Unicode version…

ဗြိတိန်နိုင်ငံတွင် ကားပေါင်းသန်း(၃၀)ကျော်ရှိပြီး DVLA က စစ်တမ်းတစ်ခုကောက်ယူခဲ့ရာ ခဲရောင်ကို ကားပိုင်ရှင်များက အနှစ်သက်ဆုံးဖြစ်ကြောင်း သိရသည်။

DVLA အဖွဲ့သည် ဗြိတိန်နိုင်ငံအတွင်းရှိ ကားပိုင်ရှင်များ၏ ကားများတွင် မည်သည့်အရောင် အများဆုံးဖြစ်သည်ကို ဆန်းစစ်လေ့လာခဲ့့ခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့၏ လေ့လာချက်အရ ဗြိတိန်တွင် မှတ်ပုံတင်ထားသည့် ကားပေါင်းသန်း(၃၀)ကျော်တွင် (၆၈၄၁၃၁၅) စီးမှာ ခဲရောင်များ ဖြစ်နေသည်။ အဆိုပါပမာဏမှာ ဗြိတိန်နိုင်ငံအတွင်းရှိ ကားများ၏(၂၂.၅)ရာခိုင်နှုန်းဖြစ်ပြီး ဒုတိယအကြိုက်ဆုံးအရောင်အဖြစ် ရပ်တည်နေသည့် အနက်ရောင်ထက် (၉၂၅၇၈၈) စီး ပိုများနေခြင်း ဖြစ်သည်။ ကားပိုင်ရှင်များအနေဖြင့် ယခုကဲ့သို့ ခဲရောင် နှစ်သက်ရခြင်းမှာ အရောင်တာရှည်ခြင်း၊ အစွန်းအထင်းခံနိုင်ခြင်းနှင့် ၀င့်ကြွားသည့် အသွင်ရှိခြင်းတို့ကြောင်း ဖြစ်သည်ဟု ယင်းစစ်တမ်းက ဆိုသည်။

ခဲရောင်နောက်တွင် အနက်ရောင်က (၄၉၁၅၅၂၇)စီးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ တတိယနေရာနှင့် စတုတ္ထနေရာများတွင်များတွင်မူ အပြာရောင်နှင့် မီးခိုရောင်တို့ဖြစ်ပြီး ၅၆၈၉၅၁၆ နှင့် ၃၇၁၀၆၅ စီးတို့ဖြင့် အသီးသီးရပ်တည်နေကြသည်။ ၎င်းတို့နောက်တွင်မူ အနီ၊ အဖြူ၊ အစိမ်းတို့က အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။

Zawgyi version…

ၿဗိတိန္ႏုိင္ငံတြင္ ကားေပါင္းသန္း(၃၀)ေက်ာ္ရွိၿပီး  DVLA က စစ္တမ္းတစ္ခုေကာက္ယူခဲ့ရာ ခဲေရာင္ကုိ ကားပုိင္ရွင္မ်ားက အႏွစ္သက္ဆုံးျဖစ္ေၾကာင္း သိရသည္။

DVLA အဖဲြ႕သည္ ၿဗိတိန္ႏုိင္ငံအတြင္းရွိ ကားပုိင္ရွင္မ်ား၏ ကားမ်ားတြင္ မည္သည့္အေရာင္ အမ်ားဆုံးျဖစ္သည္ကုိ ဆန္းစစ္ေလ့လာခဲ့့ျခင္း ျဖစ္သည္။ အဆုိပါအဖဲြ႕၏ ေလ့လာခ်က္အရ ၿဗိတိန္တြင္ မွတ္ပုံတင္ထားသည့္ ကားေပါင္းသန္း(၃၀)ေက်ာ္တြင္ (၆၈၄၁၃၁၅) စီးမွာ ခဲေရာင္မ်ား ျဖစ္ေနသည္။ အဆုိပါပမာဏမွာ ၿဗိတိန္ႏုိင္ငံအတြင္းရွိ ကားမ်ား၏(၂၂.၅)ရာခုိင္ႏႈန္းျဖစ္ၿပီး ဒုတိယအႀကိဳက္ဆုံးအေရာင္အျဖစ္ ရပ္တည္ေနသည့္ အနက္ေရာင္ထက္ (၉၂၅၇၈၈) စီး ပုိမ်ားေနျခင္း ျဖစ္သည္။ ကားပုိင္ရွင္မ်ားအေနျဖင့္ ယခုကဲ့သုိ႔ ခဲေရာင္ ႏွစ္သက္ရျခင္းမွာ အေရာင္တာရွည္ျခင္း၊ အစြန္းအထင္းခံႏုိင္ျခင္းႏွင့္ ၀င့္ၾကြားသည့္ အသြင္ရွိျခင္းတုိ႔ေၾကာင္း ျဖစ္သည္ဟု ယင္းစစ္တမ္းက ဆုိသည္။

ခဲေရာင္ေနာက္တြင္ အနက္ေရာင္က (၄၉၁၅၅၂၇)စီးျဖင့္ ဒုတိယေနရာတြင္ ရပ္တည္ေနသည္။ တတိယေနရာႏွင့္ စတုတၳေနရာမ်ားတြင္မ်ားတြင္မူ အျပာေရာင္ႏွင့္ မီးခုိေရာင္တုိ႔ျဖစ္ၿပီး ၅၆၈၉၅၁၆ ႏွင့္ ၃၇၁၀၆၅ စီးတုိ႔ျဖင့္ အသီးသီးရပ္တည္ေနၾကသည္။ ၎တုိ႔ေနာက္တြင္မူ အနီ၊ အျဖဴ၊ အစိမ္းတုိ႔က အစဥ္လုိက္ ရပ္တည္ခဲ့ၾကသည္။