ဖြစ်ပြီး SUV တစ်စီးမှာ လူတွေမျှော်မှန်းထားတာထက်ပိုတဲ့အားသာချက်တွေပါရှိနေပါတယ်။ ဒီကားဟာ ငယ်ရွယ်တက်ကြွတဲ့အသွင်ရှိတယ်၊ အတွင်းခန်းကျယ်ပြီး မြင်နိုင်စွမ်းပိုအောင် ဒီဇိုင်းထုတ်ထားတယ်။ ရလဒ်အနေနဲ့ ပစ္စည်းအတင်အချလွယ်ပြီး ပါကင်ထိုးရတာအခက်အခဲမရှိစေတဲ့၊ မောင်းနှင်ရတာပျော်စရာကောင်းပြီး ကြည့်ရုံနဲ့တင်စိတ်လှုပ်ရှားစေတဲ့ ကားတစ်စီးအဖြစ် ထွက်ပေါ်လာပါပြီ။ ကားဒီဇိုင်းဟာဆိုရင်လည်း အရင်ကားများထက် ပိုမို ကြီးမားခိုင်ခ့ံအောင်ထုတ်လုပ်ထားပါတယ်။ အရည်အသွေးကောင်းမွန်မှုကို အသားပေးထားပြီး customer တွေကို စိတ်ကျေနပ်မှု အကောင်းဆုံး ပေးနိုင်မဲ့ကားလေးပဲဖြစ်ပါတယ်။ Tuscon ကားဟာ Hyundai ကားထုတ်လုပ်မှုရဲ့ အဓိက မျှော်မှန်းချက်ဖြစ်တဲ့ အဆင့်အတန်း မြင့်မားတဲ့ ဒီဇိုင်း၊ သက်သောင့်သက်သာရှိစေမှု၊ လုံခြုံစိတ်ချမှု တွေကို အလေးပေး ထုတ်လုပ်ခဲ့တာကြောင့် Customer တွေ ကြားမှာ နာမည်ရနေတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Tucson ကားရဲ့ လှပခိုင်ခံ့တဲ့ အပြင်ပန်း ကားဒီဇိုင်း၊လုံခြံုမှုကို အလေးပေးထားတဲ့ ဆင်ဆာများတပ်ဆင်ထားခြင်း၊ အရေးပေါ် အော်တိုဘရိတ် System များပါရှိခြင်းကြောင့် အမေရိကန်နိုင်ငံမှ ချီးမြင့်သော လုံခြံုစိတ်ချမှု အကောင်းဆုံးဆု ( IIHS) ကို ပါရရှိထားတဲ့ကားလေးဖြစ်ပါတယ်။အခုလို တီထွင်ဆန်းသစ်မှုအသစ်တွေနဲ့ပေါ်ထွက်လာတဲ့ Tucson ဟာဆိုရင် Customer စိတ်ကျေနပ်မှုအကောင်းဆုံးရတဲ့ ကားတစ်စီးအဖြစ် ရပ်တည်လျက်ရှိပါတယ်။
စွမ်းဆောင်ရည်နှင့် အသေးစိတ်အချက်အလက်များ
အင်ဂျင်အမျိုးအစား R2.0 CRDi
အင်ဂျင်ပါ၀ါ 2.0 လီတာ / 1995 စီစီ
အမြင့်ဆုံးစွမ်းရည် 185 ps/4,000 rpm
အမြင့်ဆုံးရုန်းအား 41.0 kgm/ 1,750~2,750 rpm
ဆီစားနှုန်း 16.7 km/L (Combined)
ဂီယာအမျိုးအစား SHIFTRONIC® ပါ၀င်သော 6-speed အော်တိုဂီယာ
ဆီအမျိုးအစား ဒီဇယ်
မောင်းနှင်မှုပုံစံ 2WD/4WD
အပြင်ပိုင်း
အပြင်ပိုင်း မီးများ
LED နေ့ဘက်ဖွင့်ရှေ့မီးတွေနဲ့ LED နောက်မီးတွေပါ၀င်မှု၊ ဒါ့အပြင် အမြင့်ဆုံးမီးအားရရှိစေမယ့် LED အပြည့် ရှေ့မီးကြီးတွေပါရှိမှု ကြောင့် ဘယ်နေရာမှာမောင်းမောင်း မြင်နိုင်စွမ်းကောင်းစေပါတယ်။ ချိုးကွေ့နိုင်တဲ့အလင်းပေးစနစ် (DBLS) ပါ၀င်တဲ့ ပြင်းအားမြင့် Xenon ရှေ့မီးကြီးတွေက လမ်းအကွေ့တွေမှာ မီးအလင်းရောင်ကိုအလိုက်သင့်ကွေ့သွားစေပြီး ကားရဲ့ဦးတည်ရာအတိုင်း အကောင်းဆုံးအလင်းပေးပါတယ်။ ဒါ့အပြင် ကားအနားကိုကပ်လာရင် အလိုအလျောက်လင်းလာမယ့် LED မီးတွေကို အပြင်တံခါးလက်ကိုင်တွေမှာ တပ်ဆင်ပေးထားလို့ ညဘက်တွေမှာ ပိုပြီးအဆင်ပြေလွယ်ကူစေပါတယ်။
ဘေးနောက်ကြည့်မှန်ရှိ အချက်ပြမီးများ
လေခွင်းအားကောင်းအောင် ပုံဖော်ထားတဲ့ ဘေးနောက်ကြည့်မှန်တွေမှာ ရုပ်ထွက်ပိုလှစေရုံတင်မကပဲ ညဘက်ပိုပြီးမြင်သာအောင်နဲ့ ကားမောင်းရတာပိုပြီး အန္တရာယ်ကင်းစေဖို့ အချက်ပြမီးတွေတပ်ဆင်ပေးထားပါတယ်။
အတွင်းပိုင်း
Tucson ၄.၂ လက်မ Touch Screen မျက်နှာပြင်ပါရှိပြီး၊ အသံနဲ့အမိန့်ပေးစေခိုင်း တာတွေလုပ်ဆောင်နိုင်စေဖို့ ဒါမှမဟုတ် ကားရဲ့ Touch Screen နဲ့ သင့်လက်ကိုင်ဖုန်းထဲက App တွေကို ချိတ်ဆက်နိုင်စေဖို့ နောက်ဆုံးပေါ်နည်းပညာတွေလည်း ထည့်သွင်းပေးထားပါတယ်။
ယာဉ်မောင်းထိုင်ခုံကို ချိန်ညှိနိုင်ခြင်း
ယာဉ်မောင်းတဲ့သူ သက်တောင့်သက်သာရှိအောင် ထိုင်ခုံအနိမ့်အမြင့်ချိန်ညှိတာအပါ၀င် ပုံစံ ၆ မျိုးနဲ့ ယာဉ်မောင်းထိုင်ခုံကို ချိန်ညှိနိုင်ပါတယ်။
နောက်ခုံတန်းကို ချိုးချနိုင်ခြင်း
၆၀/၄၀ ချိုးချနိုင်တဲ့နောက်ခုံတန်းကြောင့် ပစ္စည်းတင်ဖို့နေရာအကျယ်အဝန်းပိုပြီးရနိုင်မှာပါ။
အတွင်းခန်း သားရေအပြင်အဆင်
တင့်တယ်တဲ့ကားတစ်စီးရဲ့ လှပတဲ့အသွင်ဆောင်နိုင်ဖို့ ဒီကားရဲ့အတွင်းပိုင်းမှာ သားရေထိုင်ခုံတွေနဲ့အတူ သားရေနဲ့ကွပ်ထားတဲ့ စတီယာရင်နဲ့ ဂီယာတံတို့နဲ့ အလှဆင်ထားပါတယ်။
လုံခြံုရေး
အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်
ကင်မရာနဲ့ ရေဒါအာရုံခံကိရိယာတွေကိုအသုံးပြုတဲ့ Tucson ရဲ့ အလိုအလျောက် အရေးပေါ် ဘရိတ်စနစ်ဟာ ခြေလျင်သွားတဲ့သူတွေကို ထောက်လှမ်းပေးနိုင်မယ့် စနစ်လည်းပါ၀င်ပါတယ်။ အမှုမဲ့အမှတ်မဲ့လမ်းလျှောက်နေတဲ့သူတစ်ယောက်ယောက် ဒါမှမဟုတ် သင့်ယာဉ်သွားမယ့်လမ်းမှာ အခြားယာဉ်တစ်စီးစီးကို ထောက်လှမ်းမိပြီး တိုက်မိဖို့သေချာနေပြီဆိုရင် ယာဉ်မောင်းက ဘာမှမလုပ်ရင်တောင် ဒီစနစ်က အလိုအလျောက်ဘရိတ်အုပ်ပေးပါတယ်။ တစ်နာရီ ၅ မိုင်နှုန်းကနေ ၄၃ မိုင်နှုန်းအရှိန်အထိ မောင်းနေရင်တောင် အပြည့်အဝဘရိတ်ဖမ်းပေးနိုင်ပါတယ်။
ယာဉ်အနောက်ဖက် ပါကင်အထောက်အကူပြုစနစ်
ဘက်ဂီယာထိုးထားတဲ့အခါ ကားအနောက်ဘန်ပါမှာမြှုပ်သွင်းထားတဲ့ အကွာအဝေးထောက်လှမ်းပေးတဲ့အာရုံခံကိရိယာတွေက တစ်စုံတစ်ခုအနားကို အရမ်းကပ်မိသွားတာနဲ့ ယာဉ်မောင်းကို အသံနဲ့သတိပေးပါတယ်။
မျက်ကွယ်နေရာကိုထောက်လှမ်းပေးသည့်စနစ်၊ အနောက်ဘေးဘက်ယာဉ်ကြောသတိပေးစနစ်နှင့် ယာဉ်ကြောပြောင်း အထောက်အကူပြုစနစ်
မျက်ကွယ်နေရာကိုထောက်လှမ်းပေးတဲ့စနစ်ဟာ ယာဉ်မောင်းမမြင်နိုင်တဲ့နေရာမှာ ယာဉ်တစ်စီးစီးရှိမရှိထောက်လှမ်းပေးပြီး အသံ၊ အမြင်နဲ့သတိပေးပါတယ်။ အနောက်ဘေးဘက်ယာဉ်ကြောသတိပေးစနစ်ကတော့ ကားပါကင်လိုမျိုးကနေ နောက်ဆုတ်ထွက်တဲ့အခါမှာ ဘေးဘက်ကနေမောင်းဝင်လာတဲ့ အခြားကားတွေကို ထောက်လှမ်းပြီး ယာဉ်မောင်းကိုသတိပေးဖို့ဖြစ်ပါတယ်။ ယာဉ်ကြောပြောင်း အထောက်အကူပြုစနစ်ကတော့ ဘေးဘက်ယာဉ်ကြောက မောင်းလာတဲ့အခြားကားရဲ့အမြန်နှုန်းကို တိုင်းတာပေးပြီး ယာဉ်ကြောပြောင်းသင့်မသင့် ဆုံးဖြတ်ကာ မပြောင်းသင့်ဘူးဆိုရင် အသံ၊ အမြင်နဲ့သတိပေးပါတယ်။
လေအိတ် ၆ လုံးစနစ်
ယာဉ်းမောင်းနဲ့ရှေ့ခန်းခရီးသည်အတွက် လေအိတ် နှစ်လုံး၊ ရှေ့ခန်းဘေးလေအိတ် နှစ်လုံးနဲ့ ဘေးတံခါးမှန်လေအိတ် နှစ်လုံးတို့က အကောင်းဆုံး လုံခြံုမှုကို ပေးစွမ်းနိုင်ပါတယ်။
Electronic Stability Control (ESC)
ESC စနစ်ဟာ ဘီးလည်ပတ်မှုနဲ့ စတီယာရင်အချိုးအကွေ့ကို အာရုံခံပေးပြီး ရုတ်တရက်ဘရိတ်ဖမ်းပြီးကွေ့ရတဲ့အခါမှာ လမ်းမချော်စေဖို့ အင်ဂျင်၊ ဘရိတ်စနစ်နဲ့ စတီယာရင်ကို ထိန်းညှိပေးပါတယ်။ ဘီးတစ်ဘီးချင်းစီကို အလိုအလျောက် ဘရိတ်ဖမ်းပေးတာကြောင့် လမ်းမချော်စေပဲ သင့်အနေနဲ့ကားကို ဆက်လက်ထိန်းချုပ်နိုင်စေပါတယ်။
အဆင်ပြေလွယ်ကူမှု
အဝေးထိန်းသော့ဖြင့်ဝင်ရောက်မှု၊ Push Start စနစ်
တခြားခေတ်မီကားတွေနည်းတူ Tucson မှာ သော့လှည့်ဖွင့်စရာမလိုပဲ အဝေးထိန်းဝင်ရောက်နိုင်တဲ့စနစ်နဲ့ Push Start စနစ်ကို အသုံးပြုထားပါတယ်။
လက်ဖြင့်ဖွင့်စရာမလိုပဲ အလိုအလျောက်ပွင့်သော စမတ်နောက်ဖုံးတံခါး
Tucson ရဲ့ စမတ် ပါ၀ါ နောက်ဖုံးတံခါးဟာ ကားသော့ကို ကိုယ့်ရဲ့ အိတ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲထည့်ထားပြီး နောက်ဖုံးနဲ့ ပေအနည်းငယ်အတွင်းမှာ စက္ကန့်ပိုင်းလောက်ရပ်နေရုံနဲ့ ကိုယ့်လက်နဲ့ဖွင့်စရာမလိုပဲ အလိုအလျောက်ပွင့်လာမှာဖြစ်ပါတယ်။
Cruise Control စနစ်
Cruise Control စနစ်ကိုအသုံးပြုရင် လီဗာကိုနင်းထားစရာမလိုပဲ ကားကို အမြန်နှုန်းတစ်ခုတည်းမှာ တစ်သမတ်တည်းထိန်းထားပေး ပါတယ်။ ပင်ပန်းစေမယ့် High Way မောင်းနှင်ရတဲ့အခါမျိုးမှာ အထူးပဲအသုံးဝင်မယ့် စနစ်ပါ။
ရရှိနိုင်သောအရောင်များ
Tucson ကို တရားဝင်ရောင်းချနေတဲ့ ရန်ကုန်နဲ့ မန္တလေး Hyundai Showroom တွေမှာ အဖြူ၊ ငွေရောင်၊ မီးခိုး၊ အနက်၊ အပြာ၊ အညိုဖျော့ နဲ့ အနီ ရောင်တွေကို ရရှိနိုင်ပါတယ်။
Price and Service
Hyundai Showroom မှာ Tucson ကို တရားဝင်ရောင်းချနေတဲ့စျေးကတော့ 2WD အတွက် အမေရိကန်ဒေါ်လာ ၄၂၅၀၀ နှင့် 4WD အတွက် အမေရိကန်ဒေါ်လာ ၄၆၅၀၀ ဖြစ်ပြီး ၃ နှစ် (သို့) ကီလို ၁ သိန်း အာမခံပေးထားပါတယ်။ လက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေဝယ်ယူ နိုင်ပါတယ်။ စိတ်ပါ၀င်စားတယ်ဆိုရင် Hyundai အိမ်စီးကားတွေရဲ့ တရားဝင်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်တဲ့ Hyundai Showroom ရန်ကုန်အရာင်းပြခန်း:အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊အရောင်းပြခန်း ဖုန်း ၀၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ ကိုဖြစ်စေ၊ မန္ကလေးအရောင်းပြခန်း: အမှတ် (3-F) ၊ မြို့မဥယျာဉ်လမ်းနှင့် ရ၄လမ်းထောင့်၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး စက်မှု နှင့်ကုန်သွယ်ရေးစင်တာ (MITC) ၊ မန္တလေးမြို့ ဖုန်း ၀၉၂၅၃၁၅၁၉၇၀၊ ၀၉၄၅၃၉၅၅၅၆၀သို့ ဖြစ်စေ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။
Zawgyi version…
ငယ္ရြယ္တက္ႂကြတဲ့အသြင္နဲ႔ Hyundai Tucson 2017
Hyundai Tucson ဟာ SUV ကားအမ်ိဳးအစားျဖစ္ၿပီး ေတာင္ကိုရီးယားအေျခစိုက္ Hyundai ကားထုတ္လုပ္ေရးလုပ္ငန္းက ၂၀၀၄ ခုႏွစ္ကတည္းကစတင္ထုတ္လုပ္ခဲ့တဲ့ ကားေမာ္ဒယ္ျဖစ္ပါတယ္။ Hyundai ကထုတ္တဲ့ ကားေမာ္ဒယ္ေတြထဲမွာေတာ့ Tucson ဟာ SantaFe နဲ႔ Veracruz ေနာက္ကလုိက္တဲ့ ေမာ္ဒယ္လုိ႔ေျပာလုိ႔ရပါတယ္။ ယခုလက္ရွိ ေနာက္ဆံုးရုပ္ထြက္အသစ္နဲ႔ ၂၀၁၇ ေမာ္ဒယ္ Tucson ဟာ မ်ိဳးဆက္အေနနဲ႔ေျပာရရင္ ဒုတိယေျမာက္မ်ိဳးဆက္ျဖစ္ၿပီး SUV တစ္စီးမွာ လူေတြေမွ်ာ္မွန္းထားတာထက္ပိုတဲ့အားသာခ်က္ေတြပါရွိေနပါတယ္။ ဒီကားဟာ ငယ္ရြယ္တက္ႂကြတဲ့အသြင္ရွိတယ္၊ အတြင္းခန္းက်ယ္ၿပီး ျမင္ႏိုင္စြမ္းပိုေအာင္ ဒီဇိုင္းထုတ္ထားတယ္။ ရလဒ္အေနနဲ႔ ပစၥည္းအတင္အခ်လြယ္ၿပီး ပါကင္ထိုးရတာအခက္အခဲမရွိေစတဲ့၊ ေမာင္းႏွင္ရတာေပ်ာ္စရာေကာင္းၿပီး ၾကည့္ရံုနဲ႔တင္စိတ္လႈပ္ရွားေစတဲ့ ကားတစ္စီးအျဖစ္ ထြက္ေပၚလာပါၿပီ။ ကားဒီဇိုင္းဟာဆိုရင္လည္း အရင္ကားမ်ားထက္ ပိုမို ၾကီးမားခိုင္ခ့ံေအာင္ထုတ္လုပ္ထားပါတယ္။ အရည္အေသြးေကာင္းမြန္မႈကို အသားေပးထားၿပီး customer ေတြကို စိတ္ေက်နပ္မႈ အေကာင္းဆံုး ေပးႏုိင္မဲ့ကားေလးပဲၿဖစ္ပါတယ္။ Tuscon ကားဟာ Hyundai ကားထုတ္လုပ္မႈရဲ႕ အဓိက ေမွ်ာ္မွန္းခ်က္ၿဖစ္တဲ့ အဆင့္အတန္း ၿမင့္မားတဲ့ ဒီဇိုင္း၊ သက္ေသာင့္သက္သာရွိေစမႈ၊ လံုၿခံဳစိတ္ခ်မႈ ေတြကို အေလးေပး ထုတ္လုပ္ခဲ့တာေၾကာင့္ Customer ေတြ ၾကားမွာ နာမည္ရေနတဲ့ ကားတစ္စီးၿဖစ္ပါတယ္။ Tucson ကားရဲ႕ လွပခိုင္ခံ့တဲ့ အၿပင္ပန္း ကားဒီဇိုင္း၊လံုၿခံဳမႈကို အေလးေပးထားတဲ့ ဆင္ဆာမ်ားတပ္ဆင္ထားၿခင္း၊ အေရးေပၚ ေအာ္တိုဘရိတ္ System မ်ားပါရွိၿခင္းေၾကာင့္ အေမရိကန္ႏိုင္ငံမွ ခ်ီးၿမင့္ေသာ လံုၿခံဳစိတ္ခ်မႈ အေကာင္းဆံုးဆု ( IIHS) ကို ပါရရွိထားတဲ့ကားေလးၿဖစ္ပါတယ္။အခုလို တီထြင္ဆန္းသစ္မႈအသစ္ေတြနဲ႕ေပၚထြက္လာတဲ့ Tucson ဟာဆိုရင္ Customer စိတ္ေက်နပ္မႈအေကာင္းဆံုးရတဲ့ ကားတစ္စီးအၿဖစ္ ရပ္တည္လ်က္ရွိပါတယ္။
စြမ္းေဆာင္ရည္ႏွင့္ အေသးစိတ္အခ်က္အလက္မ်ား
အင္ဂ်င္အမ်ိဳးအစား R2.0 CRDi
အင္ဂ်င္ပါ၀ါ 2.0 လီတာ / 1995 စီစီ
အျမင့္ဆံုးစြမ္းရည္ 185 ps/4,000 rpm
အျမင့္ဆံုးရုန္းအား 41.0 kgm/ 1,750~2,750 rpm
ဆီစားႏႈန္း 16.7 km/L (Combined)
ဂီယာအမ်ိဳးအစား SHIFTRONIC® ပါ၀င္ေသာ 6-speed ေအာ္တိုဂီယာ
ဆီအမ်ိဳးအစား ဒီဇယ္
ေမာင္းႏွင္မႈပံုစံ 2WD/4WD
အျပင္ပိုင္း
အျပင္ပိုင္း မီးမ်ား
LED ေန႔ဘက္ဖြင့္ေရွ႕မီးေတြနဲ႔ LED ေနာက္မီးေတြပါ၀င္မႈ၊ ဒါ့အျပင္ အျမင့္ဆံုးမီးအားရရွိေစမယ့္ LED အျပည့္ ေရွ႕မီးႀကီးေတြပါရွိမႈ ေၾကာင့္ ဘယ္ေနရာမွာေမာင္းေမာင္း ျမင္ႏိုင္စြမ္းေကာင္းေစပါတယ္။ ခ်ိဳးေကြ႕ႏုိင္တဲ့အလင္းေပးစနစ္ (DBLS) ပါ၀င္တဲ့ ျပင္းအားျမင့္ Xenon ေရွ႕မီးႀကီးေတြက လမ္းအေကြ႕ေတြမွာ မီးအလင္းေရာင္ကိုအလိုက္သင့္ေကြ႕သြားေစၿပီး ကားရဲ့ဦးတည္ရာအတိုင္း အေကာင္းဆံုးအလင္းေပးပါတယ္။ ဒါ့အျပင္ ကားအနားကိုကပ္လာရင္ အလိုအေလ်ာက္လင္းလာမယ့္ LED မီးေတြကို အျပင္တံခါးလက္ကိုင္ေတြမွာ တပ္ဆင္ေပးထားလို႔ ညဘက္ေတြမွာ ပိုၿပီးအဆင္ေျပလြယ္ကူေစပါတယ္။
ေဘးေနာက္ၾကည့္မွန္ရွိ အခ်က္ျပမီးမ်ား
ေလခြင္းအားေကာင္းေအာင္ ပံုေဖာ္ထားတဲ့ ေဘးေနာက္ၾကည့္မွန္ေတြမွာ ရုပ္ထြက္ပိုလွေစရံုတင္မကပဲ ညဘက္ပိုၿပီးျမင္သာေအာင္နဲ႔ ကားေမာင္းရတာပိုၿပီး အႏၱရာယ္ကင္းေစဖုိ႔ အခ်က္ျပမီးေတြတပ္ဆင္ေပးထားပါတယ္။
အတြင္းပိုင္း
Tucson ၄.၂ လက္မ Touch Screen မ်က္ႏွာျပင္ပါရွိၿပီး၊ အသံနဲ႔အမိန္႔ေပးေစခိုင္း တာေတြလုပ္ေဆာင္ႏိုင္ေစဖုိ႔ ဒါမွမဟုတ္ ကားရဲ့ Touch Screen နဲ႔ သင့္လက္ကိုင္ဖုန္းထဲက App ေတြကို ခ်ိတ္ဆက္ႏိုင္ေစဖုိ႔ ေနာက္ဆံုးေပၚနည္းပညာေတြလည္း ထည့္သြင္းေပးထားပါတယ္။
ယာဥ္ေမာင္းထိုင္ခံုကို ခ်ိန္ညွိႏုိင္ျခင္း
ယာဥ္ေမာင္းတဲ့သူ သက္ေတာင့္သက္သာရွိေအာင္ ထိုင္ခံုအနိမ့္အျမင့္ခ်ိန္ညွိတာအပါ၀င္ ပံုစံ ၆ မ်ိဳးနဲ႔ ယာဥ္ေမာင္းထိုင္ခံုကို ခ်ိန္ညွိႏုိင္ပါတယ္။
ေနာက္ခံုတန္းကို ခ်ိဳးခ်ႏိုင္ျခင္း
၆၀/၄၀ ခ်ိဳးခ်ႏိုင္တဲ့ေနာက္ခံုတန္းေၾကာင့္ ပစၥည္းတင္ဖုိ႔ေနရာအက်ယ္အ၀န္းပိုၿပီးရႏိုင္မွာပါ။
အတြင္းခန္း သားေရအျပင္အဆင္
တင့္တယ္တဲ့ကားတစ္စီးရဲ့ လွပတဲ့အသြင္ေဆာင္ႏိုင္ဖုိ႔ ဒီကားရဲ့အတြင္းပိုင္းမွာ သားေရထိုင္ခံုေတြနဲ႔အတူ သားေရနဲ႔ကြပ္ထားတဲ့ စတီယာရင္နဲ႔ ဂီယာတံတို႔နဲ႔ အလွဆင္ထားပါတယ္။
လံုၿခံဳေရး
အလိုအေလ်ာက္ အေရးေပၚ ဘရိတ္စနစ္
ကင္မရာနဲ႔ ေရဒါအာရံုခံကိရိယာေတြကိုအသံုးျပဳတဲ့ Tucson ရဲ့ အလိုအေလ်ာက္ အေရးေပၚ ဘရိတ္စနစ္ဟာ ေျခလ်င္သြားတဲ့သူေတြကို ေထာက္လွမ္းေပးႏုိင္မယ့္ စနစ္လည္းပါ၀င္ပါတယ္။ အမႈမဲ့အမွတ္မဲ့လမ္းေလွ်ာက္ေနတဲ့သူတစ္ေယာက္ေယာက္ ဒါမွမဟုတ္ သင့္ယာဥ္သြားမယ့္လမ္းမွာ အျခားယာဥ္တစ္စီးစီးကို ေထာက္လွမ္းမိၿပီး တိုက္မိဖုိ႔ေသခ်ာေနၿပီဆိုရင္ ယာဥ္ေမာင္းက ဘာမွမလုပ္ရင္ေတာင္ ဒီစနစ္က အလိုအေလ်ာက္ဘရိတ္အုပ္ေပးပါတယ္။ တစ္နာရီ ၅ မိုင္ႏႈန္းကေန ၄၃ မိုင္ႏႈန္းအရွိန္အထိ ေမာင္းေနရင္ေတာင္ အျပည့္အ၀ဘရိတ္ဖမ္းေပးႏုိင္ပါတယ္။
ယာဥ္အေနာက္ဖက္ ပါကင္အေထာက္အကူျပဳစနစ္
ဘက္ဂီယာထိုးထားတဲ့အခါ ကားအေနာက္ဘန္ပါမွာျမွဳပ္သြင္းထားတဲ့ အကြာအေ၀းေထာက္လွမ္းေပးတဲ့အာရံုခံကိရိယာေတြက တစ္စံုတစ္ခုအနားကို အရမ္းကပ္မိသြားတာနဲ႔ ယာဥ္ေမာင္းကို အသံနဲ႔သတိေပးပါတယ္။
မ်က္ကြယ္ေနရာကိုေထာက္လွမ္းေပးသည့္စနစ္၊ အေနာက္ေဘးဘက္ယာဥ္ေၾကာသတိေပးစနစ္ႏွင့္ ယာဥ္ေၾကာေျပာင္း အေထာက္အကူျပဳစနစ္
မ်က္ကြယ္ေနရာကိုေထာက္လွမ္းေပးတဲ့စနစ္ဟာ ယာဥ္ေမာင္းမျမင္ႏိုင္တဲ့ေနရာမွာ ယာဥ္တစ္စီးစီးရွိမရွိေထာက္လွမ္းေပးၿပီး အသံ၊ အျမင္နဲ႔သတိေပးပါတယ္။ အေနာက္ေဘးဘက္ယာဥ္ေၾကာသတိေပးစနစ္ကေတာ့ ကားပါကင္လုိမ်ိဳးကေန ေနာက္ဆုတ္ထြက္တဲ့အခါမွာ ေဘးဘက္ကေနေမာင္း၀င္လာတဲ့ အျခားကားေတြကို ေထာက္လွမ္းၿပီး ယာဥ္ေမာင္းကိုသတိေပးဖုိ႔ျဖစ္ပါတယ္။ ယာဥ္ေၾကာေျပာင္း အေထာက္အကူျပဳစနစ္ကေတာ့ ေဘးဘက္ယာဥ္ေၾကာက ေမာင္းလာတဲ့အျခားကားရဲ့အျမန္ႏႈန္းကို တိုင္းတာေပးၿပီး ယာဥ္ေၾကာေျပာင္းသင့္မသင့္ ဆံုးျဖတ္ကာ မေျပာင္းသင့္ဘူးဆိုရင္ အသံ၊ အျမင္နဲ႔သတိေပးပါတယ္။
ေလအိတ္ ၆ လံုးစနစ္
ယာဥ္းေမာင္းနဲ႔ေရွ႕ခန္းခရီးသည္အတြက္ ေလအိတ္ ႏွစ္လံုး၊ ေရွ႕ခန္းေဘးေလအိတ္ ႏွစ္လံုးနဲ႔ ေဘးတံခါးမွန္ေလအိတ္ ႏွစ္လံုးတုိ႔က အေကာင္းဆံုး လံုၿခံဳမႈကို ေပးစြမ္းႏုိင္ပါတယ္။
Electronic Stability Control (ESC)
ESC စနစ္ဟာ ဘီးလည္ပတ္မႈနဲ႔ စတီယာရင္အခ်ိဳးအေကြ႕ကို အာရံုခံေပးၿပီး ရုတ္တရက္ဘရိတ္ဖမ္းၿပီးေကြ႕ရတဲ့အခါမွာ လမ္းမေခ်ာ္ေစဖုိ႔ အင္ဂ်င္၊ ဘရိတ္စနစ္နဲ႔ စတီယာရင္ကို ထိန္းညွိေပးပါတယ္။ ဘီးတစ္ဘီးခ်င္းစီကို အလိုအေလ်ာက္ ဘရိတ္ဖမ္းေပးတာေၾကာင့္ လမ္းမေခ်ာ္ေစပဲ သင့္အေနနဲ႔ကားကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္ေစပါတယ္။
အဆင္ေျပလြယ္ကူမႈ
အေ၀းထိန္းေသာ့ျဖင့္၀င္ေရာက္မႈ၊ Push Start စနစ္
တျခားေခတ္မီကားေတြနည္းတူ Tucson မွာ ေသာ့လွည့္ဖြင့္စရာမလိုပဲ အေ၀းထိန္း၀င္ေရာက္ႏိုင္တဲ့စနစ္နဲ႔ Push Start စနစ္ကို အသံုးျပဳထားပါတယ္။
လက္ျဖင့္ဖြင့္စရာမလုိပဲ အလိုအေလ်ာက္ပြင့္ေသာ စမတ္ေနာက္ဖံုးတံခါး
Tucson ရဲ့ စမတ္ ပါ၀ါ ေနာက္ဖံုးတံခါးဟာ ကားေသာ့ကို ကုိယ့္ရဲ့ အိတ္ကပ္ ဒါမွမဟုတ္ ပိုက္ဆံအိတ္ထဲထည့္ထားၿပီး ေနာက္ဖံုးနဲ႔ ေပအနည္းငယ္အတြင္းမွာ စကၠန္႔ပိုင္းေလာက္ရပ္ေနရံုနဲ႔ ကုိယ့္လက္နဲ႔ဖြင့္စရာမလိုပဲ အလိုအေလ်ာက္ပြင့္လာမွာျဖစ္ပါတယ္။
Cruise Control စနစ္
Cruise Control စနစ္ကိုအသံုးျပဳရင္ လီဗာကိုနင္းထားစရာမလိုပဲ ကားကို အျမန္ႏႈန္းတစ္ခုတည္းမွာ တစ္သမတ္တည္းထိန္းထားေပး ပါတယ္။ ပင္ပန္းေစမယ့္ High Way ေမာင္းႏွင္ရတဲ့အခါမ်ိဳးမွာ အထူးပဲအသံုး၀င္မယ့္ စနစ္ပါ။
ရရွိႏိုင္ေသာအေရာင္မ်ား
Tucson ကို တရား၀င္ေရာင္းခ်ေနတဲ့ ရန္ကုန္နဲ့ မႏၱေလး Hyundai Showroom ေတြမွာ အျဖဴ၊ ေငြေရာင္၊ မီးခုိး၊ အနက္၊ အျပာ၊ အညဳိေဖ်ာ့ နဲ့ အနီ ေရာင္ေတြကုိ ရရွိႏုိင္ပါတယ္။
Price and Service
Hyundai Showroom မွာ Tucson ကို တရား၀င္ေရာင္းခ်ေနတဲ့ေစ်းကေတာ့ 2WD အတြက္ အေမရိကန္ေဒၚလာ ၄၂၅၀၀ ႏွင့္ 4WD အတြက္ အေမရိကန္ေဒၚလာ ၄၆၅၀၀ ျဖစ္ၿပီး ၃ ႏွစ္ (သို႔) ကီလို ၁ သိန္း အာမခံေပးထားပါတယ္။ လက္ငင္းျဖစ္ေစ၊ အရစ္က်ျဖစ္ေစ၀ယ္ယူ ႏုိင္ပါတယ္။ စိတ္ပါ၀င္စားတယ္ဆိုရင္ Hyundai အိမ္စီးကားေတြရဲ့ တရား၀င္တစ္ဦးတည္းကိုယ္စားလွယ္ျဖစ္တဲ့ Hyundai Showroom ရန္ကုန္အရာင္းၿပခန္း:အမွတ္ (၂/၆)၊ ၂ ရပ္ကြက္၊ အင္းစိန္လမ္းႏွင့္ သမုိင္းဘူတာရံုလမ္းေထာင့္၊မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္၊အေရာင္းျပခန္း ဖုန္း ၀၁ ၆၅၃ ၂၇၁၊ ၆၅၃ ၂၇၂ ကုိျဖစ္ေစ၊ မႏၠေလးအေရာင္းျပခန္း: အမွတ္ (3-F) ၊ ျမဳိ့မဥယ်ာဥ္လမ္းႏွင့္ ၇၄လမ္းေထာင့္၊ ေတာင္ျမင့္ရပ္ကြက္၊ ျပည္ျကီးတံခြန္ျမဳိ့နယ္၊ မႏၱေလး စက္မႈ ႏွင့္ကုန္သြယ္ေရးစင္တာ (MITC) ၊ မႏၱေလးျမဳိ့ ဖုန္း ၀၉၂၅၃၁၅၁၉၇၀၊ ၀၉၄၅၃၉၅၅၅၆၀သို႔ ျဖစ္ေစ ရံုးခ်ိန္အတြင္းဆက္သြယ္စံုစမ္းႏိုင္ပါသည္။