Unicode version…

ကမ္ဘာကျော် (IIHS – Insurance Institute for Highway Safety)အဖွဲ့ကြီးမှ နှစ်စဉ်သတ်မှတ်သည့် (Top Safety Pick Award) ဆုအား (2017)ခုနှစ်အတွက် (2017 Mini Countryman) နှင့် (2018 Volkswagen Atlas) တို့မှ ပူးတွဲဆွတ်ခူးခဲ့ပါသည်။

အဆိုပါ (Models) (2)မျိုးအနေဖြင့် (IIHS)မှ သတ်မှတ်သည် (ကားအပြင်ပိုင်း ပတ်လည်လုံခြုံမှု)၊ (အမိုးကိုင်း၏ မာကျောမှု)၊ (Head Restraint) စသည့် စမ်းသပ်မှုများအားလုံး၌ (Good)အဆင့်များ ရရှိ ခဲ့ပါသည်။ ထို့အပြင် (Mini Countryman) အနေဖြင့် (Frontal Crash Prevention Tech) စမ်းသပ်မှုတွင် (Advance) အဆင့်၌ ရရှိခဲ့ပါ သည်။ သို့သေည် ၄င်းတို့(၂)မျိုးလုံးသည် (IIHS) ၏အကောင်းဆုံးအဆင့် သတ်မှတ်ချက် ဖြစ်သည့် (Top Safety Pick + Winners) အဆင့်သို့ ရရှိခြင်း မရှိခဲ့ကြပါ။ ထိုအဆင့်သို့ ရောက်ရှိရန် (Headlight Test – ရှေ့မီးလုံး စမ်းသပ်မှု) ရလဒ်အား (Good)(သို့) (Acceptable)အဆင့်များ မဖြစ်မနေ ရရှိထားရမည်ဖြစ်ပြီး (2018 VW Atlas) နှင့် (2017 Mini Countryman) တို့၏ ရှေ့မီးလုံး စမ်းသပ်မှုအဆင့်များသည် (Marginal – သာမန်မျှ သာ) အဆင့်သာ ရရှိထားကြ၍ ဖြစ်ပါသည်။အဆိုပါ အရှေ့မီးလုံးစမ်းသပ်မှု အဆင့်တွင် မြင့်မားစွာရရှိထားသည့် (Brands) အရေအတွက်မှာလည်း နည်းပါးပါသည်။

ထို့အပြင် (Child Seat LATCH Anchor)စနစ်အား ကောင်းမွန်စွာအသုံးပြုနိုင်မှု အဆင့်တွင် (VW Atlas) အနေဖြင့် (Marginal Rating) အဆင့်သာရရှိထားပြီး (Honda Pilot) ၊ (GMC Acadia) စသည်တို့သည် (Acceptable) ၌၄င်း (Toyota Highlander) သည် (Good)အဆင့်၌၄င်း ရရှိထားပါသည် (Mini Countryman) အနေဖြင့် (Acceptable) အဆင့်ရရှိထားပါသည်။ သို့သော် ထိုမှတ်ချက်သည် (Top Safety Pick) နှင့် တိုက်ရိုက်အချိုး ကျခြင်း မရှိပါ။

#Seagull

Zawgyi version…


  



#Seagull