Alpine သည် 2022 Model Year အတွက် A110 Sport Coupe အား Upgraded Model အနေဖြင့် ထုတ်လုပ်လိုက်ပြီး နည်းပညာအသစ်နှင့် အတူ Kit Design အသစ်တို့ပါဝင်မည်။ New Model တွင် A110 နှင့် GT ကဲ့သို့ Trim များပါဝင်မည်ဖြစ်ကာ ပေါ့ပါးသွက်လက်မှုနှင့် Agility ဆိုင်ရာ စွမ်းဆောင်ရည် ကောင်းများဖြင့် ဖန်တီးထားပါသည်။ ကား၏ အလေးချိန် အနေအထားသည် ( 44 : 56 ) အချိုး ရှိသည့်အတွက် လမ်းအနေ အထားမျိုးစုံပေါ်တွင် တည်ငြိမ်မှုနှင့် ထူးခြားသည့် Driving Performance တို့ကို ဖေါ်ဆောင်ပေးမည်ဖြစ်သည်။ ၎င်းတွင် – (1.8 L Turbocharged I4 Engine ) ၊ (248 hp ) နှင့် ( 7 – Speed Auto gear ) / ( Sports Exhausts ) ၊ ( Leather Comfort Seat – up ) တို့လည်း ပေါင်းစပ်ပါဝင်ပါမည်။ အထူးကောင်းမွန်သည့် Driving Experience အတွက် Alpine A 110 S Trim ကို ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတွင် 18 – inch GT Race Wheels / Orange Brake Caliper / တို့ ထည့်သွင်းထားမည့်အပြင် Unique 2 – Tone Paint နှင့် Carbon fiber Aero Package ကဲ့သို့ Sporty Features များကိုလည်း မှာယူရနိုင်ပါသည်။ A110 S ၏ Top Speed သည် ( 171 mph ) ရှိပါမည်။ A110 Model အားလုံးတွင် Drive Mode ( ၃ ) မျိုးပြောင်းလဲခြင်း ၊ Bluetooth နှင့် Apple CarPlay / Android Auto တို့ အသုံးပြု နိုင်သည့် ( 7.0 – inch Touchscreen ) ၊ ( Real – Time Data Set ) ၊ ( New telematics Interface ) ကဲ့သို့ Features များစွာ ပါဝင်မည်။
#DriveMediaMyanmar

10 Dec 2021
0