Unicode version…

ဗြိတိသျှအခြေစိုက် (Jaguar)သည် ၄င်း၏ (High Performance) ကားတစ်မျိုးဖြစ်သည့် (F-Type Project 7) အားလွန်ခဲ့သည့်နှစ်အနည်းငယ်က မိတ်ဆက်ခဲ့ပါသည်။ ၄င်းကားသည် (Jaguar Land Rover)၏ (Special Vehicle Operation – SVO)၏ပထမဆုံးဖန်တီးခဲ့သည့် (Edition Car) အမျိုးအစားဖြစ်ခဲ့ပါသည်။ ၄င်းအား အကန့်အသတ်ဖြင့်သာရောင်းချခဲ့ပြီး သာမန် (Jaguar Model) များထက် များစွာသာလွန်သည့် ပါ၀င်မှုများဖြင့် ဖန်တီးခဲ့ပါသည်။

အဆိုပါအောင်မြင်မှုအား ဆက်လက်ထိန်းသိမ်းမည့်ရည်ရွယ်ချက်ဖြင့် (Jaguar)သည် (4 door Car) အမျိုးအစားဖြစ်သည့် (Jaguar EX SV Project 8 Collector’s Edition) အား မကြာခင်ကျင်းပမည့် (Good wood Festival of Speed)တွင် မိတ်ဆက်ပြသမည်ဟုကြေငြာလိုက်ပါသည်။

အဆိုပါ (Project 8 Model)တွင် (592 hp) (5.0 L V8 Engine Special Version) အင်ဂျင်စနစ်ကို ထည့်သွင်းထားပြီး ၄င်းသည် (Jaguar)တွင် စွမ်းအားအမြင့်ဆုံး အင်ဂျင်စနစ်ဖြစ်ပါသည်။ အဆိုပါဆီဒင်အား အစင်းရေ (၃၀၀)ခန့်သာထုတ်လုပ်မည်ဖြစ်ပြီး (Coventry)ဒေသရှိ (SVO’s Technical Center) တွင် (All Hand – built) စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်မည်ဖြစ်ပါသည်။

ယခုထုတ်လုပ်မည့် EX CV Project 8 အား သုခုမဟန်ပန်အပြည့်ဖြင့် ဖန်တီးထားမည်ဖြစ်ကာ ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ အရည်အသွေးတို့အား ထိပ်တန်းအဆင့်ဖြင့် ဖန်တီးထားမည်ဖြစ်၍ Sport Car အနေဖြင့် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမည်ဟု (SO) အဖွဲ့၏ (M.D)ဖြစ်သူ Mr. John Edward မှ ပြောကြား ထားပါသည်။ အဆိုပါ Good wood ပွဲတော်အား 2017 June 28 တွင် ကျင်းပမည်ဖြစ်ပါသည်။

Zawgyi  vesin…



