Hyundai Motor Myanmar သည် Larged-sized SUV အမျိုးအစားဖြစ်သည့် SantaFe 2020 နှင့် Saloon အမျိုးအစားဖြစ်သည့် Sonata 2020 မော်ဒယ်သစ်(၂)မျိုးကို ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်သည့် အခမ်းအနားကို မနေ့ညနေက မြန်မာပလာဇာတွင် ကျင်းပပြုလုပ်သွားခဲ့သည်။
Hyundai Motor Myanmar သည် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် မော်ဒယ်အမျိုးအစားများ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင်လည်း အောင်မြင်မှုရရှိထားကာ သင့်တော်သောဈေးနှုန်းဖြင့် ရရှိနိုင် သည့် အရည်အသွေးမြင့် မော်ဒယ်သစ် SantaFe 2020 နှင့် Sonata 2020 တို့ကို တပြိုင်နက်တည်း မိတ်ဆက်သွားခဲ့ခြင်းဖြစ်သည်။
Larged-sized SUV အမျိုးအစားဖြစ်သည့် SantaFe 2020 သည် ဖန်တီးထားသည့် ဒီဇိုင်းပိုင်းအရ ကြံ့ခိုင်သော ကိုယ်ထည်တည်ဆောက်ပုံနှင့် အလွန်ဆွဲဆောင်မှုရှိပြီး နောက်ဆုံးပေါ် အဆင့်မြင့်နည်း ပညာများနှင့် စွမ်းဆောင်ရည်ပိုင်းကောင်းမွန်သည့် ကားတစ်စီးအဖြစ် ညွန်းဆိုထားသည်။
Hyundai SantaFe 2020 သည် R 2.0 CRDi ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပြီး အမြင့်ဆုံးစွမ်းရည် 185ps/ 4,000 rpm နှင့် အမြင့်ဆုံးရုန်းအား 40.8 kgm/ 1,750 ~ 2,500 rpm ထိ စွမ်းဆောင်ပေး နိုင်မည်ဖြစ်သည်။
အသစ်မိတ်ဆက်လိုက်သည့် Hyundai SantaFe 2020 တွင် Electric Parking System၊ Front Ventilated System၊ Multi Infotainment 7-inch Touchscreen Monitor၊ Smart Technology စသည့် နည်းပညာများကို တပ်ဆင်အားဖြည့်ထားသည်။
Hyundai Sonata 2020 မော်ဒယ်သစ်သည် လှပသေသပ်သော ဒီဇိုင်းပိုင်းနှင့်အတူ ဇိမ်ခံအရည်အသွေးအပြည့် မောင်းနှင်နိုင်မည်ဖြစ်ပြီး လုံခြုံရေးပိုင်း စိတ်ချရသောကားတစ်စီးအဖြစ် ပြည်တွင်းဈေးကွက်ရှိ ကားပရိတ်သတ်များကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
Sonata 2020 သည် Nu 2.0 MPi ဓါတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး အမြင့်ဆုံးစွမ်းရည် 152ps /6,200rpm နှင့် အမြင့်ဆုံးရုန်းအား 19.6kg∙m/ 4,000rpm ထိ စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ အသစ်မိတ်ဆက်လိုက်သည့် Sonata 2020 တွင် Electric Parking Brake၊ Smart Key & Push button၊ Wireless Charger၊ Smart Technology စသည့် နည်းပညာသစ်များကို ထပ်မံအားဖြည့်ထားသည်။
Hyundai Motor Myanmar မှ SantaFe 2020 ကို အမေရိကန်ဒေါ်လာ ၅၅,၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၇ နှစ်(သို့) ကီလိုမီတာ ၁ သိန်း အာမခံပေးထားမည်ဖြစ်ကာ Sonata 2020 ကို အမေရိကန်ဒေါ်လာ ၄၂,၆၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး (၅)နှစ် (သို့) ကီလိုမီတာ တစ်သိန်းနှစ်သောင်း အာမခံပေးသွားမည်ဖြစ်သည်။
အသစ်မိတ်ဆက်လိုက်သည် Hyundai ၏ SantaFe 2020 နှင့် Sonata 2020 မော်ဒယ်သစ်ကားနှစ်စီးကို အရစ်ကျငွေပေးချေမှုစနစ်ဖြင့် ဝယ်ယူလိုပါက ကနဦး (၂၀)ရာခိုင်နှုန်းက စပြီး AYA ၊ CB ၊ UAB ဘဏ်တို့နှင့် ချိတ်ဆက်ကာ (၁)နှစ်မှ (၅)နှစ်အထိ အရစ်ကျလစဉ် ငွေပေးသွင်းမှုဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
Zawgyi Version…
Hyundai Motor Myanmar မွ SantaFe 2020 ႏွင့္ Sonata 2020 ေမာ္ဒယ္သစ္(၂)မ်ိဳးကို မိတ္ဆက္
Hyundai Motor Myanmar သည္ Larged-sized SUV အမ်ိဳးအစားျဖစ္သည့္ SantaFe 2020 ႏွင့္ Saloon အမ်ိဳးအစားျဖစ္သည့္ Sonata 2020 ေမာ္ဒယ္သစ္(၂)မ်ိဳးကို ျပည္တြင္းေစ်းကြက္အတြင္း စတင္မိတ္ဆက္သည့္ အခမ္းအနားကို မေန႔ညေနက ျမန္မာပလာဇာတြင္ က်င္းပျပဳလုပ္သြားခဲ့သည္။
Hyundai Motor Myanmar သည္ ျမန္မာႏုိင္ငံအတြင္း လူႀကိဳက္မ်ားသည့္ ေမာ္ဒယ္အမ်ိဳးအစားမ်ား ျဖစ္ၿပီး ႏုိင္ငံတကာေစ်းကြက္တြင္လည္း ေအာင္ျမင္မႈရရိွထားကာ သင့္ေတာ္ေသာေစ်းႏႈန္းျဖင့္ ရရိွႏုိင္ သည့္ အရည္အေသြးျမင့္ ေမာ္ဒယ္သစ္ SantaFe 2020 ႏွင့္ Sonata 2020 တုိ႔ကို တၿပိဳင္နက္တည္း မိတ္ဆက္သြားခဲ့ျခင္းျဖစ္သည္။
Larged-sized SUV အမ်ိဳးအစားျဖစ္သည့္ SantaFe 2020 သည္ ဖန္တီးထားသည့္ ဒီဇုိင္းပိုင္းအရ ႀကံ့ခုိင္ေသာ ကိုယ္ထည္တည္ေဆာက္ပံုႏွင့္ အလြန္ဆြဲေဆာင္မႈရိွၿပီး ေနာက္ဆံုးေပၚ အဆင့္ျမင့္နည္း ပညာမ်ားႏွင့္ စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္သည့္ ကားတစ္စီးအျဖစ္ ညြန္းဆုိထားသည္။
Hyundai SantaFe 2020 သည္ R 2.0 CRDi ဒီဇယ္အင္ဂ်င္ကို တပ္ဆင္ထားၿပီး အျမင့္ဆံုးစြမ္းရည္ 185ps/ 4,000 rpm ႏွင့္ အျမင့္ဆံုး႐ုန္းအား 40.8 kgm/ 1,750 ~ 2,500 rpm ထိ စြမ္းေဆာင္ေပး ႏုိင္မည္ျဖစ္သည္။
အသစ္မိတ္ဆက္လိုက္သည့္ Hyundai SantaFe 2020 တြင္ Electric Parking System၊ Front Ventilated System၊ Multi Infotainment 7-inch Touchscreen Monitor၊ Smart Technology စသည့္ နည္းပညာမ်ားကို တပ္ဆင္အားျဖည့္ထားသည္။
Hyundai Sonata 2020 ေမာ္ဒယ္သစ္သည္ လွပေသသပ္ေသာ ဒီဇုိင္းပိုင္းႏွင့္အတူ ဇိမ္ခံအရည္အေသြးအျပည့္ ေမာင္းႏွင္ႏုိင္မည္ျဖစ္ၿပီး လံုၿခံဳေရးပိုင္း စိတ္ခ်ရေသာကားတစ္စီးအျဖစ္ ျပည္တြင္းေစ်းကြက္ရိွ ကားပရိတ္သတ္မ်ားကို ဆြဲေဆာင္ႏုိင္မည္ျဖစ္သည္။
Sonata 2020 သည္ Nu 2.0 MPi ဓါတ္ဆီအင္ဂ်င္ကို အသံုးျပဳထားၿပီး အျမင့္ဆံုးစြမ္းရည္ 152ps /6,200rpm ႏွင့္ အျမင့္ဆံုး႐ုန္းအား 19.6kg∙m/ 4,000rpm ထိ စြမ္းေဆာင္ေပးႏိုင္မည္ျဖစ္သည္။ အသစ္မိတ္ဆက္လိုက္သည့္ Sonata 2020 တြင္ Electric Parking Brake၊ Smart Key & Push button၊ Wireless Charger၊ Smart Technology စသည့္ နည္းပညာသစ္မ်ားကို ထပ္မံအားျဖည့္ထားသည္။
Hyundai Motor Myanmar မွ SantaFe 2020 ကို အေမရိကန္ေဒၚလာ ၅၅,၀၀၀ ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ၿပီး ၇ ႏွစ္(သို႔) ကီလိုမီတာ ၁ သိန္း အာမခံေပးထားမည္ျဖစ္ကာ Sonata 2020 ကို အေမရိကန္ေဒၚလာ ၄၂,၆၀၀ ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ၿပီး (၅)ႏွစ္ (သို႔) ကီလိုမီတာ တစ္သိန္းႏွစ္ေသာင္း အာမခံေပးသြားမည္ျဖစ္သည္။
အသစ္မိတ္ဆက္လိုက္သည္ Hyundai ၏ SantaFe 2020 ႏွင့္ Sonata 2020 ေမာ္ဒယ္သစ္ကားႏွစ္စီးကို အရစ္က်ေငြေပးေခ်မႈစနစ္ျဖင့္ ဝယ္ယူလိုပါက ကနဦး (၂၀)ရာခုိင္ႏႈန္းက စၿပီး AYA ၊ CB ၊ UAB ဘဏ္တုိ႔ႏွင့္ ခ်ိတ္ဆက္ကာ (၁)ႏွစ္မွ (၅)ႏွစ္အထိ အရစ္က်လစဥ္ ေငြေပးသြင္းမႈျဖင့္ ဝယ္ယူႏုိင္မည္ျဖစ္သည္။