Unicode version…
GLC 250
ကြယ်သုုံးပွင့်ရဲ့အလွန်
မားစီးဒီးဆိုတဲ့ သင်္ကေတ တံဆိပ်ပေါ်မှာ ငွေရောင် သုံးပွင့်ဆုံနေတဲ့ ကြယ်လေးကို လူတိုင်း သတိပြုမိကြ၊ လေးစားစွာ ကြည့်ရှုကြပြီး မကြာခဏဆိုသလို အားကျကြပါတယ်။ မားစီးဒီးရဲ့ Mercedes-Benz GLC 250
မော်ဒယ်အသစ်မိတ်ဆက်မှုသည် ပထမဆုံး စာလုံးနှစ်လုံးနဲ့ နောက်ဆုံးစာလုံးရဲ့ Class ထဲမှာ ကားကိုယ်ထည်ရဲ့ပုံစံကိုညွှန်းပြတဲ့ numbering system အသစ်နဲ့လာတာ ဖြစ်ပါတယ်။ GL ရဲ့ အဓိပ္ပာယ်ကတော့ ၄င်းသည် SUV တစ်စီးဖြစ်တယ်ဆိုတာ ဖော်ပြထားတာဖြစ်ပြီး C ရဲ့အဓိပ္ပာယ်ကတော့ ၄င်းဟာ C-class ဖြစ်တယ်ဆိုတာ ဖော်ပြထားတာ ဖြစ်ပါတယ်။ S ဆိုတဲ့အဓိပ္ပာယ်ကတော့ S-class ဖြစ်ပါတယ်။ Mercedes-Benz GLK ဆိုတဲ့ အောင်မြင်နေတဲ့ ဘရန်းရဲ့မော်ဒယ်ကို မိသားစုတွေ သဘောကျကြမှာပါ။ အထူးသဖြင့် ပရီမီယံဘရန်းတွေကို နှစ်သက်တဲ့သူတွေပေါ့။ ဘဝကို ပြီးပြည့်စုံလွယ်ကူစေတဲ့ Mercedes-Benz GLC-Class
ထဲမှာတော့ များပြားလှစွာသော လက်တွေ့လုပ်ဆောင်နိုင်တဲ့ အစိတ်အပိုင်းအသစ်တွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။
Compact SUV တစ်စီးဖြစ်ပြီး နည်းလမ်းပေါင်းစုံထဲမှာ ယခင်မော်ဒယ်ထက် ပိုပြီးကြီးမားပါတယ်။ SUV တွေထဲမှာ အတိတ်ဆိတ်ဆုံး အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ 467 cm ရှည်ပြီး 189 cm ကျယ်ပါတယ်။ 164 cm အမြင့်ရှိတာကိုလည်း တွေ့ရပါတယ်။ ထိုအသစ်ဖြစ်တဲ့ GLC မော်ဒယ်သည် လေခွင်းကားပုံစံမျိုး တည်ဆောက်ထားပြီး မှော်ပညာအစွမ်းတွေဖြင့် တည်ရှိနေတာ ဖြစ်ပါတယ်။ Mercedes-Benz ရဲ့ development
ဌာနထဲက ကိုယ်ထည်တည်ဆောက်ရေး သိပ္ပံအသင်းသည် ကီလို ၈၀ အလေးချိန်ကို လျှော့ချပြီး ပိုကြံ့ခိုင်ကာ ပေါ့ပါးတဲ့ ကိုယ်ထည်ပစ္စည်းအသစ်တွေနဲ့အတူ လုပ်ဆောင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ယခုတော့ Mercedes-Benz GLC ရဲ့ အလေးချိန်သည် ကီလို ၁၈၄၅ ပဲကျန်ရှိတော့တာ ဖြစ်ပြီး GLK မော်ဒယ်ထက်လည်း ပိုပြီး သိသိသာသာ ဆီစားသက်သာလာပါတယ်။
စပေါ့ကားတွေလို မောင်းနှင်နိုင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ Mercedes-Benz GLC ရဲ့ အစွမ်းတွေကို လမ်းကြမ်းမောင်းနှင်မှု ရည်ရွယ်ချက်တွေနဲ့အတူ လေးဘီးမောင်းစနစ်ဖြစ်တဲ့ မိသားစုသုံး ကားတစ်စီးနဲ့ ဆက်နွယ်တဲ့နေရာတွေမှာ အသုံးချထားပါတယ်။ ထိုရည်ရွယ်ချက်တွေကို သေချာစေဖို့ အထောက်အကူပြုနေတာကတော့
ယနေ့ကားမောင်းသူတွေလိုအပ်မှုဖြစ်တဲ့ 4Matic all-wheel drive စနစ်ကို နေရာချထားတာပဲ ဖြစ်ပါတယ်။ ချိုင့်တွေများတဲ့ မြန်မာနိုင်ငံရဲ့လမ်းတွေမှာ မောင်းနှင်ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ခေတ်မီကားတွေမှာ ပါရှိနေကျဖြစ်တဲ့ လတ်တလော သင့်ရဲ့ ခံစားနေရတဲ့ ခံစားမှုအပေါ်မူတည်ပြီး ရွေးချယ်နိုင်တဲ့ မတူတဲ့ driving modes
တွေပါရှိပါတယ်။ Chassis, switching နဲ့ suspension တွေကို တော်တော်လွယ်လွယ်ကူကူ လိုက်ဖက်အောင် ပြင်ဆင်နိုင်ပါတယ်။
ကိုင်တွယ်ထိန်းချုပ်မှုတွေဟာ Mercedes-Benz ပိုင်ရှင်တွေအတွက် ချက်ချင်းကို အကျွမ်းတဝင်ဖြစ်စေပါတယ်။ ဆယ်စုနှစ်များအတွက် အရသာခံစားနိုင်တဲ့ ရိုးရှင်းမှုတွေနဲ့ အဓိကဖြစ်တဲ့ sense layout တွေကို ပါဝင်ထားပါတယ်။ တန်ဆာပလာများဖြင့် ရှုပ်ပွမနေဘဲ သတင်းအချက်အလက်တွေကို လွယ်ကူပြီး လွယ်လင့်တကူ ဖတ်ရှုနိုင်ပါတယ်။ ထိုင်ခုံ ငါးခုံပါပြီး ရှေ့ထိုင်ခုံနှစ်ခုံတွင် လုံလောက်တဲ့နေရာများဖြစ်စေဖို့ ဒီဇိုင်းဆွဲထားပါတယ်။ အနောက်ဘက်ထိုင်ခုံကတော့ လွန်ကဲစွာမဖြစ်စေဘဲ စီစဉ်ထောက်ပံ့ပေးထားပါတယ်။ အနောက်ဘက် ထိုင်ခုံကတော့ ခြေထောက်အတွက် လုံလောက်တဲ့ နေရာပါရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့သူ
သုံးယောက် ကောင်းကောင်းထိုင်လို့ရပါတယ်။ ခရီးရှည်များအတွက် အလယ်မှာ ကလေးနှစ်ယောက်ရော လိုက်ပါနိုင်ပါတယ်။mm
အရှေ့ဘက်က ထိုင်ခုံကြီးတွေကတော့ အရမ်းကိုကောင်းပြီး တံခါးရွက်တွေထဲမှာ power adjustment ကို အိုင်ဒီယာကောင်းတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ ဘရန်းရဲ့ ဒီဇိုင်း team သည် ဂီယာ (၉) ချက်ရှိတဲ့ ကိုယ်ပိုင်အော်တိုမက်တစ်ဂီယာကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ ထုတ်သမျှ မော်ဒယ်တွေအားလုံးမှာ standard တစ်ခုလည်း ဖြစ်လာပါပြီ။ ထပ်ဆောင်းထားတဲ့ အစိတ်အပိုင်း option တွေဖြစ်တဲ့ Off-road Engineering Package နဲ့ Air Body Control တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဦးတည်ချက်ကတော့
ထို SUV မော်ဒယ်အတွက် အဆင်ပြေစေဖို့နဲ့ မြို့တွင်းမောင်းနှင်မှုတွေ၊ တစ်ခါတစ်ရံ မြို့ပြင်အပျော်ခရီးတွေကို သွားလာနိုင်စေဖို့ ဖြစ်ပါတယ်။ ကားအနောက်ခန်းကလည်း ပစ္စည်းတွေကို အကောင်းဆုံးသယ်ဆောင်နိုင်စေပါတယ်။
ခေတ်ဆန်ကျော့မော့တဲ့ ယာဉ်တစ်စီးဖြစ်ပြီး လက်တွေ့အသုံးကျကာ ရှေ့ဘက်က ကြယ်သုံးပွင့်ဆုံနေတဲ့ အမှတ်အသား Mercedes-Benz ရဲ့ဩဇာတိက္ကမကို သယ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ GLC မော်ဒယ်သည် ရောင်းအားလည်း အလွန်ကောင်းတဲ့ မော်ဒယ်တစ်မျိုး ဖြစ်ပါတယ်။
ဈေးနှုန်းကို ဒေါ်လာ ၁၁၀၈၈၈ ကနေ စတင်ထားပါတယ်။
Zawgyi version…
GLC 250
ၾကယ္သံုုးပြင့္ရဲ႕အလြန္
မားစီးဒီးဆိုတဲ့ သေကၤတ တံဆိပ္ေပၚမွာ ေငြေရာင္ သံုးပြင့္ဆံုေနတဲ့ ၾကယ္ေလးကို လူတိုင္း သတိျပဳမိၾက၊ ေလးစားစြာ ၾကည့္႐ႈၾကၿပီး မၾကာခဏဆိုသလို အားက်ၾကပါတယ္။ မားစီးဒီးရဲ႕ Mercedes-Benz GLC 250
ေမာ္ဒယ္အသစ္မိတ္ဆက္မႈသည္ ပထမဆံုး စာလံုးႏွစ္လံုးနဲ႔ ေနာက္ဆံုးစာလံုးရဲ႕ Class ထဲမွာ ကားကိုယ္ထည္ရဲ႕ပံုစံကိုၫႊန္းျပတဲ့ numbering system အသစ္နဲ႔လာတာ ျဖစ္ပါတယ္။ GL ရဲ႕ အဓိပၸာယ္ကေတာ့ ၄င္းသည္ SUV တစ္စီးျဖစ္တယ္ဆိုတာ ေဖာ္ျပထားတာျဖစ္ၿပီး C ရဲ႕အဓိပၸာယ္ကေတာ့ ၄င္းဟာ C-class ျဖစ္တယ္ဆိုတာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။ S ဆိုတဲ့အဓိပၸာယ္ကေတာ့ S-class ျဖစ္ပါတယ္။ Mercedes-Benz GLK ဆိုတဲ့ ေအာင္ျမင္ေနတဲ့ ဘရန္းရဲ႕ေမာ္ဒယ္ကို မိသားစုေတြ သေဘာက်ၾကမွာပါ။ အထူးသျဖင့္ ပရီမီယံဘရန္းေတြကို ႏွစ္သက္တဲ့သူေတြေပါ့။ ဘဝကို ၿပီးျပည့္စံုလြယ္ကူေစတဲ့ Mercedes-Benz GLC-Class
ထဲမွာေတာ့ မ်ားျပားလွစြာေသာ လက္ေတြ႔လုပ္ေဆာင္ႏိုင္တဲ့ အစိတ္အပိုင္းအသစ္ေတြ ထည့္သြင္းတည္ေဆာက္ထားပါတယ္။
Compact SUV တစ္စီးျဖစ္ၿပီး နည္းလမ္းေပါင္းစံုထဲမွာ ယခင္ေမာ္ဒယ္ထက္ ပိုၿပီးႀကီးမားပါတယ္။ SUV ေတြထဲမွာ အတိတ္ဆိတ္ဆံုး အမ်ိဳးအစားတစ္မ်ိဳးျဖစ္ပါတယ္။ 467 cm ရွည္ၿပီး 189 cm က်ယ္ပါတယ္။ 164 cm အျမင့္ရွိတာကိုလည္း ေတြ႔ရပါတယ္။ ထိုအသစ္ျဖစ္တဲ့ GLC ေမာ္ဒယ္သည္ ေလခြင္းကားပံုစံမ်ိဳး တည္ေဆာက္ထားၿပီး ေမွာ္ပညာအစြမ္းေတြျဖင့္ တည္ရွိေနတာ ျဖစ္ပါတယ္။ Mercedes-Benz ရဲ႕ development
ဌာနထဲက ကိုယ္ထည္တည္ေဆာက္ေရး သိပၸံအသင္းသည္ ကီလို ၈၀ အေလးခ်ိန္ကို ေလွ်ာ့ခ်ၿပီး ပိုႀကံ႕ခိုင္ကာ ေပါ့ပါးတဲ့ ကိုယ္ထည္ပစၥည္းအသစ္ေတြနဲ႔အတူ လုပ္ေဆာင္အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။
ယခုေတာ့ Mercedes-Benz GLC ရဲ႕ အေလးခ်ိန္သည္ ကီလို ၁၈၄၅ ပဲက်န္ရွိေတာ့တာ ျဖစ္ၿပီး GLK ေမာ္ဒယ္ထက္လည္း ပိုၿပီး သိသိသာသာ ဆီစားသက္သာလာပါတယ္။
စေပါ့ကားေတြလို ေမာင္းႏွင္ႏိုင္ဖို႔ မရည္ရြယ္ခဲ့ပါဘူး။ Mercedes-Benz GLC ရဲ႕ အစြမ္းေတြကို လမ္းၾကမ္းေမာင္းႏွင္မႈ ရည္ရြယ္ခ်က္ေတြနဲ႔အတူ ေလးဘီးေမာင္းစနစ္ျဖစ္တဲ့ မိသားစုသံုး ကားတစ္စီးနဲ႔ ဆက္ႏြယ္တဲ့ေနရာေတြမွာ အသံုးခ်ထားပါတယ္။ ထိုရည္ရြယ္ခ်က္ေတြကို ေသခ်ာေစဖို႔ အေထာက္အကူျပဳေနတာကေတာ့
ယေန႔ကားေမာင္းသူေတြလိုအပ္မႈျဖစ္တဲ့ 4Matic all-wheel drive စနစ္ကို ေနရာခ်ထားတာပဲ ျဖစ္ပါတယ္။ ခ်ိဳင့္ေတြမ်ားတဲ့ ျမန္မာႏိုင္ငံရဲ႕လမ္းေတြမွာ ေမာင္းႏွင္ဖို႔အတြက္ အေကာင္းဆံုး ျဖစ္ပါတယ္။ ေခတ္မီကားေတြမွာ ပါရွိေနက်ျဖစ္တဲ့ လတ္တေလာ သင့္ရဲ႕ ခံစားေနရတဲ့ ခံစားမႈအေပၚမူတည္ၿပီး ေရြးခ်ယ္ႏိုင္တဲ့ မတူတဲ့ driving modes
ေတြပါရွိပါတယ္။ Chassis, switching နဲ႔ suspension ေတြကို ေတာ္ေတာ္လြယ္လြယ္ကူကူ လိုက္ဖက္ေအာင္ ျပင္ဆင္ႏိုင္ပါတယ္။
ကိုင္တြယ္ထိန္းခ်ဳပ္မႈေတြဟာ Mercedes-Benz ပိုင္ရွင္ေတြအတြက္ ခ်က္ခ်င္းကို အကြ်မ္းတဝင္ျဖစ္ေစပါတယ္။ ဆယ္စုႏွစ္မ်ားအတြက္ အရသာခံစားႏိုင္တဲ့ ႐ိုးရွင္းမႈေတြနဲ႔ အဓိကျဖစ္တဲ့ sense layout ေတြကို ပါဝင္ထားပါတယ္။ တန္ဆာပလာမ်ားျဖင့္ ႐ႈပ္ပြမေနဘဲ သတင္းအခ်က္အလက္ေတြကို လြယ္ကူၿပီး လြယ္လင့္တကူ ဖတ္႐ႈႏိုင္ပါတယ္။ ထိုင္ခံု ငါးခံုပါၿပီး ေရွ႕ထိုင္ခံုႏွစ္ခံုတြင္ လံုေလာက္တဲ့ေနရာမ်ားျဖစ္ေစဖို႔ ဒီဇိုင္းဆြဲထားပါတယ္။ အေနာက္ဘက္ထိုင္ခံုကေတာ့ လြန္ကဲစြာမျဖစ္ေစဘဲ စီစဥ္ေထာက္ပံ့ေပးထားပါတယ္။ အေနာက္ဘက္ ထိုင္ခံုကေတာ့ ေျခေထာက္အတြက္ လံုေလာက္တဲ့ ေနရာပါရွိပါတယ္။ အရြယ္ေရာက္ၿပီးတဲ့သူ
သံုးေယာက္ ေကာင္းေကာင္းထိုင္လို႔ရပါတယ္။ ခရီးရွည္မ်ားအတြက္ အလယ္မွာ ကေလးႏွစ္ေယာက္ေရာ လိုက္ပါႏိုင္ပါတယ္။
အေရွ႕ဘက္က ထိုင္ခံုႀကီးေတြကေတာ့ အရမ္းကိုေကာင္းၿပီး တံခါးရြက္ေတြထဲမွာ power adjustment ကို အိုင္ဒီယာေကာင္းတစ္ခုအေနနဲ႔ ထည့္သြင္းထားပါတယ္။ ဘရန္းရဲ႕ ဒီဇိုင္း team သည္ ဂီယာ (၉) ခ်က္ရွိတဲ့ ကိုယ္ပိုင္ေအာ္တိုမက္တစ္ဂီယာကို အေကာင္အထည္ေဖာ္လ်က္ရွိပါတယ္။ ထုတ္သမွ် ေမာ္ဒယ္ေတြအားလံုးမွာ standard တစ္ခုလည္း ျဖစ္လာပါၿပီ။ ထပ္ေဆာင္းထားတဲ့ အစိတ္အပိုင္း option ေတြျဖစ္တဲ့ Off-road Engineering Package နဲ႔ Air Body Control ေတြကို ေတြ႔ရမွာ ျဖစ္ပါတယ္။ ဦးတည္ခ်က္ကေတာ့
ထို SUV ေမာ္ဒယ္အတြက္ အဆင္ေျပေစဖို႔နဲ႔ ၿမိဳ႕တြင္းေမာင္းႏွင္မႈေတြ၊ တစ္ခါတစ္ရံ ၿမိဳ႕ျပင္အေပ်ာ္ခရီးေတြကို သြားလာႏိုင္ေစဖို႔ ျဖစ္ပါတယ္။ ကားအေနာက္ခန္းကလည္း ပစၥည္းေတြကို အေကာင္းဆံုးသယ္ေဆာင္ႏိုင္ေစပါတယ္။
ေခတ္ဆန္ေက်ာ့ေမာ့တဲ့ ယာဥ္တစ္စီးျဖစ္ၿပီး လက္ေတြ႔အသံုးက်ကာ ေရွ႕ဘက္က ၾကယ္သံုးပြင့္ဆံုေနတဲ့ အမွတ္အသား Mercedes-Benz ရဲ႕ဩဇာတိကၠမကို သယ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ GLC ေမာ္ဒယ္သည္ ေရာင္းအားလည္း အလြန္ေကာင္းတဲ့ ေမာ္ဒယ္တစ္မ်ိဳး ျဖစ္ပါတယ္။
ေဈးႏႈန္းကို ေဒၚလာ ၁၁၀၈၈၈ ကေန စတင္ထားပါတယ္။