Zawgyi Version…
SKD စနစ္ျဖင့္ ျပည္တြင္း၌တပ္ဆင္ေရာင္းခ်ေနသည့္ Shwe Daehan Motor မွ Sedan အမ်ိဳးအစား Accent ေမာ္ဒယ္ကုိ ပထမဆုံးထုတ္လုပ္ျဖန္႕ခ်ိျပီးေနာက္ ထပ္မံျပီး ဆလြန္းအမ်ိဳးအစား Grand i10 ႏွင့္ Compact SUV Creta တုိ႔ကုိ ျပီးခဲ့သည့္ေမလအတြင္းက ျပည္တြင္းေစ်းကြက္သုိ႔မိတ္ဆက္ေပးသြားခဲ့သည္။
မိတ္ဆက္ခဲ့ေသာႏွစ္စီးအနက္မွ ဆလြန္းအမ်ိဳးအစား Grand i10 တြင္ 1.25 MPi Kappa ဓာတ္ဆီ အင္ဂ်င္ 4-Speed ေအာ္တိုဂီယာ အသံုးျပဳထားသည္။ Grand i10 ၏အျပင္ဘက္ဒီဇိုင္းကို ဆဌဂံပံု ေလဝင္ေပါက္မွစကာ ဥေရာပဒီဇိုင္းျဖင့္ ပံုေဖာ္ ထုတ္လုပ္ ထား သည္။ ေရွ႕မီးမ်ားကို လင္းအားေကာင္းေသာ DRL မီးလံုး မ်ား အသံုးျပဳထားကာ ေရာင္ျပန္မ်ားလည္း ပါဝင္ သည္။ ေရွ႕ႏွင္းခြဲမီးမ်ားကို တပ္ဆင္ထားသလို LED DRL မီးသီးမ်ားကို ႏွင္းခြဲ မီးသီးအနားတြင္ တပ္ဆင္ ေပးထားသည္။ အတြင္းခန္းတြင္ Multi Infotainment စနစ္ေတြျဖစ္သည့္ Navigation System, Touch screen, Bluetooth System, Wifi ႏွင့္ Smart Technology မ်ားကိုထည့္သြင္းတပ္ဆင္ထားပါသည္။ ဆီစားႏႈန္းအေနနဲ႔ ၿမိဳ႕တြင္း၊ ၿမိဳ႔႕ျပင္ကို 14.4 km/L ရိွသည္။
လုံျခဳံေရးအေနျဖင့္ Grand i10 တြင္ ေလအိတ္ ႏွစ္လံုး ပါဝင္ၿပီး Steering Assist Control လည္း ပါရွိသည္။ ထုိ႔အျပင္ ပါကင္ထိုးခ်ိန္တြင္ အကူအညီေပးမည့္ အာ႐ံုခံကိရိယာမ်ား၊ Anti-lock ဘရိတ္စနစ္ႏွင့္ Vehicle Stability Management လည္း ပါဝင္သည္။
၅ေယာက္စီး SUV အျဖစ္ထုတ္လုပ္ထားသည့္ Creta 2019 တြင္ အဓိက ေျပာင္းလဲမႈက အျပင္ပိုင္းျဖစ္ျပီး ေလဝင္ေပါက္နဲ႔ ဘမ္ပါမ်ားကုိ ထပ္တုိး တပ္ဆင္ထား သည့္အျပင္ ႏွင္းခဲမီးမ်ားကိုလည္း တပ္ဆင္ထားသည္။ အတြင္းပိုင္းကုိ က်ယ္က်ယ္ဝန္းဝန္းႏွင့္ ျမင္ကြင္းကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ဒီဇုိင္းထြင္ထားသည္ဟု Hyundai မွဆုိထားသည္။ ၎၏ အင္ဂ်င္ပါဝါမွာ 1.6L Crdi Diesel ကုိသုံးထားျပီး 4 Speed Auto Transmission စနစ္ကုိထည့္သြင္းထားသည္။ Push Start စနစ္ျဖစ္ကာ အတြင္းခန္းတြင္ Navigation စနစ္၊ Touchscreen၊ Bluetooth စနစ္၊ Wifi ကဲ့သုိ႔ Multi Infotainment စနစ္မ်ားကုိ ထည့္သြင္းတပ္ဆင္ ေပးထားပါသည္။ ထုိ႔အျပင္ ဆီစားႏႈန္းအေနႏွင့္ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ 17.2 km/L ရိွသည္ဟု သိရသည္။
ယခုအသစ္ထုတ္လုပ္လိုက္သည့္ Grand i10 က်ပ္ ၂၂၄သိန္း (ဝင္ေငြခြန္မပါ)၊ Creta 2019ကုိ က်ပ္ ၄၄၆ သိန္းျဖင့္ တရားဝင္ အေရာင္းကိုယ္စားလွယ္မ်ားမွတစ္ဆင့္ ေရာင္းခ်ေပးေနၿပီး သံုးႏွစ္၊ သို႔မဟုတ္ ကီလိုမီတာ တစ္သိန္း အာမခံေပးထားကာ ကနဦး ၂၀ ရာခုိင္ႏွုန္းမွစျပီး CB Bank,UAB Bank မ်ားႏွင့္ခ်ိတ္ဆက္ကာ ၅ႏွစ္အထိအရစ္က်စနစ္ျဖင့္လည္း ဝယ္ယူႏုိင္ေၾကာင္း သိရသည္။













Unicode Version…
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော 2019 Grand i10 နှင့် Creta တို့ကို Hyundai မှတရားဝင်မိတ်ဆက်
SKD စနစ်ဖြင့် ပြည်တွင်း၌တပ်ဆင်ရောင်းချနေသည့် Shwe Daehan Motor မှ Sedan အမျိုးအစား Accent မော်ဒယ်ကို ပထမဆုံးထုတ်လုပ်ဖြန့်ချိပြီးနောက် ထပ်မံပြီး ဆလွန်းအမျိုးအစား Grand i10 နှင့် Compact SUV Creta တို့ကို ပြီးခဲ့သည့်မေလအတွင်းက ပြည်တွင်းဈေးကွက်သို့မိတ်ဆက်ပေးသွားခဲ့သည်။
မိတ်ဆက်ခဲ့သောနှစ်စီးအနက်မှ ဆလွန်းအမျိုးအစား Grand i10 တွင် 1.25 MPi Kappa ဓာတ်ဆီ အင်ဂျင် 4-Speed အော်တိုဂီယာ အသုံးပြုထားသည်။ Grand i10 ၏အပြင်ဘက်ဒီဇိုင်းကို ဆဌဂံပုံ လေဝင်ပေါက်မှစကာ ဥရောပဒီဇိုင်းဖြင့် ပုံဖော် ထုတ်လုပ် ထား သည်။ ရှေ့မီးများကို လင်းအားကောင်းသော DRL မီးလုံး များ အသုံးပြုထားကာ ရောင်ပြန်များလည်း ပါဝင် သည်။ ရှေ့နှင်းခွဲမီးများကို တပ်ဆင်ထားသလို LED DRL မီးသီးများကို နှင်းခွဲ မီးသီးအနားတွင် တပ်ဆင် ပေးထားသည်။ အတွင်းခန်းတွင် Multi Infotainment စနစ်တွေဖြစ်သည့် Navigation System, Touch screen, Bluetooth System, Wifi နှင့် Smart Technology များကိုထည့်သွင်းတပ်ဆင်ထားပါသည်။ ဆီစားနှုန်းအနေနဲ့ မြို့တွင်း၊ မြို့ပြင်ကို 14.4 km/L ရှိသည်။
လုံခြုံရေးအနေဖြင့် Grand i10 တွင် လေအိတ် နှစ်လုံး ပါဝင်ပြီး Steering Assist Control လည်း ပါရှိသည်။ ထို့အပြင် ပါကင်ထိုးချိန်တွင် အကူအညီပေးမည့် အာရုံခံကိရိယာများ၊ Anti-lock ဘရိတ်စနစ်နှင့် Vehicle Stability Management လည်း ပါဝင်သည်။
၅ယောက်စီး SUV အဖြစ်ထုတ်လုပ်ထားသည့် Creta 2019 တွင် အဓိက ပြောင်းလဲမှုက အပြင်ပိုင်းဖြစ်ပြီး လေဝင်ပေါက်နဲ့ ဘမ်ပါများကို ထပ်တိုး တပ်ဆင်ထား သည့်အပြင် နှင်းခဲမီးများကိုလည်း တပ်ဆင်ထားသည်။ အတွင်းပိုင်းကို ကျယ်ကျယ်ဝန်းဝန်းနှင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဒီဇိုင်းထွင်ထားသည်ဟု Hyundai မှဆိုထားသည်။ ၎င်း၏ အင်ဂျင်ပါဝါမှာ 1.6L Crdi Diesel ကိုသုံးထားပြီး 4 Speed Auto Transmission စနစ်ကိုထည့်သွင်းထားသည်။ Push Start စနစ်ဖြစ်ကာ အတွင်းခန်းတွင် Navigation စနစ်၊ Touchscreen၊ Bluetooth စနစ်၊ Wifi ကဲ့သို့ Multi Infotainment စနစ်များကို ထည့်သွင်းတပ်ဆင် ပေးထားပါသည်။ ထို့အပြင် ဆီစားနှုန်းအနေနှင့် မြို့တွင်း၊ မြို့ပြင် 17.2 km/L ရှိသည်ဟု သိရသည်။
ယခုအသစ်ထုတ်လုပ်လိုက်သည့် Grand i10 ကျပ် ၂၂၄သိန်း (ဝင်ငွေခွန်မပါ)၊ Creta 2019ကို ကျပ် ၄၄၆ သိန်းဖြင့် တရားဝင် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကာ ကနဦး ၂၀ ရာခိုင်နှုန်းမှစပြီး CB Bank,UAB Bank များနှင့်ချိတ်ဆက်ကာ ၅နှစ်အထိအရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။