Unicode version…

လွန်ခဲ့သည့် 2016 November ၌ပထမဆုံးစတင်မိတ်ဆက်ထားခဲ့သည့် jaguar ၏လျှပ်စစ် ကားဖြစ်သည့် jaguar I – Pace သည်များမကြာမီကာလဖြစ်သည့် 2018 (မတ်လ ၁) ရက်နေ့တွင် စတင်၍ တရားဝင်ထုတ်ဖေါ်ပြမည်ဖြစ်ပါသည်။ jaguar အနေဖြင့် I – Pace ၏ တရားဝင်မိတ်ဆက်၍ အမှာစာများ စတင်လက်ခံခြင်းအားနာမည်ကျော် (ဂျနီဗာကားပြပွဲ ) မတိုင်မီကာလတွင် ပြုလုပ်ရန် ရွေးချယ်ထားခြင်းဖြစ်ပြီး Live Stream အနေဖြင့်လည်းပြသမည်ဖြစ်ပါသည်။

ယခုပြသသည့် I –Pace EV ၏ ထူးခြားမှုမှာ- ၄င်းတွင်ပါ၀င်သည့် DC လျှပ်စစ်မော်တာ၏ စွမ်းအင်စုစုပေါင်း၏ ၈၀%အား အချိန် ၄၅မိနစ်အတွင်းပြန်လည် ဖြည့်သွင်းမည်ဖြစ်ပြီးအဆိုပါစွမ်းအင် ဖြည့်သွင်းမှုလိုအပ်ခြင်းသည် 100 – kW Faster Charger ဖြစ်၍ လက်တွေ့အသုံးပြုမှုနှင့်များစွာ ကိုက်ညီသည့် Charger အတိုင်း ရရှိနိုင်ရန်အခြေခံထားခြင်းဖြစ်ပါသည်။ ယခုထည့်သွင်းထားသည့် Charger သည် 2016 ခုနှစ် ပထမဆုံးမိတ်ဆက်စဉ်ကအသုံးပြုခဲ့သည့် Charger ထက်ပို၍ အားဖြည့်သွင်းနိုင်မည်ဖြစ်ပြီး ယခင် Concept Model သည် ၈၀% အားဖြည့်သွင်းနိုင်ရန်အတွက် အချိန် (၂ )နာရီခန့်ကြာဖြစ်ပြီး 50 –kW Faster Charger သာရနိုင်ခဲ့ပါသည်။

Jaguar သည် I –Pace ၏ Concept ကိုသာပြသခဲ့ပြီး ၎င်းနှင့် ပတ်သက်သည့်အသေးစိတ် အချက်လက်များကိုမူ လာမည့် (မတ်၁)တွင်သာထုတ်ပြန်မည် ဖြစ်ပါသည်။ ၎င်း၏ Prototype Model အနေဖြင့်လည်း Concept နှင့်အများအားဖြင့်တူညီမည်ဖြစ်ပါသည်။ အဆိုပါ I –Pace EV တွင် (400hp Output )နှင့် (Ranger of 220 miles ) တို့ပါ၀င်မည်ဖြစ်ပါသည်။

Zawgyi version…


