Unicode Version…
Jaguar မှ ပထမဆုံး ထုတ်လုပ်သည့် I – Pace EV တွင် လမ်းသွားလမ်းလာများအား သတိပေးနိုင်သည့် စနစ်တစ်မျိုးပါဝင်လာမည်ဖြစ်သည်။ လျှပ်စစ်ကားများသည် အထူး စိတ်ငြိမ်သည့်အတွက် ညအခါကဲ့သို့ အချိန်များတွင် ၎င်းတို့ ဖြတ်သန်းသွားမှုအား လမ်း သွားလမ်းလာများမှ သတိမပြုမိ၍ ယာဉ်အန္တရာယ်ကြုံတွေ့လေ့ရှိပါသည်။ Jaguar သည် လမ်းသွားလမ်းလာများအား အသံဖြင့် သတိပေးသည့် စနစ်အား တီထွင်လိုက်ပြီး လေ့လာမှုများအရ လူအများစုသည် လမ်းသွားရာ၌ ဘေးဖက်သို့ သတိပြုနိုင်ချေနည်းပါသည်ကို တွေ့ရှိရသည်။ ထို့ ကြောင့် အထူးပြုလုပ်ထားသည့် အသံစနစ်ဖြင့် လမ်းသွားလမ်းလာများအား သတိပြုစေမည်ဖြစ်သည်။ အဆိုပါအသံအား ကားအရှေ့ဘက် Grille ၏ အနောက်ဖက်ရှိ Speaker မှ ထုတ်လွင့်ပေးမည်ဖြစ်ပြီး ( 12 mph ) မှ စတင်အလုပ်လုပ်ပါမည်။ ၎င်း၏ အသံနှုန်းအား ယာဉ်၏ အရှိန်ပေါ်မူတည်ပြီး အတိုး / အ လျော့ပြုလုပ်ပေးမည်ဖြစ်ကာ R – Gear အသုံးပြုစဉ်နှင့် ဘယ ်/ ညာကွေ့သည့်အခါများတွင်လည်း အသံ Tone ကို ပြောင်းလဲပေးပါသည်။ အရှိန်နှုန်း ( 12 mph ) ထက်လျော့နည်းပါက အသံမ မည်ခြင်းမှာ တာယာအသံနှင့် လေတိုးသံများ သည် လမ်းသွားများအား လုံလောက်စွာကြားစေ၍ ဖြစ်သည်။ အဆိုပါသတိပေးစနစ်သည် အမြင်အာရုံချို့ယွင်းသည့် ပုဂ္ဂိုလ်များအတွက် အဓိက လိုအပ်မည်ဖြစ်ပြီး လေ့လာမှုများအရ စိတ်ရှုပ်ထွေးခြင်း ၊ သတိမမူခြင်းဖြင့် လမ်းလျှောက်လေ့ရှိသည့် သာမန်လူများအတွက်လည်း လိုအပ်သည့် သတိပေးမှုဖြစ်လာပါမည်။ ယခုခေတ်တွင် လူအများ စုသည် လမ်းလျှောက်ရာ၌ လက်ကိုင်ဖုန်းများအသုံးပြုနေခြင်း ၊ နားကြပ်ဖြင့် သီချင်း နားထောင် နေခြင်းကဲ့သို့သောအလေ့အကျင့် များရှိသည့်အတွက် လမ်းတွင် မောင်းနေသည့် ယာဉ်များကို သတိမမူမိ၍ အန္တရာယ်ဖြစ်လေ့ ရှိကြပါသည်။ Jaguar I – Pace ၏ အသံဖြင့် သတိပေးစနစ်သည် ကားအတွင်းမှ လုံးဝကြားရမည် မဟုတ်ဘဲ ၎င်း၏ ( တဝီဝီမည်သည့် အသံ ) ကိုသာ လမ်းသွား လမ်းလာများမှ ကြားပြီး သတိပြုစေမည် ဖြစ်ပါသည်။



Zawgyi Version…
Jaguar I – Pace EV တြင္ လမ္းသြားလမ္းလာမ်ားအတြက္ သတိေပးစနစ္သစ္ပါရွိလာ
Jaguar မွ ပထမဆုံး ထုတ္လုပ္သည့္ I – Pace EV တြင္ လမ္းသြားလမ္းလာမ်ားအား သတိေပးႏိုင္သည့္ စနစ္တစ္မ်ဳိးပါဝင္လာမည္ျဖစ္သည္။ လွ်ပ္စစ္ကားမ်ားသည္ အထူး စိတ္ၿငိမ္သည့္အတြက္ ညအခါကဲ့သို႔ အခ်ိန္မ်ားတြင္ ၎တို႔ ျဖတ္သန္းသြားမႈအား လမ္း သြားလမ္းလာမ်ားမွ သတိမျပဳမိ၍ ယာဥ္အႏၱရာယ္ၾကံဳေတြ႔ေလ့ရွိပါသည္။ Jaguar သည္ လမ္းသြားလမ္းလာမ်ားအား အသံျဖင့္ သတိေပးသည့္ စနစ္အား တီထြင္လိုက္ၿပီး ေလ့လာမႈမ်ားအရ လူအမ်ားစုသည္ လမ္းသြားရာ၌ ေဘးဖက္သို႔ သတိျပဳႏုိင္ေခ်နည္းပါသည္ကုိ ေတြ႔ရွိရသည္။ ထို႔ ေၾကာင့္ အထူးျပဳလုပ္ထားသည့္ အသံစနစ္ျဖင့္ လမ္းသြားလမ္းလာမ်ားအား သတိျပဳေစမည္ျဖစ္သည္။ အဆိုပါအသံအား ကားအေရွ႕ဘက္ Grille ၏ အေနာက္ဖက္ရွိ Speaker မွ ထုတ္လြင့္ေပးမည္ျဖစ္ၿပီး ( 12 mph ) မွ စတင္အလုပ္လုပ္ပါမည္။ ၎၏ အသံႏႈန္းအား ယာဥ္၏ အရွိန္ေပၚမူတည္ၿပီး အတိုး / အ ေလ်ာ့ျပဳလုပ္ေပးမည္ျဖစ္ကာ R – Gear အသုံးျပဳစဥ္ႏွင့္ ဘယ ္/ ညာေကြ႔သည့္အခါမ်ားတြင္လည္း အသံ Tone ကို ေျပာင္းလဲေပးပါသည္။ အရွိန္ႏႈန္း ( 12 mph ) ထက္ေလ်ာ့နည္းပါက အသံမ မည္ျခင္းမွာ တာယာအသံႏွင့္ ေလတိုးသံမ်ား သည္ လမ္းသြားမ်ားအား လုံေလာက္စြာၾကားေစ၍ ျဖစ္သည္။ အဆိုပါသတိေပးစနစ္သည္ အျမင္အာရုံခ်ိဳ႕ယြင္းသည့္ ပုဂိၢဳလ္မ်ားအတြက္ အဓိက လိုအပ္မည္ျဖစ္ၿပီး ေလ့လာမႈမ်ားအရ စိတ္ရွဳပ္ေထြးျခင္း ၊ သတိမမူျခင္းျဖင့္ လမ္းေလွ်ာက္ေလ့ရွိသည့္ သာမန္လူမ်ားအတြက္လည္း လိုအပ္သည့္ သတိေပးမႈျဖစ္လာပါမည္။ ယခုေခတ္တြင္ လူအမ်ား စုသည္ လမ္းေလွ်ာက္ရာ၌ လက္ကိုင္ဖုန္းမ်ားအသုံးျပဳေနျခင္း ၊ နားၾကပ္ျဖင့္ သီခ်င္း နားေထာင္ ေနျခင္းကဲ့သို႔ေသာအေလ့အက်င့္ မ်ားရွိသည့္အတြက္ လမ္းတြင္ ေမာင္းေနသည့္ ယာဥ္မ်ားကို သတိမမူမိ၍ အႏၱရာယ္ျဖစ္ေလ့ ရွိၾကပါသည္။ Jaguar I – Pace ၏ အသံျဖင့္ သတိေပးစနစ္သည္ ကားအတြင္းမွ လုံးဝၾကားရမည္ မဟုတ္ဘဲ ၎၏ ( တဝီဝီမည္သည့္ အသံ ) ကိုသာ လမ္းသြား လမ္းလာမ်ားမွ ၾကားၿပီး သတိျပဳေစမည္ ျဖစ္ပါသည္။



