Unicode Version…
Hyundai Motor Myanmar ၏ မြန်မာပြည်တစ်ဦးတည်းသော ကားအစိတ်အပိုင်း တပ်ဆင်ရေးကုမ္ပဏီဖြစ်သော Shwe Daehan Motor ကားထုတ်လုပ်ရေးစက်ရုံဖွင့်ပွဲနှင့် All New Accent ကားသစ်မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က Hyundai Showroom, International KLM Co., Ltd ၌ ကျင်းပပြုလုပ်သွားခဲ့သည်။ အဆို ပါစက်ရုံမှာ သာဓုကန်စက်မှုဇုံ၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး Hyundai အမှတ်တံဆိပ်ကားများကို SKD စနစ်ဖြင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်သည်။ Shwe Daehan Motor Manufacturing စက်ရုံ၏ ခြေလှမ်းသစ်တစ်ရပ်အဖြစ် Accent 2019 ကို တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး Accent 2019 ကိုလည်း ရန်ကုန် လိုင်စင်ဖြင့် စတင်ရောင်းချနိုင်ခဲ့ြင်္ပီဖြစ်သည်။
ပထမဆုံး Hyundai ၏ SKD model ဖြစ်သော Hyundai All New Accent ကို ဆီဒင်ကားအမျိုးအစားအဖြစ် ထုတ်လုပ်ထားပြီး 1.4-liter four-cylinder အင်ဂျင်တပ်ထားပါသည်။ အသစ်တဖန်မွမ်းမံထုတ်လုပ်ထားတဲ့ Accent 2019 တွင် ၁၆လက်မ အလွိုင်းဘီးခွေများ (၁၄လက်မ စတီးဘီးခွေများ)၊ အနောက်ဘက် Disc ဘရိတ်များ၊ လေအိတ် ၂ လုံး၊ အီလက်ထရိုခရိုမစ်နောက်ကြည့်မှန်၊ စတီယာရင်ပေါ်မှ အသံထိန်းချုပ်ခလုတ်၊ ကျယ်ဝန်းတဲ့ ပစ္စည်းထည့်စရာအကန့်နှင့် Bluetooth မှတစ်ဆင့် ဖုန်းခေါ်ဆိုမှု၊ ဖြေဆိုမှုများ ပြုလုပ်နိုင်သည့်စနစ်များပါဝင်ပါသည်။ ထို့အပြင် Power Window အဖွင့်အပိတ်၊ လည်သာထိုင်ခုံများ၊ သော့မလို ကားစက်နှိုးမှုစနစ်၊ မြန်နှုန်းတိုင်း အလိုအလျောက် တံခါးလော့ခ်ချစနစ်၊ အလိုအလျောက်ဖွင့်ပေးနိုင်တဲ့ စမတ်နောက်ဖုံးစနစ်နှင့် အလိုအလျောက်လေအေးပေးစနစ်များလည်း ပါဝင်ပြီး မြင်း ကောင်ရေ 100 အားထွက်သည့်အင်ဂျင်ကို 6-speed အော်တိုဂီယာဖြင့် တွဲဖက်ထုတ်လုပ်ထားသည်။။ အတွင်းခန်းတွင် လည်း Navigation စနစ်၊ Original Back camera ပါသော Touchscreen ၊ Bluetooth စနစ်၊ Wifi ကဲ့သို့ Multi Infotainment စနစ်များ ထည့်သွင်းတပ်ဆင် ပေးထား ပါသည်။ Accent 2019 ၏ဆီစားနှုန်းမှာပျှမ်းမျှ မြို့တွင်း 12.6km/1L , မြို့ပြင် 16.6km/1L ရှိပြီးလေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်အောင် လုပ်ဆောင်ထားကြောင်းလည်း သိရ သည်။ Shwe Daehan Motor Manufacturing စက်ရုံမှ ထုတ်လုပ်သည့် Accent 2019 ကားသစ်ကို ကီလိုတစ်သိန်း သို့မဟုတ် ၃ နှစ် အာမခံပေးထားပြီး ဖေဖော်ဝါရီလကုန်ထိ ဝယ်ယူအားပေးမည့် Customer များအတွက် အထူးဈေးနှုန်း ၂၉၉ သိန်း (ဝင်ငွေခွန်မပါ) သတ်မှတ်ပေးထားပါသည်။ ထို့အပြင် Shwe Daehan Motor မှ SKD Model များအဖြစ် SUV များဖြစ်သော Creta,Tucson ၊ Sedan ဖြစ်သော Grand i10 တို့ကိုလည်း ဆက်လက်ထုတ်လုပ်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version…

Accent 2019 အား SKD အျဖစ္ပထမဆုံးထုတ္လုပ္ခဲ့ျပီးေနာက္ Creta,Tucson ႏွင့္ Grand i10 တုိ႔ကုိလည္းဆက္လက္ထုတ္လုပ္ရန္ Hyundai Myanmar မွရည္ရြယ္ထား
Hyundai Motor Myanmar ၏ ျမန္မာျပည္တစ္ဦးတည္းေသာ ကားအစိတ္အပိုင္း တပ္ဆင္ေရးကုမၸဏီျဖစ္ေသာ Shwe Daehan Motor ကားထုတ္လုပ္ေရးစက္ရံုဖြင့္ပြဲႏွင့္ All New Accent ကားသစ္မိတ္ဆက္ပြဲအခမ္းအနားကို ျပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က Hyundai Showroom, International KLM Co., Ltd ၌ က်င္းပျပဳလုပ္သြားခဲ့သည္။ အဆို ပါစက္ရံုမွာ သာဓုကန္စက္မႈဇံု၊ ေရႊျပည္သာၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕တြင္ တည္ရွိၿပီး Hyundai အမွတ္တံဆိပ္ကားမ်ားကို SKD စနစ္ျဖင့္ ျပည္တြင္းတြင္ တပ္ဆင္ထုတ္လုပ္သြားမည္ ျဖစ္သည္။ Shwe Daehan Motor Manufacturing စက္ရံု၏ ေျခလွမ္းသစ္တစ္ရပ္အျဖစ္ Accent 2019 ကို တပ္ဆင္ထုတ္လုပ္ႏိုင္ခဲ့ျပီး Accent 2019 ကိုလည္း ရန္ကုန္ လုိင္စင္ျဖင့္ စတင္ေရာင္းခ်ႏိုင္ခဲ့ျပၤီျဖစ္သည္။
ပထမဆုံး Hyundai ၏ SKD model ျဖစ္ေသာ Hyundai All New Accent ကို ဆီဒင္ကားအမ်ိဳးအစားအျဖစ္ ထုတ္လုပ္ထားၿပီး 1.4-liter four-cylinder အင္ဂ်င္တပ္ထားပါသည္။ အသစ္တဖန္မြမ္းမံထုတ္လုပ္ထားတဲ့ Accent 2019 တြင္ ၁၆လက္မ အလိြဳင္းဘီးေခြမ်ား (၁၄လက္မ စတီးဘီးေခြမ်ား)၊ အေနာက္ဘက္ Disc ဘရိတ္မ်ား၊ ေလအိတ္ ၂ လံုး၊ အီလက္ထရိုခရိုမစ္ေနာက္ၾကည့္မွန္၊ စတီယာရင္ေပၚမွ အသံထိန္းခ်ဳပ္ခလုတ္၊ က်ယ္ဝန္းတဲ့ ပစၥည္းထည့္စရာအကန္႔ႏွင့္ Bluetooth မွတစ္ဆင့္ ဖုန္းေခၚဆိုမႈ၊ ေျဖဆိုမႈမ်ား ျပဳလုပ္ႏိုင္သည့္စနစ္မ်ားပါဝင္ပါသည္။ ထုိ႔အျပင္ Power Window အဖြင့္အပိတ္၊ လည္သာထိုင္ခံုမ်ား၊ ေသာ့မလို ကားစက္ႏႈိးမႈစနစ္၊ ျမန္ႏႈန္းတိုင္း အလိုအေလ်ာက္ တံခါးေလာ့ခ္ခ်စနစ္၊ အလုိအေလ်ာက္ဖြင့္ေပးႏိုင္တဲ့ စမတ္ေနာက္ဖုံးစနစ္ႏွင့္ အလုိအေလ်ာက္ေလေအးေပးစနစ္မ်ားလည္း ပါဝင္ၿပီး ျမင္း ေကာင္ေရ 100 အားထြက္သည့္အင္ဂ်င္ကုိ 6-speed ေအာ္တိုဂီယာျဖင့္ တြဲဖက္ထုတ္လုပ္ထားသည္။။ အတြင္းခန္းတြင္ လည္း Navigation စနစ္၊ Original Back camera ပါေသာ Touchscreen ၊ Bluetooth စနစ္၊ Wifi ကဲ့သုိ႔ Multi Infotainment စနစ္မ်ား ထည့္သြင္းတပ္ဆင္ ေပးထား ပါသည္။ Accent 2019 ၏ဆီစားႏွဳန္းမွာပွ်မ္းမွ် ျမိဳ႕တြင္း 12.6km/1L , ျမိဳ႕ျပင္ 16.6km/1L ရွိျပီးေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္ေအာင္ လုပ္ေဆာင္ထားေၾကာင္းလည္း သိရ သည္။ Shwe Daehan Motor Manufacturing စက္ရံုမွ ထုတ္လုပ္သည့္ Accent 2019 ကားသစ္ကို ကီလိုတစ္သိန္း သို႔မဟုတ္ ၃ ႏွစ္ အာမခံေပးထားၿပီး ေဖေဖာ္ဝါရီလကုန္ထိ ဝယ္ယူအားေပးမည့္ Customer မ်ားအတြက္ အထူးေစ်းႏႈန္း ၂၉၉ သိန္း (ဝင္ေငြခြန္မပါ) သတ္မွတ္ေပးထားပါသည္။ ထုိ႕အျပင္ Shwe Daehan Motor မွ SKD Model မ်ားအျဖစ္ SUV မ်ားျဖစ္ေသာ Creta,Tucson ၊ Sedan ျဖစ္ေသာ Grand i10 တုိ႕ကုိလည္း ဆက္လက္ထုတ္လုပ္သြား မည္ျဖစ္ေၾကာင္းလည္း သိရသည္။