Infiniti ၏ Flagship SUV ဖြစ်သည့် QX80 ၏ လက်ရှိ Design သည် 2009 တွင်မိတ်ဆက်ခဲ့သည့် Essence Concept မှစတင်ဖန်တီးခဲ့ပြီး 2019 တွင် New Model အနေဖြင့် ပြောင်းလဲထားပါသည်။ ယခုအခါ Infiniti သည် QX80 Monograph Concept အားပထမဆုံးအနေဖြင့် မိတ်ဆက်လိုက်ပြီး ၎င်းကိုအခြေခံထားသည့် All New QX 80 အားလာမည့် ၁၂ လအတွင်း မိတ်ဆက်မည်ဟု Infiniti Chairman ဖြစ်သူ Peyman Kargar မှပြောကြားလိုက်ပါသည်။ Infiniti သည် All New Design ဖြင့်မိတ်ဆက်မည့် QX80 အား 2023 တွင်မိတ်ဆက်နိုင်ရန် စီစဉ်ထားပြီး Brand ၏ EV Model အသစ်များကိုလည်း 2023 / 2024 နှစ်များတွင် ဆက်လက်မိတ်ဆက်မည်ဖြစ်သည်။ Infiniti သည် Multi EVs Plan အား 2025 တွင်ပြီးပြည့်စုံစေရန် စီစဉ်ထားပြီးအဆိုပါ Model များအား U.S.A ရှိ Canton နှင့် Mississippi တို့ရှိ Nissan Plant များတွင်ထုတ်လုပ်မည်ဖြစ်ကာ Q50 Sedan ၏အစားထိုး Model အသစ်ကိုလည်း ဖန်တီးရန်ရည်မှန်းထားပါသည်။

 

Redesigned Model အနေဖြင့်ထွက်ရှိမည့် QX 80 သည် QX80 ၏တတိယမျိုးဆက် Model လည်းဖြစ်ပြီး QX Family များတွင် Size အကြီးဆုံး Crossover လည်းဖြစ်သည်။ ALL-New QX အား EV သို့ပြောင်းလဲရန် လက်ရှိအချိန်ထိ အစီအစဉ်မရှိထားပါ။ Nissan သည် Redesigned QX8 တွင် အဆင့်မြှင့်တင်ထားသည့် Nissan F-Alpha Body-on-frame – platform တွင်အခြေခံကာဖန်တီးမည်ဖြစ်သည်။ ထို့အပြင်လက်ရှိ QX 80 Model ထက်ပိုပြီး အဆင့်မြင့်သည့် Upscale Feature များစွာ ပါဝင်မည့်အပြင် Nissan Armada နှင့် Nissan Petrol တို့နှင့်လည်း Related ဖြစ်မည်မဟုတ်ပါ။ Redesigned QX80 တွင် (5.6 L V8 Petrol Engine) သို့မဟုတ် ( Twin-Turbo-V6 Petrol Engine) အသစ်အား ပြောင်းလဲတပ်ဆင်နိုင်ဖွယ်ရှိပါသည်။

#DriveMediaMyanmar