Zawgyi Version…
Unicode Version…
ဂန္ထဝင်အနုပညာရှင် Da Vinci ၏နှစ် ၅၀၀ ပြည့်အထိမ်းအမှတ် Concept ကား
Itadesign ၏ Concept Coupe အသစ်ဖြစ်သည့် Da Vinci – (၎င်းသည် ရီနေးဆန်ခေတ်တွင် အလွန် ထင်ရှားခဲ့သည့် ပန်းချီဆရာနှင့် တီထွင်သူဖြစ်သည် ) ဟု ခေါ်ဆိုပြီး Mr Da Vinci ၏ ( နှစ် ၅၀၀ ) ပြည့် အထိမ်းအမှတ် အတွက် ဂုဏ်ပြုအမည်ပေးခြင်းဖြစ်ကာ အဆိုပါ Sport car ဆန်းသစ်သည့် Features များစွာဖြင့် ဖန်တီးထားမည်။ Da Vinci သည် ( 2+2 GT Coupe ) ဖြစ်ပြီး လျှပ်စစ်စနစ်သုံးကားဖြစ်ကာ ကြမ်းခင်းရှိ Battery နှင့် လျှပ်စစ်မော်တာ (၂) ခုတို့မှ ဓာတ်အားရရှိပါမည်။ ၎င်းတွင် – ( 4.0 L VB Engine ) ၊ ( AWD System ) တို့လည်းပါရှိမည်။ Da Vinci Concept အား တောင့်တင်းခိုင်ခန့်စွာ ဖန်တီးထားပြီး ရှည်လျားသည့် Hood ၊ ကျယ်ဝန်းသည့် အနံနှင့် သွယ်လျှစွာဖန်တီးထားသည့် အမိုးကိုင်း တို့ဖြင့် ထူးခြားစွာဖန်တီးထားကာ လေစွမ်းအားကို တုန့်ပြန်နိုင်သည့် ဒီဇိုင်းအား ကားအပြင် ပတ်လည် အပြည့် ထည့်သွင်းထားပြီး OLED Taillights နှင့် Spoiler တို့သည် Da Vinci အားများစွာ ဝံ့ကြွားစေပါမည်။ အတွင်းခန်းတွင် Display Screen ( ၃ ) ခုဖြင့် ဆန်းသစ်စွာခင်းကျင်းထားပြီး ပထမတခုသည် Dashboard တွင် ၎င်း၊ ဒုတိယတခုသည် Center Console တွင် ၎င်း နောက်ဆုံး တခုသည် ခရီးသည် အတွက် ၎င်း၊ တပ်ဆင်ထားပါသည်။ နာမည်ကျော် Alcantara အား အတွင်းခန်း အန့ှံအပြားတွင် အသုံးပြု ထားပြီး ဒီဇိုင်းဖန်တီးမှု အားလုံးကို အီတလီနိုင်ငံ Moncalieri ရှိ ၎င်း၏ စက်ရုံ၌ ဖန်တီးပါသည်။ Italderign အနေဖြင့် ၎င်းအား Series Production အနေဖြင့် ထုတ်လုပ်ခြင်း ထက် အခြား Brands များအား ထိုအတိုင်း ဒီဇိုင်းဖန်တီးမှုကို ပြုလုပ်ပေးခြင်းကို လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။