Unicode version…
အီတလီအခြေစိုက် စူပါကားများထုတ်လုပ်သည့် Lamborghini သည် ပေါင် (၂၇၀၀၀၀)တန် Aventador S မော်ဒယ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Lamborghini သည် ယင်းမော်ဒယ်ကို ၂၀၁၇ နှောင်းပိုင်းတွင် စျေးကွက်အတွင်း ဖြန့်ချီသွားမည်ဟုလည်း ကြေညာခဲ့သည်။
Lamborghini သည် Aventador S မော်ဒယ်တွင် မြင်းကောင်ရေ ရ၃၀ အားရှိသည့် 6.5-litre V12 အင်ဂျင်ကို အသုံးပြုမည် ဖြစ်သည်။ ထို့ကြောင့် Aventador S ကားသည် တစ်နာရီလျှင် ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မည်လည်း ဖြစ်သည်။ Aventador S ကားသည် ဓာတ်ဆီသုံးကားဖြစ်သော်လည်း တစ်ကီလိုမီတာတွင်မှ ၃၉၄ ဂရမ် ထုတ်လွှင့်မည်ဖြစ်သောကြောင့် လက်ရှိကမ္ဘာ့ထိပ်တန်းနိုင်ငံများ၌ သတ်မှတ်ထားသည့် နှုန်းထက်လျော့နည်းနေသည့်အတွက် အခွန်ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။
Lamborghini ၏ Aventador S သည် Ford Fiesta နှင့် Volkswagen ကားများကဲ့သို့ အဆင့်မြင့် နည်းပညာများကို အသုံးပြုထားသလို အရောင်အနေဖြင့်လည်း အဝါရောင်တောက်တောက်ကို ရွေးချယ်ထား သည်။ အဆိုပါ Aventador S ကို ကြိုတင်မှာယူများရှိနေပြီး ၂၀၁၇ တွင် ကျော်ကြားလာမည့်ကားဖြစ်သည်ဟု ကားလောကမှ ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။
Zawgyi version…