Unicode version…
လေထုညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တို့အတွက် ဓာတ်ငွေ့ထုတ်လွှင့်မှု များသည့် ဒီဇယ်ကားကို လျှော့ချရန် ကမ္ဘာနိုင်ငံအသီးသီးကြိုးပမ်းနေကြသည်။ ယခုအခါ ၂၀၂၅ ခုနှစ်မှ စပြီး ပဲရစ်၊ မက်ဒရစ်၊ အေသင်နှင့် မက္ကဆီမြို့တွင် ဒီဇယ်အသုံးပြုကားများကို လုံးဝမောင်းနှင်ခွင့်ပေးမည် မဟုတ်ကြောင်း ပြီးခဲ့သည့်လက မက္ကဆီမြို့၌ ကျင်းပခဲ့သည့် C40 မြို့တော်ဝန်များတွေ့ဆုံပွဲမှ အတည်ပြု ထုတ်ပြန်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံတွင် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် တစ်နှစ်လျှင် (၂၅၀၀)ခန့် သေဆုံးနေသည်။ ထို့ကြောင့် ပြည်သူများကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် ယခုကဲ့သို့ ဓာတ်ငွေ့ထုတ်လွှင့်များသည့် ဒီဇယ်ကားများကို ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပဲရစ်မြို့တော်ဝန် အန်နီဟိုင်းဒယ်လ်ကိုက ဆိုခဲ့သည်။ ၎င်းက “လေထုညစ်ညမ်းမှုနဲ့ လူတွေကျန်းမာရေးထိခိုက်မှုတွေကို ကျွန်မတို့ လက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။ အထူးသဖြင့် ကျွန်မတို့ နိုင်ငံသားတွေ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံနေရတာကို သည်းမခံနိုင်တော့ပါဘူး။ လေထုညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ အခုဆို ကမ္ဘာ့အရေးဖြစ်နေပါပြီ။ ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ကားထုတ်လုပ်သူတွေလည်း ကျွန်မတို့နဲ့အတူ လက်တွဲဖို့ ဒီနေရာကနေ နှိုးဆော်ပါတယ်” ဟု ဆိုခဲ့သည်။
ယခုကဲ့သို့ ကမ္ဘာထိပ်တန်းနိုင်ငံများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားခြင်းကြောင်း ဒီဇယ်ကားများ၏ခေတ်ကုန်ဆုံးတော့မည်ဖြစ်ပြီး လျှပ်စစ်ကားများမှာ ကားလောကကို ဦးဆောင်လာတော့မည် ဖြစ်ကြောင်း ကားလောကကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Zawgyi version…
ေလထုညစ္ညမ္းမႈ၊ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္တုိ႔အတြက္ ဓာတ္ေငြ႕ထုတ္လႊင့္မႈ မ်ားသည့္ ဒီဇယ္ကားကုိ ေလွ်ာ့ခ်ရန္ ကမၻာႏုိင္ငံအသီးသီးႀကိဳးပမ္းေနၾကသည္။ ယခုအခါ ၂၀၂၅ ခုႏွစ္မွ စၿပီး ပဲရစ္၊ မက္ဒရစ္၊ ေအသင္ႏွင့္ မကၠဆီၿမိဳ႕တြင္ ဒီဇယ္အသုံးျပဳကားမ်ားကုိ လုံး၀ေမာင္းႏွင္ခြင့္ေပးမည္ မဟုတ္ေၾကာင္း ၿပီးခဲ့သည့္လက မကၠဆီၿမိဳ႕၌ က်င္းပခဲ့သည့္ C40 ၿမိဳ႕ေတာ္၀န္မ်ားေတြ႕ဆုံပဲြမွ အတည္ျပဳ ထုတ္ျပန္ခဲ့ၾကသည္။
ျပင္သစ္ႏုိင္ငံတြင္ ေလထုညစ္ညမ္းမႈႏွင့္ သဘာ၀ပတ္၀န္းက်င္ထိခုိက္မႈမ်ားေၾကာင့္ တစ္ႏွစ္လွ်င္ (၂၅၀၀)ခန္႔ ေသဆုံးေနသည္။ ထုိ႔ေၾကာင့္ ျပည္သူမ်ားက်န္းမာေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးတုိ႔ အတြက္ ယခုကဲ့သုိ႔ ဓာတ္ေငြ႕ထုတ္လႊင့္မ်ားသည့္ ဒီဇယ္ကားမ်ားကုိ ပိတ္ပင္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ပဲရစ္ၿမိဳ႕ေတာ္၀န္ အန္နီဟုိင္းဒယ္လ္ကုိက ဆုိခဲ့သည္။ ၎က “ေလထုညစ္ညမ္းမႈနဲ႔ လူေတြက်န္းမာေရးထိခိုက္မႈေတြကုိ ကၽြန္မတုိ႔ လက္ပုိက္ၾကည့္ေနလုိ႔ မရေတာ့ပါဘူး။ အထူးသျဖင့္ ကၽြန္မတုိ႔ ႏုိင္ငံသားေတြ ဒီလုိအျဖစ္ဆုိးေတြနဲ႔ ႀကံဳေနရတာကုိ သည္းမခံႏုိင္ေတာ့ပါဘူး။ ေလထုညစ္ညမ္းမႈနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးဟာ အခုဆုိ ကမၻာ့အေရးျဖစ္ေနပါၿပီ။ ဒီလုပ္ငန္းစဥ္ေတြ ေအာင္ျမင္ဖုိ႔အတြက္ ကားထုတ္လုပ္သူေတြလည္း ကၽြန္မတို႔နဲ႔အတူ လက္တဲြဖုိ႔ ဒီေနရာကေန ႏႈိးေဆာ္ပါတယ္” ဟု ဆုိခဲ့သည္။
ယခုကဲ့သုိ႔ ကမၻာထိပ္တန္းႏိုင္ငံမ်ားအေနျဖင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးကုိ အေလးထားျခင္းေၾကာင္း ဒီဇယ္ကားမ်ား၏ေခတ္ကုန္ဆုံးေတာ့မည္ျဖစ္ၿပီး လွ်ပ္စစ္ကားမ်ားမွာ ကားေလာကကုိ ဦးေဆာင္လာေတာ့မည္ ျဖစ္ေၾကာင္း ကားေလာကကၽြမ္းက်င္သူမ်ားက သုံးသပ္ခဲ့သည္။