Indian Automotive နယ်ပယ်၏ Brand အသစ်တခုဖြစ်သည့် Mean Metal Motors သည် India ၏ ပထမဆုံး M – Zero Supercar အား 2015 တွင် မိတ်ဆက်ဖန်တီးခဲ့သည်။ ယခုအခါ Mean Metal မှ M Model ၏ ခြေလှမ်းအသစ်ဖြစ်သည့် Azani ကို မိတ်ဆက်လိုက်ပြီး ၎င်းသည် ( Produce up to 1,000 hp ) ပါဝင်သည့် EV Hyper car အမျိုးအစားဖြစ်သည်။ ၎င်းတွင် ( 738 Pound – Feet / 1000 Newton – meter ) Torque Output ထွက်ရှိသည့် လျှပ်စစ်မော်တာများနှင့်အတူ ( 220 – Miles – per – hour ) အထိရသည့် Top Speed တို့ပါဝင်သည်။ Performance အနေဖြင့် – ( 0 to 60 mph ) အား ( 2.1 Seconds ) ဖြင့် အမြန်ဆုံးရောက်နိုင်ပါမည်။ ၎င်းတွင် တကြိမ်အား အပြည့်သွင်းရုံဖြင့် ( 523 km ) အသုံးပြုနိုင်သည့် 120 Kwh Battery Pack လည်း ပါဝင်မည်။ Azani Hyper car အား အထူးပေါ့ပါးသည့် Aluminum Space framer Chassis ဖြင့် ဖန်တီးထားပြီး အထူးဖန်တီးထားသည့် Components များလည်း ပေါင်းစပ်ထည့်သွင်းထားပါသည်။ အထူးအားဖြင့် Efficiency ဆိုင်ရာကို တိုးမြှင့်ပေးပြီး ပေါ့ပါးလျှင်မြန်မှုကို အဓိကဦးစားပေးထားသည့် ဒီဇိုင်းဖြင့် အဓိက ဖန်တီးထားမည်ဖြစ်ကာ High – Tech Features များစွာကိုလည်း ထည့်သွင်းပေးထားပါမည်။ အလွန်လှပပြီး Stylish ဖြစ်သည့် ဒီဇိုင်းနှင့်အတူ Brand Logo ကိုလည်း ကားအရှေ့ဖက်တွင် ထင်ရှားစွာ တွေ့မြင်ရပါမည်။ Mean Metal Motors အနေဖြင့် Azani EV Hyper car ၏ ရောင်းချမည့်အချိန်နှင့် အခြားသေးစိတ်အချက်များအား မကြာခင် ထပ်မံထုတ်ပြန်မည်ဖြစ်သည်။