Zawgyi Version……
Unicode Version….
. ပြည်ထောင်စုအခွန်အကောက်ဥပဒေအတည်ပြုပါက ကားဝယ်ယူလျှင် ဝင်ငွေခွန် ၃ ရာခိုင်နှုန်းသာ ဆောင်ရတော့မည်။
၂ဝ၁၉ ခုနြှစ်ပည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းကို တင်သွင်းလာရာတွင် စည်းကြပ်မှု လွတ်ကင်းနေသည့်ငွေဖြင့်မော်တာ်ယာဉ် အပါအဝင် အခြေပြပစ္စည်းတစ်ခုခု ဝယ်ယူပါက ကျပ်သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်းသာကောက်ခံရန် ထည့်သွင်းရေးဆွဲထားကြောင်း တွ့ရသည်။ အဆိုပါပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း က ဒုတိယအကြိြမ်ပည်ထောင်စု လွတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့တွင် တင်ပြခဲ့ ခြင်းဖြစ်သည်။ ပြည်တွင်းရင်းနှီးမြှုတ်နှံမှုနဲ့ စားသုံးမှု တိုးမြှင့်လာစေဖို့ပြည်သူများ လက်ဝယ်မှာရှိတဲ့ စည်းကျပ်မှုမှ လွတ်ကင်းနေသော ငွေများပန်လည်ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။ ယင်းသို့ ဝင်ငွေခွန်နှုန်းလျှော့ချခြင်းကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိဆာင်ရွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်းရှိခဲ့တယ်”ဟု ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ပြောကြား သည်။ ဥပဒေကြမ်းအရ အခွန်စည်းကျပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများကို ကျပ်သိန်း ၁၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ မှ ၃၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၃၀၀၀၀ အထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ စည်းကျပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန်ကို ပေးဆောင်ရပါက ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ ၁၀၀၀ ကြားကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရခြင်းဖြစ်သည်။ ဥပဒေသစ်အတည်ပြုပါက မော်တော်ယာဉ်ဝယ်ယူမှုအတွက် အနည်းဆုံးကျသင့်မည့်ဝင်ငွေခွန်မှာ ၃ ရာခိုင်နှုန်းနှင့် အများဆုံးကျသင့်မည့် ဝင်ငွေခွန်မှာ ၁၀ ရာခိုင်နှုန်းအထိသာ ရှိတော့မည်ဖြစ်သည်။ မော်တော်ယာဉ်တင်သွင်းခွန် နှုန်းထားများမှာ ယခင်နှစ်အတိုင်းပင် အင်ဂျင်ပါဝါ ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအတွက် ၁၀ ရာခိုင်နှုန်း၊ ၂၀၀၀ စီစီမှ ၄၀၀၀ စီစီအတွက် ၃၀ ရာခိုင်နှုန်းနှင့် ၄၀၀၀ စီစီအထက်ကားများကို ၅၀ ရာခိုင်နှုန်းအခွန်ကောက် ခံမည်ဖြစ်သည်။ #News #Drivemediamyanmar
LEAVE A REPLY
Please enter your comment!
Please enter your name here