Unicode version…
သင့် ကားအာမခံ ဘယ်လောက်များများလိုပါသလဲ ?
ကားအာမခံ လုပ်ဆောင်ခြင်းသည် မကြာခဏကျော်ကြည့်မိတဲ့ ငွေရေးကြေးရေးဆိုင်ရာ ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ သင့်မှာ ကားအာမခံကောင်းကောင်းတစ်ခု ရှိပါသလား ? သင့်မှာ တာဝန်ယူခြင်းနဲ့ ပြီးပြည့်စုံတဲ့ ပါ၀င်မှု ရှိပါသလား? ဒီဆောင်းပါးထဲမှာ YO YO / Grand Guardian Insurance က ကားအာမခံ လုပ်ငန်းအတွက် အကူအညီဖြစ်စေတဲ့ အချက်လေးတွေကို စီစဉ်ပေးထားပါတယ်။
ကျွန်တော်တို့လမ်းတွေပေါ်မှာ အမြဲတမ်းတိုးပွားနေတဲ့ Traffic တွေနဲ့အတူ ကားထိခိုက်မူရဲ့ ခန့်မှန်းကုန်ကျမှုတွေ တိတိကျကျကို သင့်သိထားနားလည်ထားဖို့တော့ မလိုပါဘူး။ မတော်တဆ ထိခိုက်မှုမဖြစ်ခင် လူအနည်းငယ်အချို့သာ သူတို့ရဲ့ အာမခံလုပ်ဆောင်ထားမှုကို အာရုံစိုက်ကြပါတယ်။ ဒါက အရမ်းနောက်ကျသွားပါပြီ။ ပျက်စီးမှုသည် ငွေကုန်ကြေးကျများပါလိ်မ့်မယ်။ ဒါကြောင့် လမ်းပေါ်ကို မထွက်ခင် အာမခံကာကွယ်မှု လုပ်ဆောင်ထားခြင်းသည် အရေးကြီးလှပါတယ်။
အာမခံ လုပ်ငန်းရဲ့ အခြေခံကတော့ ရိုးရှင်းပါတယ်။ သင့်အာမခံလုပ်ဖို့အတွက် အာမခံ ကုမ္ပဏီကို ပိုက်ဆံပေးပေါ့။
သင့်ကား ခိုက်မိလိုရှိလျှင် (သို့) ပျက်စီးလိုရှိလျှင် သင့်ကားကို မှုလအတိုင်းဖြစ်စေဖို့ (သို့) ပြန်ပြင်ဖို့ သင့်ရဲ့ အာမခံသူက ငွေပြန်ပေးပါလိမ့်မယ်။ အပြင်မှာ တကယ်ဖြစ်ရင် ရိုးရိုးလေးနဲ့ပြီးသွားတာ ရှားပါတယ်။ တကယ် အခိုင်အမာလုပ်ဆောင်တော့မှ အမှန်တရားကို အနည်းငယ်ဖြစ်စေပါတယ်။
မြန်မာမှာ လောလောဆယ် မော်တော်ယာဉ်အတွက် အာမခံနှစ်မျိုးရပါတယ်။ ကားပိုင်ရှင်တော်တော်များများသည် ကားတစ်စီးလိုင်စင်ဝင်တဲ့အခါ
မဖြစ်မနေလုပ်ရတဲ့ အာမခံဆောင်ရတာကို နားလည်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ third party ပျက်စီးဆုံးရူံးတာကိုပဲ ကာကွယ်ထားတာ ဖြစ်ပါတယ်။ သင့်ကားပျက်စီးရင် ကိုယ်တာဝန်ပါပဲ။ Comprehensive Motor Insurance လို့သိကြတဲ့ ဒုတိယအမျိုးအစားဖြစ်တဲ့ အာမခံကိုလုပ်ထားမှ သာလျှင် အဆင်ပြေမှာ ဖြစ်ပါတယ်။ Comprehensive Motor Insurance ကို မြန်မာမှာ လုပ်ဆောင်ပေးနေတဲ့ private အာမခံကုမ္ပဏီတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ( ဥပမာအားဖြင့်) ရန်ကုန်မှာရှိတဲ့ အစီးရေ (၁၀,၀၀၀ )လောက်ရှိတဲ့ ကားပိုင်ရှင်တွေနဲ့ မန်းလေးက အစီးရေ ( ၁,၀၀၀ ) လောက်ရှိတဲ့ ကားပိုင်ရှင်တွေ Grand Guardian Insurance Public Co. Ltd နဲ့အတူ Comprehensive Motor Insurance Policy အောက်မှာ အာမခံလုပ်ထားကြပါတယ်။ ထိုကုမ္ပဏီသည် ကားပိုင်ရှင်တွေရဲ့ အဆင်ပြေမှုအတွက် ၂၄ နာရီဝန်ဆောင်မှုတွေပေးနေပါတယ်။
Comprehensive မော်တော်ကားအာမခံက ဘယ်လိုအလုပ်လုပ်တာပါလဲ ?
အတိုချုံးပြီးပြောရမယ်ဆိုလျှင် ဒါဟာ အမြင့်မားဆုံးကားကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ ထို Comprehensive Motor Insurance မရှိဘဲ Compulsory Third Party Liability insurance သည် သင့်ရဲ့အမှားလို ယူဆမဲ့ မတော်တဆမှုတစ်ခုအဖြစ်အခြားသူကို ထိခိုက်မှုကိုသာ ကာကွယ်ပေးနိုင်ပါတယ်။ Comprehensive Motor Insurance ကတော့မတူပါဘူး။ သင့်ရဲ့ကားထိခိုက်မှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အမှားကို သက်သေမပြနိုင်တဲ့အခါမှာလည်း သက်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် ညဖက်နဲ့ ကားရပ်ထားတဲ့အချိန်မှာ သင့်ကိုလာတိုက်တဲ့ သူတစ်ယောက်ယောက်ကို ရှာဖို့ မိုးလင်းတဲ့အခါ သင့်ကားကို ပြန်လှည့်တယ်ဆိုပါစို့။ comprehensive အာမခံမပါဘဲ သင့်ကိုယ်တိုင် ကားပြင်ဖို့ ငွေကိုရဖို့ တောင်းသလိုဖြစ်နေပါတယ်။ comprehensive အာမခံနဲ့ဆို အဲလိုဖြစ်သည့်တိုင် အလျှော်ပြန်ရမှာ ဖြစ်ပါတယ်။
Comprehensive အာမခံက တန်ရဲ့လား ?
comprehensive policy စည်းမျဉ်းသည် စျေးကြီးတဲ့ ပြန်လည်ပြင်ဆင်မှုတွေအတွက် သင့်ပေးစရာမလိုတဲ့ကာကွယ်မှုနဲ့ စိတ်နှလုံးအေးချမ်းမှုကိုပေးပါတယ်။ ကားရောင်းတဲ့သူအများစုသည် ကားဝယ်သူကားပိုင်ရှင်များကို Comprehensive Motor Insurance တစ်ခုလုပ်ထားဖို့ အကြံပြုမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ယာဉ်နဲ့ Third party ကိုအာမခံဖြစ်စေလို့ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုမတူပါဘူး။
Comprehensive Motor Insurance သည် အောက်ပါအချက်တွေကြောင့် ယာဉ်ကို ပျက်စီးဆူံးရူံးှလျှင် အာမခံပေးပါသည်။
– ရေကြီးမှု၊ဟာရီကိန်း၊ ဆိုက်ကလုံး၊ တိုက်ဖုန်း၊ မုန်တိုင်း
– သူခိုး၊ဖောက်ထွင်းခြင်း၊ ထုရိုက်ခြင်း၊ ဆူပူမူများ
– အကြမ်းဖက်မှုများ၊ ဖျက်လိုဖျက်ဆီးလုပ်ဆောင်မှုများ
-မတော်တဆမှု၊ မီး (သို့) သူခိုး
-ရေကြီးခြင်းများနဲ့ မြေငလျင်
-မတော်တဆမှုဖြစ်ပေါ်ပြီးကြိုးဖြင့်ဆွဲခြင်း
စတဲ့ အစကနေအဆုံးအချက်တွေဖြစ်ပါတယ်။ Comprehensive Motor Insurance သည်အောက်ပါအချက်တွေကို အာမ မခံပါဘူး။
– အရက်သောက်ပြီး ကားမောင်းခြင်း
-မမှန်ကန်တဲ့လိုင်စင်ကို ကိုင်ပြီးယာဉ်ကို မောင်းနှင်ခြင်း
– ယာဉ်ပျက်စီးသွားတာမှန်သော်လည်း တာယာများကို ဆက်လက်ပျက်စီးစေခြင်း
– တပ်ဆင်ခြင်း နဲ့ ဆုတ်ဖြဲခြင်း (ဒါမှမဟုတ်) စက်ပိုင်းဆိုင်ရာများကို ဖျက်ဆီးထားခြင်း
ပေါ်လစီတစ်ခုရဲ့ အာမခံအချိန်အပိုင်းအခြားကတော့ အနည်းဆုံး ၃လကနေ အများဆုံး တစ်နှစ်ဖြစ်ပါတယ်။ နှစ်စဉ် ပေါ်လစီကတော့ အာမခံထားတဲ့ ယာဉ်ရဲ့ စျေးကွက်ပေါက်စျေး၊ အင်ဂျင်ပါ၀ါ၊ ယာဉ်ရဲ့ အသုံးပြုမှု ရည်ရွယ်ချက်စသည့်တို့ပေါ်မှာ မူတည်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ပိုင်သုံးဖို့လား (သို့) စီးပွားရေးအတွက် သုံးဖို့လာပေါ့။ ယေဘုယျအားဖြင့် ကိုယ်ပိုင်သုံးယာဉ်တွေအတွက် တစ်နှစ်မှာ အာမခံထားတဲ့ယာဉ်ရဲ့ စျေးကွက်ပေါက်စျေး အနည်းဆုံး ၀.၈ ရာခိုင်နှုန်းကန ၁.၂ ရာခိုင်နှုန်းအထိ ပရီမီယံကျသင့်မှာ ဖြစ်ပါတယ်။ စီးပွားဖြစ်သုံးယာဉ်တွေ အတွက်ကတော့ တစ်နှစ်ကို ကားရဲ့ စျေးကွက်ပေါက်စျေး ၁.၂ ရာခိုင်နှုန်းကနေ ၁.၈ ရာခိုင်နှုန်းကျသင့်မှာ ဖြစ်ပါတယ်။
ဒါဟာ သင့်နေတဲ့နေရာ၊ သင့်မောင်းတဲ့ ကားအမျိုးအစားစတဲ့ကဏ္ဍတွေ အတွက် ထိုက်တန်တဲ့ အာမခံစျေးနှုန်းတစ်ခု ဖြစ်ပါတယ်။ အချို့လူတွေက သူတို့ရဲ့ အာမခံ ပရီမီယံကို လျော့ချပါလိမ့်မယ်။ အာမခံငွေ ကုန်ကျမှုကို သက်သာစေဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ အာမခံ ကုန်ကျမှုနည်းတဲ့ ယာဉ်တစ်စီးကို ၀ယ်တာဖြစ်ပါတယ်။ဒါကြောင့် သင့်နောက်ကားတစ်စီးကို မဝယ်ခင် အာမခံလုပ်ငန်းက လူတွေနဲ့ အရင်စကားပြောကြည့်လိုက်ပါ။
Zawgyi version…
Comprehensive Motor Insurance သည် အောက်ပါအချက်တွေကြောင့် ယာဉ်ကို ပျက်စီးဆူံးရူံှးလျှင် အာမခံပေးပါသည်။