ဗြိတိန်အခြေစိုက် (Jaugar)သည် ၎င်း၏ နာမည်ကျော်(XF Series)၏ (2018 XF Sportbrake)အား ထုတ်ဖော်ပြသလိုက်ပါသည်။ ၎င်းအား လှပဆန်းသစ်သည့် ပုံစံဖြင့် ဖန်တီးထားပြီး (ရှည်လျားပြီး သွယ်လျသည့် အမိုး)အား ထူးခြားစွာ ထည့်သွင်းထားပါသည်။ အဆိုပါကားတွင် (31.7 Cubic Feet)ခန့် အကျယ်ရှိသည့် (Cargo Spice)လည်း ပါဝင်မည်ဖြစ်၍ အသုံးပြုသူအတွက် များစွာ အဆင်ပြေသည်လည်း ဖြစ်ပါသည်။
(2018 Jaguar XFS Sport brake)အား (AWD System)ဖြင့် ထုတ်လုပ်ထားမည် ဖြစ်ပြီး ၎င်းအင်ဂျင်အနေဖြင့် (Supercharged 3.0 LV6 Engine), (380 hp), (332 lb-ft of torque) အင်ဂျင်ကို တပ်ဆင်ထားသည်ဖြစ်ပြီး ၎င်းအင်ဂျင်၏ (Performance)သည် (0 to 60 mph)အား (5.3 Seconds)ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါသည်။
(2018 XF S Sport Brake)၏ အတွင်းခန်းအကျယ်သည် (XF Sedan)နှင့် တူညီမှုရှိသော်လည်း ၎င်းတွင် (Fixed Sunroof)ကိုသာ ထည့်သွင်းထားမည်ဖြစ်ပါသည်။ သို့သော်ပါဝင်မှုများ အနေဖြင့် စုံလင်စွာ မြင်တွေ့ရမည် ဖြစ်ပါသည်။ ၎င်းတို့မှာ (Jaguar Activity Key Wristband)ကို ထည့်သွင်းထားပြီး ၎င်းစနစ်သည် (JLR)၏ နောက်ဆုံးပေါ်တီထွင်မှုဖြစ်သည့် သော့စနစ်ဖြစ်ပြီး လက်ပတ်နာရီကဲ့သို့ လက်တွင် ၀တ်ထားကာ သော့ကို အဖွင့်/အပိတ် ပြုလုပ်နိုင်မည့် စနစ်ဖြစ်ပါသည်။) (Sun blind gesture controls), (Upgraded Infortainment System)အပါအ၀င် စိတ်ဝင်စားဖွယ် နည်းပညာသုံးပါဝင်မှု များစွာ ထည့်သွင်းထားမည် ဖြစ်ပါသည်။
(2018 XFS Sport Brake)၏ (Base S Model)အား (US $ 71445) မှ စတင်ရောင်းချမည် ဖြစ်ပြီး ၎င်းသည် (XF Sedan)ထက် (US$ 3600)ခန့် ဈေးပိုများပါသည်။ ၎င်း၏ (High Trim)ဖြစ်သည့် (First Edition Sport Brake))အား (US$ 73095)မှ စတင်ရောင်းချမည် ဖြစ်ပါသည်။