Jeep သည် 1988 တွင် ပထမဆုံး မိတ်ဆက်ခဲ့သည့် Tropical Islander Moniker အား ပြန်လည်ဆန်းသစ်သည့် အနေဖြင့် Jeep Wrangler နှင့် Jeep Renegade တို့တွင် Special Version အနေဖြင့် ထုတ်လုပ်လိုက်ပါသည်။ ၎င်းတို့ (၂) မျိုးတွင် ဝယ်ယူသူစိတ်ကြိုက် ဆေးရောင်များ ၊ Sporty Features များကိုလည်း ပေါင်းစပ် ထည့်သွင်းပေးထားပါသည်။ Wrangler Islander တွင် 2 doors နှင့် 4 doors ပုံစံ (၂) မျိုးပါရှိပြီး Islander-Spec များအနေဖြင့် 17-inch Rubican Wheels ၊ Tiki Bob Hood နှင့် အတူ ထူးခြားသည့် Hardtop Roof ကိုလည်း ပေါင်းစပ်ပါဝင်ပါမည်။ ၎င်းတို့ အပြင် ဝယ်ယူသူများမှလည်း ဆေးရောင် (၁၀) မျိုးကို ရွေးချယ်နိုင်ပြီး Firecracker Red ၊ Snazzberry ကဲ့သို့ ဆေးရောင်များပါဝင်ပါသည်။ အတွင်းခန်းတွင်လည်း Islander Logo နှင့် Surf Blue Accent တို့ကို တွေ့မြင်ရမည့်အပြင် U connect 4 နှင့် Apple Car play / Android Auto တို့ပါဝင်သည့် (၇) လက်မပတ်လည် Touchscreenလည်း ပါဝင်ပါမည်။ ထူးခြားသည့် ပစ္စည်းများစွာ ပေါင်းစပ်ထားသည့် Islander Plus Package ကိုလည်း ရရှိနိုင်ပါသည်။ Jeep Renegade Islander Model တွင်မူ 19-inch Wheels ( Bikini | Jetset Blue ၊ Glacier ၊ Omaha Orange ) စသည့် အရောင်(၄) မျိုး တို့ ရရှိနိုင်ပြီး ထူးခြားသည့် အခင်းအကျင်းနှင့် Package များကိုလည်း မှာယူနိုင် ပါသည်။ Jeep Renegade Islander အား ( USD 27000 ) ဝန်းကျင်ဖြင့်၎င်း ၊ Jeep Wrangler Islander အား ( USD 33000 ) မှ ( USD 36000 ) ဝန်းကျင် ဈေးများဖြင့်၎င်း ၊ ( U.S.A ) ဈေးကွက် တွင် ရောင်းချမည်ဖြစ်ပါသည်။ Jeep Renegade နှင့် Jeep Wrangler တို့သည် ထင်ရှားသည့် Jeep Model များဖြစ်ပါသည်။