Zawgyi Version…
Jaguar Land Rover သည္ အနာဂတ္ကားမ်ားတြင္ အသံုးျပဳႏုိင္မည့္ Digital Payment စနစ္ တစ္မ်ိဳး ျဖစ္သည့္ Cryptocurrency နည္းပညာသစ္ကို ထည့္သြင္းႏုိင္ရန္ စမ္းသပ္ လ်က္ရိွေနေၾကာင္းသိရ သည္။ Jaguar Land Rover အေနျဖင့္ တုိးဂိတ္မ်ား၊ ပါကင္မ်ားႏွင့္ ဓါတ္အားသြင္း႐ံုမ်ားတြင္ သင္၏ ပိုက္ဆံအိတ္ကို ေမႊေႏွာက္ေနစရာမလိုဘဲ Cryptocurrency စနစ္ျဖင့္ ေငြေၾကးမ်ားကို ေပးေခ်ႏိုင္ ရန္စီစဥ္ေနျခင္းျဖစ္ျပီး အဆုိပါစနစ္ႏွင့္အတူ လမ္းခရီးတြင္လည္း ဂ်ိဳင့္မ်ား၊ လမ္းပိတ္ဆုိ႔မႈမ်ားႏွင့္ လမ္းညြန္ျဖင့္ ေမာင္းႏွင္မႈမ်ားအတြက္ ဝန္ေဆာင္မႈမ်ားကိုလည္း credits စနစ္ႏွင့္ ေပးေခ်ႏိုင္ေအာင္ ေဆာင္ရြက္လ်က္ရိွသည္။
လက္ရိွတြင္ အဆုိပါစနစ္ကို အိုင္ယာလန္ႏုိင္ငံရိွ F-Pace ႏွင့္ Velar ကားမ်ားတြင္ စမ္းသပ္ေနၿပီး ကားသမားမ်ားကို Smart Wallet စနစ္ပါဝင္ေသာ Digital ေငြေၾကးကို ကိုင္ေဆာင္ခြင့္ ျပဳထားသည္။
Jaguar Land Rover ၏အဆုိအရ ကားသမားမ်ား၏ ေန႔စဥ္ေပးေခ်ေနရသည့္ ဝန္ေဆာင္ခမ်ားကို မတူညီေသာ အေကာင့္အမ်ားအျပားမွတစ္ဆင့္ ေပးေခ်ေနရျခင္း ကင္းေဝးေအာင္ ဖန္တီး ထားျခင္းျဖစ္သည္။
Jaguar Land Rover အေနႏွင့္ ေရရွည္တြင္ ကားမ်ား၏ အသံုးဝင္ေသာ အခ်က္အလက္မ်ား စုေဆာင္းရန္အတြက္ ရည္ရြယ္ထားၿပီး အခ်က္အလက္မ်ားကို ေဝမွ်ျခင္းျဖင့္ ဆုေၾကးမ်ားရရိွႏုိင္ေအာင္ ေဆာင္ရြက္သြားရန္လည္း အစီအစဥ္ရွိေၾကာင္းလည္း သိရသည္။

Unicode Version…

Jaguar Land Rover မှ အနာဂတ် Digital Payment စနစ်ကို အသုံးပြုရန် စမ်းသပ်နေ
Jaguar Land Rover သည် အနာဂတ်ကားများတွင် အသုံးပြုနိုင်မည့် Digital Payment စနစ် တစ်မျိုး ဖြစ်သည့် Cryptocurrency နည်းပညာသစ်ကို ထည့်သွင်းနိုင်ရန် စမ်းသပ် လျက်ရှိနေကြောင်းသိရ သည်။ Jaguar Land Rover အနေဖြင့် တိုးဂိတ်များ၊ ပါကင်များနှင့် ဓါတ်အားသွင်းရုံများတွင် သင်၏ ပိုက်ဆံအိတ်ကို မွှေနှောက်နေစရာမလိုဘဲ Cryptocurrency စနစ်ဖြင့် ငွေကြေးများကို ပေးချေနိုင် ရန်စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါစနစ်နှင့်အတူ လမ်းခရီးတွင်လည်း ဂျိုင့်များ၊ လမ်းပိတ်ဆို့မှုများနှင့် လမ်းညွန်ဖြင့် မောင်းနှင်မှုများအတွက် ဝန်ဆောင်မှုများကိုလည်း credits စနစ်နှင့် ပေးချေနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် အဆိုပါစနစ်ကို အိုင်ယာလန်နိုင်ငံရှိ F-Pace နှင့် Velar ကားများတွင် စမ်းသပ်နေပြီး ကားသမားများကို Smart Wallet စနစ်ပါဝင်သော Digital ငွေကြေးကို ကိုင်ဆောင်ခွင့် ပြုထားသည်။
Jaguar Land Rover ၏အဆိုအရ ကားသမားများ၏ နေ့စဉ်ပေးချေနေရသည့် ဝန်ဆောင်ခများကို မတူညီသော အကောင့်အများအပြားမှတစ်ဆင့် ပေးချေနေရခြင်း ကင်းဝေးအောင် ဖန်တီး ထားခြင်းဖြစ်သည်။
Jaguar Land Rover အနေနှင့် ရေရှည်တွင် ကားများ၏ အသုံးဝင်သော အချက်အလက်များ စုဆောင်းရန်အတွက် ရည်ရွယ်ထားပြီး အချက်အလက်များကို ဝေမျှခြင်းဖြင့် ဆုကြေးများရရှိနိုင်အောင် ဆောင်ရွက်သွားရန်လည်း အစီအစဉ်ရှိကြောင်းလည်း သိရသည်။