Zawgyi Version…
အဂၤလန္ကားကုမၸဏီျဖစ္သည့္ Jaguar ၏ i-Pace EV ေမာ္ဒယ္သည္ ႏုိင္ငံတကာကားျပပြဲျဖစ္ေသာ New York Auto Show 2019 တြင္ ေက်ာ္ၾကားသည့္ ၂၀၁၉ တစ္ႏွစ္တာအေကာင္းဆံုးကားဆု (၃)ဆုကို သိမ္းပိုက္သြားႏုိင္ခဲ့ပါသည္။
Jaguar သည္ Crossover အမ်ိဳးအစားျဖစ္ေသာ i-Pace EV ကို ၂၀၁၈ ခုႏွစ္မတ္လတြင္ မိတ္ဆတ္ျပသခဲ့ၿပီး အေကာင္းဆံုးလွ်ပ္စစ္ကားအျဖစ္ သံုးစြဲသူမ်ားအၾကား ေရပန္းစားခဲ့သည္။
New York Auto Show 2019 ႏုိင္ငံတကာ ကားျပပြဲ၌ i-Pace သည္ ၂၀၁၉ တစ္ႏွစ္တာအေကာင္းဆံုးကား (WCotY award) ဆုသာမက အေကာင္းဆံုးကားဒီဇုိင္းဆု ( World Car Design Award) ႏွင့္ ပတ္ဝန္းက်င္ညစ္ညမ္းမႈကင္းစင္ဆု (World Green Car award) ၃ ခုစလုံးကို သိမ္းပိုက္ခဲ့ၿပီး ပထမဆံုးအႀကိမ္ တစ္ႏွစ္အတြင္း ဆု(၃)ခုကို ရရိွခဲ့ျခင္းလည္းျဖစ္သည္။
Jaguar သည္ လွ်ပ္စစ္ကားေလာကတြင္ အထင္ကရျဖစ္ေစခဲ့ဲသည့္ i-Pace မ်ိဳးဆက္ကုိ ဇိမ္ခံကားမ်ား အျဖစ္ ေစ်းကြက္အတြင္း အစီးေရ ကန္႔သတ္ခ်က္ႏွင့္ ျဖန္႔ခ်ိခဲ့ေသာ ကားမ်ားျဖစ္သည္။ လွ်ပ္စစ္ ကားေစ်းကြက္တြင္ Tesla ထက္ေျခလွမ္းေနာက္က်ေသာ္လည္း Jaguar အေနျဖင့္ full-size premium electric car ကို ပင္မေစ်းကြက္ထဲသုိ႔ ပထမဆံုး မိတ္ဆတ္ႏုိင္ခဲ့ျခင္းျဖစ္သည္။
i-Pace ၏အင္ဂ်င္ပိုင္းက 90kW ဘတၳရီမွ electric motors ႏွစ္လံုးကို စြမ္းအင္ေထာက္ပံ့ေပးၿပီး all-wheel-drive စနစ္ျဖစ္သည္။ အင္ဂ်င္႐ုန္းအားႏွင့္ ပါဝါမွာ 395bhp ႏွင့္ 513lb စြမ္းရည္ကို ေပးစြမ္းမည္ျဖစ္ၿပီး စိတ္တုိင္းက် ျမန္ဆန္မႈကို ျဖည့္စြမ္းေပးမည္ျဖစ္ပါသည္။ ျမန္ႏႈန္းပိုင္းမွာ 0-60mph ကုိ 4.5sec အတြင္း ေမာင္းႏွင္ႏုိင္မည္ျဖစ္သည္။

Unicode Version…

2019 တစ်နှစ်တာအကောင်းဆုံးဆုများကို သိမ်းပိုက်ခဲ့သည့် Jaguar i-Pace EV
အင်္ဂလန်ကားကုမ္ပဏီဖြစ်သည့် Jaguar ၏ i-Pace EV မော်ဒယ်သည် နိုင်ငံတကာကားပြပွဲဖြစ်သော New York Auto Show 2019 တွင် ကျော်ကြားသည့် ၂၀၁၉ တစ်နှစ်တာအကောင်းဆုံးကားဆု (၃)ဆုကို သိမ်းပိုက်သွားနိုင်ခဲ့ပါသည်။
Jaguar သည် Crossover အမျိုးအစားဖြစ်သော i-Pace EV ကို ၂၀၁၈ ခုနှစ်မတ်လတွင် မိတ်ဆတ်ပြသခဲ့ပြီး အကောင်းဆုံးလျှပ်စစ်ကားအဖြစ် သုံးစွဲသူများအကြား ရေပန်းစားခဲ့သည်။
New York Auto Show 2019 နိုင်ငံတကာ ကားပြပွဲ၌ i-Pace သည် ၂၀၁၉ တစ်နှစ်တာအကောင်းဆုံးကား (WCotY award) ဆုသာမက အကောင်းဆုံးကားဒီဇိုင်းဆု ( World Car Design Award) နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းစင်ဆု (World Green Car award) ၃ ခုစလုံးကို သိမ်းပိုက်ခဲ့ပြီး ပထမဆုံးအကြိမ် တစ်နှစ်အတွင်း ဆု(၃)ခုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။
Jaguar သည် လျှပ်စစ်ကားလောကတွင် အထင်ကရဖြစ်စေခဲ့ဲသည့် i-Pace မျိုးဆက်ကို ဇိမ်ခံကားများ အဖြစ် ဈေးကွက်အတွင်း အစီးရေ ကန့်သတ်ချက်နှင့် ဖြန့်ချိခဲ့သော ကားများဖြစ်သည်။ လျှပ်စစ် ကားဈေးကွက်တွင် Tesla ထက်ခြေလှမ်းနောက်ကျသော်လည်း Jaguar အနေဖြင့် full-size premium electric car ကို ပင်မဈေးကွက်ထဲသို့ ပထမဆုံး မိတ်ဆတ်နိုင်ခဲ့ခြင်းဖြစ်သည်။
i-Pace ၏အင်ဂျင်ပိုင်းက 90kW ဘတ္ထရီမှ electric motors နှစ်လုံးကို စွမ်းအင်ထောက်ပံ့ပေးပြီး all-wheel-drive စနစ်ဖြစ်သည်။ အင်ဂျင်ရုန်းအားနှင့် ပါဝါမှာ 395bhp နှင့် 513lb စွမ်းရည်ကို ပေးစွမ်းမည်ဖြစ်ပြီး စိတ်တိုင်းကျ မြန်ဆန်မှုကို ဖြည့်စွမ်းပေးမည်ဖြစ်ပါသည်။ မြန်နှုန်းပိုင်းမှာ 0-60mph ကို 4.5sec အတွင်း မောင်းနှင်နိုင်မည်ဖြစ်သည်။