
Jaguar Land Rover Myanmar သည် မန္တလေးမြို့တွင် လာမည့် စက်တင်ဘာ (၂၇)မှ (၂၉)ရက်နေ့အထိ အင်္ဂလန်နိုင်ငံထုတ် Jaguar Land Rover (၀) ကီလို ကားသစ်ကြီးများကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ Mingalar Mandalay shopping mall တွင် ပြုလုပ်မည့် Mingalar Mandalay 5th Annual Fashion Trade Fair 2019 တွင် Jaguar Land Rover Myanmar မှလည်း ပါဝင်ရောင်းချသွားမည်ဖြစ်ပြီး အဆိုပါပွဲရက်အတွင်း Jaguar Land Rover ကားများကို အထူးလျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပါပွဲနေ့တွင် Jaguar အမှတ်တံဆိပ်ကားများအနက် လူကြိုက်များနေသော XE ကဲ့သို့ ဆလွန်းကားအမျိုး အစားနှင့် F pace ကဲ့သို့ SUV ကားမျိုးကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့အပြင် Land Rover ကားကြိုက်နှစ်သက်သူများအတွက် မကြာသေးခင်ကမှ မိတ်ဆက် ပြသသွားသည့် New Range Rover Evoque ကိုလည်း အထူး promotion များဖြင့် မန္တလေးမှ ပရိတ်သတ်များကို မိတ်ဆက် ရောင်းချပေးသွားမည့်အပြင် New Range Rover Evoque နှင့် အတူ Discovery Sport နှင့် Velar တို့ကို လည်း လာရောက် လေ့လာဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပွဲနေ့တွင်လာရောက် ကြည့်ရှု့သူများအဆင်ပြေစေရန်အတွက်လည်း Test Drive ကားများအဖြစ် Jaguar XE, နှင့်အတူ New Range Rover Evoque နှင့် Discovery Sport ကားများကို စမ်းသပ်မောင်းနှင်ဖို့ စီစဉ်ပေးထားမည်ဖြစ်သည်။
ထို့အပြင် Customer များအဆင်ပြေစေရန်အတွက် AYA Bank နှင့်ချိတ်ဆက်ပြီး ၂၀% down payment ဖြင့် ၁နှစ်မှ ၇နှစ်ထိ အရစ်ကျစနစ် ဖင့် ၀ယ်ယူနိုင်အောင်စီစဉ်ထားသည့်အပြင် ကားတစ်စီးလုံးစာ 3M auto filming installation service နှင့် MAD complete detailing package တို့ကိုလည်း ထပ်ပေါင်း လက်ဆောင်ပေးအပ် သွားမည်ဖြစ်သည်။
Jaguar Land Rover (Myanmar) မှ တင်သွင်းရောင်းချနေသော မည်သည့်ကားအမျိုးအစားကို မဆိုနဂိုမူလ 3 Years Factory Warranty Service ကိုပေးထားသည့်အပြင် Customer များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် 5 Years Free Services ပါ ထပ်ပေါင်းပေးအပ်သွားမည်ဖြစ်သည်။

Unicode Version……

Jaguar Land Rover ကားသစ်များကို မန္တလေးမြို့တွင် အထူးဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်

LEAVE A REPLY

Please enter your comment!
Please enter your name here