အဆင့်မြင့်ဇိမ်ခံကားတစ်စီးရဲ့အရည်အသွေးတွေထဲမှာ ဒီဇိုင်းကအစ စွမ်းဆောင်ရည်၊လုံခြုံရေး၊နည်းပညာအားလုံးအပြစ်ပြောစရာမရှိ လောက်အောင်ပြည့်စုံကောင်းမွန်နေဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ နောက်ပိုင်းနည်းပညာတွေအရတော့ အထက်ပါအရည်အသွေး တွေအပြင် စပေါ့ဆန်မှုတွေကိုပါအလေးထားလာကြပြီး ဈေးကွက်ရဲ့တောင်းဆိုမှုကိုပါအလေးထားထည့်သွင်းလာကြပါတယ်။ ဒါကြောင့် Drive ရဲ့စမ်းသပ်မောင်းနှင်မှုကဏ္ဍထဲမှာ ဒီIssue အတွက်ရွေးချယ်မှုထဲမှာ အကောင်းဆုံးအရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကားတစ်စီးပါဝင်လာပါတယ်။ဒီကားကတော့ ၂၀၁၇ မှာ World Car of the Year ဆုနဲ့and World Car Design of the Year ဆုတွေကိုပိုင်ဆိုင်ထားတဲ့ စပေါ့တစ်စီးရဲ့ DNA တွေသွတ်သွင်းခံထားရတဲ့ Jaguar F-Pace ပဲဖြစ်ပါတယ်။ Jaguar အမျိုးအစားကား တွေက Luxury ဖြစ်စေမှုကို အခြေခံထားပြီး နည်းပညာအရည်အသွေးနဲ့အခြားကောင်းပေ့ဆိုတဲ့အရာတွေကိုထည့်သွင်းထုတ် လုပ်လေ့ရှိပြီး ဂုဏ်ဓနရှိသူတွေရဲ့ပြယုဂ်ကားတစ်စီးအသွင်ဆောင်နေပါတယ်။ ဒါကြောင့် သူ့ရဲ့နာမည်ကျော်မော်ဒယ်ခွဲတစ်ခုဖြစ်တဲ့ F-Pace အကြောင်းကို ဆက်လက်လေ့လာကြည့်ရအောင်ပါနော်။

အပြင်ဘက်ပိုင်း

Compact luxury crossover SUV အမျိုးအစားဖြစ်တဲ့ ဒီကားကိုလူ ၅ ဦးလိုက်ပါစီးနင်နိုင်ဖို့နဲ့လမ်းစုံမောင်းနှင်နိုင်တဲ့ လှပတဲ့ စပေါ့တစ်စီးအဖြစ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဓိကသူ့မှာ highlight လုပ်ချင်တာကတော့ aerodynamic ဖြစ်စေဖို့တည်ဆောက် ထားတဲ့ဘော်ဒီပုံစံပဲဖြစ်ပါတယ်။ လေခွင်းအားကောင်းစေမယ့် အချိုးအဆစ်တွေပါဝင်တဲ့အပြင် လေစုပ်ပေါက်တွေ၊လေစီးဆင်းနိုင် စေဖို့ပြုလုပ်ပေးထားတာတွေက မောင်းနှင်မှုကိုပိုပြီး အနှစ်သာရရှိစေမှာဖြစ်သလို အမြန်နှုန်းမောင်းနှင်မှုတွေအတွက် လွယ်ကူ တဲ့ရုန်းအား၊ဆွဲအားတွေကို ပိုင်ဆိုင်စေမှုဖြစ်ပါတယ်။ နောက်ပြီး လင်းအားကောင်းကာ ကားနဲ့အတူလိုက်ပါကွေ့နိုင်တဲ့ Projector Headlamps တွေနဲ့အတူ daytime running lights တွေကတွဲစပ်ပေးထားပါတယ်။ ၂၀၁၈ မော်ဒယ်မှာတော့ ဒီနေရာမှာ Jaguar ရဲ့ Signature J Blade  daytime running lights တွေပါဝင်လာပါပြီ။ ပြီးတော့ရှေ့မီးကြီးတွေကို ဆေးကြောပေးတဲ့ စနစ် လည်း ပါဝင်ဦးမှာပါ။ဒါ့အပြင် Chrome တွေဝန်းရံထားတဲ့ အနက်ရောင်ပိုက် ကွန်ပုံစံရှဲတွေ၊နှင်းခွဲမီးတွေနဲ့တန်ဆာဆင်ထားပုံကလည်း F-Pace ကိုကားကောင်း တစ်စီးဆိုတာ ပေါ်လွင်နေစေမှာဖြစ်ပါတယ်။ ဒီကားကဘယ်နေရာကပဲကြည့်ကြည့် dynamic ဖြစ်စေဖို့အတွက် ရည်ရွယ်ပြု လုပ်ထားတာလို့ Jaguar ကဆိုထားပါသေးတယ်။ စပေါ့ပိုဆန်စေဖို့အတွက် ၁၉ လက်မ Spoke 5 ခုပါတဲ့ ဘီး တွေကိုသုံးထားပါတယ်။နောက်ဘက်ပိုင်းမှာလည်း အိတ်ဇောနှစ်ပေါက်၊ အတွင်းဘော်ဒီအထိပေါင်းစပ်ပေးထားတဲ့ LED နောက်မီး တွေသာမကဘဲ နေရောင်ကိုကာကွယ်ဖို့ခပ်စောင်းစောင်းပြုလုပ်ထားတဲ့ နောက် မှန်တွေပါဝင်ပါတယ်။ သူ့ရုပ်သွင်က တစ်ဟုန်ထိုးသား ကောင်နောက်လိုက်တော့မယ့် ကျားသစ်တစ်ကောင်လိုမျိုး ခပ်ရဲရဲ၊မာကျော ကျောပုံစံမျိုးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

အတွင်းခန်း

ပထမဆုံးစပြောချင်တာကတော့ F-Pace ရဲ့ဇိမ်ခံအနေနဲ့ပါဝင်လာမယ့် ထိုင်ခုံတွေအကြောင်းဖြစ်ပါတယ်။ နူးညံ့ပျော့ပျောင်းပြီး လက်မှုအတတ်ပညာပိုင်းမှာစံထားလောက်တဲ့ ဗြိတိန်တွေရဲ့အရည်အချင်းကို ပေါ်လွင်ထင်ဟပ်နေစေပါတယ်။ အကောင်းစား Premium လည်သာတွေကိုသုံးထားပြီး ချုပ်ရိုးကြောင်းနှစ်ထပ်ပုံစံကလည်း အဆင့်မြင့်ကားတစ်စီးရဲ့ပါဝင်မှုမျိုးလို့ဆိုရမှာဖြစ်ပါတယ်။ နောက်ပြီး မျက်စိပဒါသဖြစ်စေဖို့ အတွင်းခန်းမှာထပ်မံပါဝင်လာတဲ့ အရောင် ၁၀ မျိုးထိပြောင်းလဲနိုင်တဲ့ Interior Mood Lighting စနစ်ကလည်း အတွင်းခန်းကို ပိုပြီးလှပအောင်ပံ့ပိုးပေးထားပါသေးတယ်။ ပြီးတော့ ရှေ့Driver Seat နဲ့Passenger Seat တွေကိုမော်တာနဲ့ပုံစံ ၁၀ မျိုးပြောင်းနိုင်ပြီး Memory ၂ မျိုးနဲ့သိမ်းဆည်းထားနိုင်တဲ့စနစ်(ဒါက Option အဖြစ်မှာယူယူရမှာပါ)လည်း ပါဝင်ပါတယ်။ နောက်ပြီး ကျယ်ဝန်းတဲ့အတွင်းခန်း၊ကြီးမားကျယ်ပြန့်တဲ့ Pandoramic Sunroof ၊ ကြည်လင်ပြတ်သားပြီး ကားနဲ့သက်ဆိုင်တဲ့ မိုင်နှုန်း၊ လက်ကျန်ဆီနဲ့ မောင်းနိုင်မယ့်ခရီး၊တာယာလေပေါင်၊ပြင်ပအပူချိန်အခြေအနေစတာတွေကို ဖော်ပြပေးနိုင်တဲ့ ဒိုင်ခွက်၊ Audio စနစ်၊ Bluetooth နဲ့ချိတ်ဆက်ဖုန်းပြောနိုင်မှု၊ Cruise Control နဲ့ အခြား Mode တွေကို ပြောင်းလဲနိုင်တဲ့ ခလုတ်တွေပါတဲ့ အကောင်း စားလည်သာကို ကြိုးချုပ်ပုံစံတန်ဆာဆင်ထားတဲ့ စတီယာရင်စနစ်တွေပါဝင်ဦးမှာဖြစ်ပါတယ်။ဒါ့အပြင် လည်သာနဲ့ပရီမီယံ Material တွေကိုပေါင်းစပ်ပြုလုပ်ထားတဲ့တံခါဘောင်၊ စက်နှိုးမှ အတွင်းမှထွက်လာတဲ့ ခလုတ်ပုံစံဂီယာစနစ်၊ လက်တင်ခုံတွေ၊ခွက်ထည့်စ ရာတွေ၊အခြားပစ္စည်းထည့်စရာတွေလည်း စုံလင်အောင်ထည့်သွင်းထားပါတယ်။ INFOTAINMENT အတွက် 8-INCH TOUCHSCREEN ပါဝင်ပြီး NAVIGATION ၊ အသံနဲ့ညွှန်ကြားနိုင်မှု ၊  ကိုယ်နှစ်သက်ရာ Channel တွေကို သိမ်းထားနိုင်တဲ့ digital audio broadcasting စနစ်၊ Wi-Fi Hotspot ၊ထိုင်ခုံတွေကို အခြေအနေတွေချိန်ညှိနိုင်မှုစနစ်၊ Bluetooth Telephone Connectivity ၊ ဘယ်လိုစမတ်ဖုန်းနဲ့မဆိုချိတ်ဆက်အသုံးပြုနိုင်တဲ့စနစ်စတာတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက် တစ်ခုက အဲကွန်းစနစ်ပါ။ Dual Air Con စနစ်ဖြစ်ပြီး နောက်ဘက်ခန်းမှလိုက်ပါသူတွေအတွက်ပါ Fan အဲကွန်း ပေါက်ပါပါတယ်။Option အနေနဲ့ဆိုရင် လေကို အာရုံခံပြီး သန့်စင်ပေးတဲ့စနစ် Air Quality Sensing ကိုပါ ထည့်သွင်းလို့ရနိုင်ပါတယ်။ နောက်ပြီး Keyless Entry and Start စနစ်၊ ဆီကုန်သက်သာစေဖို့ Intelligent Stop / Start စနစ်တို့ပါသလို Glove Box-Cooled ကို(Option) မှာလို့ရပါတယ်။ နောက် ဖုံးစနစ်ကိုလည်း သော့ဖွင့်စရာမလိုတဲ့ Tailgate/Bootlid-Powered with Hands Free ကိုလိုချင်ရင်ထပ်မံထည့်သွင်းလို့ရနိုင်ပါတယ်။ ပြီးတော့ Luggage Volume က 650L ဆိုတော့ ဝန်တင်ဆောင်နိုင်အပိုင်းမှာလည်း တော်တော်လေးကောင်းတယ်လို့ဆိုနိုင်ပါတယ်။ အဲဒီနောက်ဘက်ဝန်တင်ခန်းကိုလည်း Cover တွေနဲ့ဖုံးအုပ်ပေးထားပြန်ပါတယ်။ Entertainment အတွက်တော့ AM/FM Radio ၊ USB, Bluetooth® and AUX connections စနစ်တွေသုံးနိုင်ပြီး စပီကာလည်း ၁၁ လုံးပါဝင်မှာဖြစ်ပါတယ်။

 

စွမ်းဆောင်ရည်နှင့်နည်းပညာ

Jaguar F-Pace ကို 2.0L In-line 4 Cylinder Turbocharged Diesel Engine ကိုသုံးထားပြီး စွမ်းအင်ထွက်ရှိမှုက 4000 rpm မှာ 177HP ဖြစ်ကာ ရုန်းအားက 1,750 – 2,500 rpm မှာ 430 Nm ဖြစ်ပါတယ်။ Acceleration က 0 – 100 km/h ကို 8.7 secs ပဲကြာ မှာဖြစ်သလို  အမြန်ဆုံးမောင်းနှင်မှုအနေနဲ့ ၁နာရီကို ၂၀၈ ကီလိုမီတာရောက်ရှိနိုင်ပါတယ်။ Transmission က Automatic 8-speed with Jaguar Sequential Shift ကိုစုံးထားပြီး AWD စနစ်နဲ့လာပါတယ်။ နောက်ပြီး Traffic Sign Recognition data, vehicle speed, navigation and cruise control တွေကိုဖော်ပြပေးတဲ့ Head up display ကိုတော့ Option အနေနဲ့မှာယူနိုင်ပါတယ်။ Suspension ပိုင်းကိုတော့ ရှေ့ကို Double Wishbone နဲ့နောက်ကို Integral –link တွေတပ်ဆင်ပေးထားပါတယ်။ ဘရိတ်စနစ်ကတော့ လေဝင်လေထွက်ကောင်းစေဖို့ရာ Front and Rear Ventilated Discs တွေကိုအသုံးပြုထားပါတယ်။

 

လုံခြုံရေး

လုံခြုံရေးစနစ်အနေနဲ့ ရှေ့ Driver ,Passenger အတွက်အပါအဝင် ဘေးနှစ်ဖက်၊ပြတင်းပေါက်နှစ်ဖက် လေအိတ်တွေ တပ်ဆင် ပေးထားပါတယ်။ ပြီးတော့ Electric Power Assisted Steering (EPAS) , Hill Launch Assist , Emergency Brake Assist (EBA) , Trailer Stability Assist , Rain Sensing Windscreen Wipers, Torque Vectoring , Dynamic Stability Control (DSC) with Trac DSC Mode, All Surface Progress Control , Blind Spot Monitoring (Option) နဲ့ Reverse Traffic Detection (Option) တို့လိုစနစ်တွေကိုထည့်သွင်းပေးထားပါတယ်။ အဲဒီထဲကမှ Jaguar ရဲ့မူပိုင်နည်းပညာတွေဖြစ်တဲ့ Torque Vectoring နဲ့ All Surface Progress Control တွေအကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ Torque Vectoring က ကြီးမားလွန်းတဲ့ကွေ့တွေမှာ ကားရဲ့အရှိန်ကြောင့် ခါရမ်းမှုတွေ၊စတီယာရင် ပေါ်သက်ရောက်မှုတွေ လျော့နည်းစေဖို့အပြင် စပေါ့ကားတစ်စီးလို အရှိန်မြှင့်တင်နိုင်ဖို့နဲ့ ယာဉ်မောင်းသူယုံကြည်ချက်မလျော့ကျစေဖို့ ဘီးတွေကို အလိုအလျောက်ထိန်းညှိပေးတဲ့စနစ်ဖြစ်ပါတယ်။ All Surface Progress Control ကတော့ လမ်းအခြေအနေပေါ်မူတည်ပြီး အင်ဂျင်၊ဘီးနဲ့ဘရိတ်တွေကို အလိုအလျောက်ထိန်းညှိပေးနိုင်တဲ့စနစ်ဖြစ်လို့ ဘယ်လမ်းမဆိုအဆင်ပြေပြေမောင်းနှင်နိုင်မှာပါ။ပြီးတော့ F-Pace မှာ Option အနေနဲ့မှာယူလို့ရတဲ့ လုံခြုံရေးဆိုင်ရာ ACTIVITY KEY လည်းပါပါသေးတယ်။ ဒါက ရေစိုခံနာရီဖြစ်ပြီး ကိုယ့်ကားရဲ့လက်ကိုင်တွေကို ဆွဲမိတာတို့၊ကိုင်တာတို့ရှိလာရင် နာရီပတ်ထား တဲ့ကားပိုင်ရှင်ကို သတိပေးမှုတွေလုပ်ပေးသွားတဲ့စနစ်ဖြစ်ပါတယ်။

စမ်းသပ်မောင်းနှင်မှု

စမ်းသပ်မောင်းနှင်မှုတွေပြုလုပ်ရာမှာတော့ F-Pace ကတော်တော်လေးစိတ်တိုင်းကျစရာပါ။ဒီဇယ်ကား ဖြစ်ပေမယ့်အထွက်အပြုမှာ လေးနေတာမျိုးမရှိပါဘူး။ ချက်ချင်းထထွက်နိုင်တယ်။ပြီးတော့ အရှိန်နဲ့မောင်းရင်လည်း စတီယာရင်စနစ်က ထိန်းချုပ်ရတာမခက်သွား ဘူး။ စပေါ့ပုံစံကို အဓိကသွားထားတော့ စည်းစည်းပိုင်ပိုင်လေးပါပဲ။ မောင်းရတာလည်း Confident အပြည့်ရှိတယ်။ အဓိကကြိုက် တာကတော့ အကွေ့တွေမှာလုံးဝအရှိန်မလျှော့ဘဲမောင်းကြည့်တယ်။ ဒီအပိုင်းက လက်ကုန်ဘဲ။စိတ်တိုင်းကျမိတယ်။နောက်ပြီးတော့ ဒီကားက နောက်ဘီးတွေပါလိုက်ကွေ့ပေးတော့ အမြန်လမ်းလိုနေရာတွေမှာမောင်းရင် တော်တော်လေးကို တည်ငြိမ်ပြီး ထိန်းချုပ်ရပို လွယ်စေမယ်ထင်တယ်။ သုံးထားတဲ့နည်းပညာတွေက အစုံဆိုတော့ Driving feeiing ကအပြည့်အဝရရှိစေခဲ့တယ်။ ဘရိတ်တွေ၊ အောက်ပိုင်းတွေကိုလည်း စိတ်ကြိုက်စမ်းကြည့်သေးတယ်။ တော်တော်လေးကို စိတ်ချရမှုနဲ့ငြိမ့်ညောင်းမှုကို အပြည့်ပေးနိုင်တာကို တွေ့ရပါတယ်။

 

ဈေးနှုန်းနဲ့သုံးသပ်ချက်

ဒီကားက Luxury SUV အဆင့်မြင့်ကားတစ်စီးဆိုတော့ လုံခြုံမှု ၊ စီးနင်းရမှု၊မောင်းနှင်မှု၊ စွမ်းဆောင်ရည်အားလုံးနီးပါးကောင်းပါတယ်။ ဒါပေမဲ့ တချို့အပိုင်းတွေ ဥပမာ-Head up display , Blind Spot Monitoring , Air Quality Sensing တို့လိုအပိုင်းတွေကတော့ Standard အနေနဲ့ထည့်သွင်းထားသင့်တယ်လို့ ထင်ပါတယ်။ ဒါတွေသာ Standard ပါဝင်မယ်ဆိုရင် F-Pace ကပိုပြီး ပြီးပြည့်စုံတဲ့ ကားကောင်းတစ်စီးလို့ လုံးဝသတ်မှတ်လို့ရသွားနိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ USD 137,000 ကနေစတင်မှာ ဖြစ်ပြီး Jaguar Land Rover Myanmar မှာသွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

 

Specification

Engine Type – In-line 4 Cylinder Turbocharged

Engine Power-2.0L

Fuel –Diesel

Engine Drive- AWD

Maximum Power(Kw/rpm)- 132kw / 4,000 rpm

Transmission-8 speed with Jaguar Sequential Shift

Fuel Consumption (L/100km)- 5.3

Fuel Tank (liters) – 60

Acceleration 0 – 100 km/h – 8.7 secs

Top Speed –  208 km/h