Jaguar သည် I-Pace အား 2021 Model အတွက် Formula E Company မှ နည်းပညာများ အပါအဝင် အဆင့်မြှင့်တင်မှုများစွာဖြင့် ထုတ်လုပ်လိုက်ပါသည်။ Atlas Gray Tips များ ပေါင်းစပ်ထားသည့် ဇကာကွက် Grille နှင့်အတူ အရောင်အသစ်(၃)မျိုးကိုလည်း မိတ်ဆက် ထည့်သွင်းထားပြီး Satin Chrome Window Surrounds ၊ Bright Pack Affixes ကဲ့သို့ Features မျးလည်း Option အနေဖြင့် ထည့်သွင်းထားပါသည်။ 3D Surround Camera သည် Standard ပါရှိပြီး Clear Sight စနစ်ပါသည့် နောက်ကြည့်မှန်ကိုလည်း ထည့်သွင်းထားပါသည်။ New Ranger Rover မှ ရရှိထားသည့် Pivi Pro Infotainment Screen ကို ယခု 2021 Model တွင် ပထမဆုံး ထည့်သွင်းထားပြီ ၎င်းစနစ်သည် Screen (၂)ခု ထပ်ပုံစံဖြစ်ကာ လုပ်ဆောင်မှုအား Smart Phone ကဲ့သို့ပင် လွယ်ကူရှင်းလင်းစွာ ဆောင်ရွက်နိုင်ကာ Zoom ဆွဲခြင်း ၊ ချုံ့ခြင်းများကိုလည်း Screen တွင် ဆောင်ရွက်နိုင်ပါသည်။ 4G Data ချိတ်ဆက်ခြင်း ၊ in-unit Specify နှင့် အခြား Apps များစွာကိုလည်း Update ပြုလုပ်နိုင်ပါသည်။ 2021 I-Pace တွင် ( 11 kW , 3-Phase Charger) တို့ပါဝင်ပြီးအချိန် (၈)နာရီခန့် အားသွင်းရုံဖြင့် အားပြည့်နိုင်မည်ဖြစ်ကာ ( 50 – kW Charger ) နှင့် ( 100-kW Charger ) တို့ကိုလည်း ရရှိနိုင်ပါမည်။ နာမည်ကျော် Meridian 3D Surround Sound System တွင် စပီကာ အလုံးရေများတိုးမြှင့် တပ်ဆင်ထားမည်ဖြစ်သည်။