Ignition Coil သည် အင်ဂျင်ကောင်းမွန်စွာလည်ပတ်နိုင်ရန် မှန်ကန်စွာမီးထုတ်လွှတ်ပေးရတာဖြစ်ပါတယ်။ အင်ဂျင်စွမ်းဆောင်ရည်နှင့် ရုန်းဆွဲအားအတွက် အရေးပါသည့် Ignition Coi ချို့ယွင်းနေပါက

အင်ဂျင် check မီးလင်းလာခြင်း
စက်နှိုးရခက်ခြင်း
ဆီစားများလာခြင်း
မီးခိုးမည်းများလိုက်လာခြင်း
အင်ဂျင် မီးပေါက်ကွဲမှုမမှန်ခြင်း
ကားစက်သေသွားခြင်း
မူမမှန်သည့် အသံများထွက်ခြင်း
အင်ဂျင်ရုန်းဆွဲအားကျဆင်းလာခြင်း တို့ဖြစ်ပေါ်လာနိုင်ပါတယ်။

အရည်အသွေးမကောင်းမွန်သည့် အင်ဂျင်ဝိုင်များနှင့် သန့်ရှင်းမှုမရှိသည့် စက်သုံးဆီများသည် Ignition Coi ကို ထိခိုက် စေနိုင်တာကြောင့် မိမိအသုံးပြုနေသည့် အင်ဂျင်ဝိုင်များသည် အရည်အသွေးပြည့်ဝမှုရှိ၊ မရှိ ဆန်းစစ်ဖို့လိုအပ်ပါတယ်။

Ignition Coil ကို 1 နှစ် (သို့) ကီလိုမီတာ 20,000 ပြည့်တိုင်း Spark Plug စစ်ဆေးချိန်တွင် တခါတည်းစစ်ဆေးရမှာဖြစ်ပြီး လဲလှယ်ရန် လိုအပ်ပါကအရည်အသွေးပြည့်ဝသော အပိုပစ္စည်းများကိုသာ အသုံးပြုဖို့ အကြံပြုပါရစေရှင်။