ဒီနေ့အတွက်ကတော့ အိမ်မှာနေနေကြတဲ့ ပရိသတ်တွေအတွက် အထူးအစီအစဉ်အနေနဲ့ ဗီဒီယို အင်တာဗျူးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ရန်ကုန်မြို့မှာ မကြာခင်ဖွင့်လှစ်တော့မဲ့ @Audi Myanmar Dealership အသစ်ကြီးကို တာဝန်ယူဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ Mr. Antoine Jeanson (Director of Operations) နဲ့ ဗီဒီယိုအင်တာဗျူးကနေတဆင့် သိချင်တာလေးတွေကို ကျွန်တော်တို့ Drive Media မှမေးမြန်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ Audi ရဲ့ လက်ရှိ အစီအစဉ်တွေရယ်၊ သူတို့ရဲ့ လျှပ်စစ်ကားအနာဂါတ်အကြောင်းနဲ့ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို မိတ်ဆက်ပေးသွားတဲ့အပြင် ရောင်းချသွားမဲ့ကားအကြောင်းတွေကိုပါ သေသေချာချာ ရှင်းပြပေးသွားခဲ့တဲ့အတွက် ပရိတ်သကြီး စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။
နောက်ထပ်လည်း မြန်မာနိုင်ငံကော နိုင်ငံတကာအသီးသီးကပါ ကားလောကထဲက အထူးဧည့်သည်တွေနဲ့ ဗီဒီယိုအင်တာဗျူးတွေ ပြုလုပ်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။
—————
Zawgyi
ရန်ကုန်မြို့မှာ မကြာခင်ဖွင့်လှစ်တော့မဲ့ Audi Dealership အသစ်ကြီးကို တာဝန်ယူဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ Mr. Antoine Jeanson (Director of Operations) နဲ့ ဗီဒီယိုအင်တာဗျူးကနေတဆင့် သိချင်တာလေးတွေကို ကျွန်တော်တို့ Drive Media မှမေးမြန်းဖြစ်ခဲ့ပါတယ်။