ဒီနေ့အတွက် Drive ပရိသတ်ကြီးအတွက် အထူးအစီအစဉ်အနေနဲ့ ဗီဒီယိုအင်တာဗျူးတစ်ခု ထပ်တင်ပေးလိုက်ပါတယ်။ Corona Virus ကြောင့် အိမ်မှာနေနေရပေမဲ့ စိတ်ဝင်စားတဲ့ ကားအကြောင်း လေ့လာခွင့်ရအောင် ကျွန်တော်တို့ Drive Media က နိုင်ငံတကာက ကားလုပ်ငန်းထဲက ပညာရှင်တွေ အထူးဧည့်သည်တွေနဲ့ ချိတ်ဆက်ပြီး ဗီဒီယိုအင်တာဗျူးတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာကတော့ Nissan မှာ ကားဒီဇိုင်နာတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ Mr. Rohit Dhiman နဲ့ စကားပြောဖြစ်ခဲ့ကြပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးရင်း Nissan ရဲ့ နောက်ကွယ်က ဒီဇိုင်နာတစ်ယောက်ရဲ့ဘဝကို ပြောပြပေးသွားခဲ့တဲ့အပြင် ကားဒီဇိုင်းဝါသနာပါတဲ့ လူငယ်တွေကိုပါ အားပေးစကားပြောသွားခဲ့တဲ့ Mr. Rohit Dhiman နဲ့ အင်တာဗျူးကို အားပေးကြည့်ရှုရင်း နောက်ထပ်လည်း ပြည်တွင်းပြည်ပ ကားပညာရှင်တွေနဲ့ ထပ်မံအင်တာဗျူးပေးဦးမှာမို့လို့ စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာ။

——–
Zawgyi
ဒီေန႕အတြက္ Drive ပရိသတ္ႀကီးအတြက္ အထူးအစီအစဥ္အေနနဲ႕ ဗီဒီယိုအင္တာဗ်ဴးတစ္ခု ထပ္တင္ေပးလိုက္ပါတယ္။ Corona Virus ေၾကာင့္ အိမ္မွာေနေနရေပမဲ့ စိတ္၀င္စားတဲ့ ကားအေၾကာင္း ေလ့လာခြင့္ရေအာင္ ကၽြန္ေတာ္တို႕ Drive Media က ႏိုင္ငံတကာက ကားလုပ္ငန္းထဲက ပညာရွင္ေတြ အထူးဧည့္သည္ေတြနဲ႕ ခ်ိတ္ဆက္ၿပီး ဗီဒီယိုအင္တာဗ်ဴးေတြ ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာကေတာ့ Nissan မွာ ကားဒီဇိုင္နာတစ္ေယာက္အေနနဲ႕ တာ၀န္ထမ္းေဆာင္ေနတဲ့ Mr. Rohit Dhiman နဲ႕ စကားေျပာျဖစ္ခဲ့ၾကပါတယ္။ သူ႕ရဲ႕ အေတြ႕အၾကဳံေတြကို ေ၀မ်ွေပးရင္း Nissan ရဲ႕ ေနာက္ကြယ္က ဒီဇိုင္နာတစ္ေယာက္ရဲ႕ဘ၀ကို ေျပာျပေပးသြားခဲ့တဲ့အျပင္ ကားဒီဇိုင္း၀ါသနာပါတဲ့ လူငယ္ေတြကိုပါ အားေပးစကားေျပာသြားခဲ့တဲ့ Mr. Rohit Dhiman နဲ႕ အင္တာဗ်ဴးကို အားေပးၾကည့္ရႈရင္း ေနာက္ထပ္လည္း ျပည္တြင္းျပည္ပ ကားပညာရွင္ေတြနဲ႕ ထပ္မံအင္တာဗ်ဴးေပးဦးမွာမို႕လို႕ ေစာင့္ေမ်ွာ္ၾကည့္ရႈၾကပါဦးခင္ဗ်ာ။

#Nissan #Design #Designer #DriveMedia #VideoInterview