နာမည်ကျော်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Jaguar မှနောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုထုတ်လုပ် ထား သည့် Compact SUV အမျိုးအစားသစ် The New E-Pace ကိုမြန်မာပြည်စျေးကွက်သို့စတင်မိတ်ဆက်လိုက်ကြောင်း သိရ သည်။ Jaguar E-Pace တွင် 2.0L ဒီဇယ်နှင့်ဓါတ်ဆီအင်ဂျင်တို့ကို ရွေးချယ်နိုင်ပြီး မြင်းကောင်ရေအား ၁၅၀ မှ ၃၀၀ အထိထုတ်ပေးနိုင်ကြောင်းလည်း သိရသည်။ ဂီယာအမျိုးအစားအဖြစ် Auto ဂီယာ ၉ ချက် နှင့် Manual ဂီယာ ၆ ချက်ထိုးပါရှိပြီး လေးဘီးယက်စနစ် (AWD) စနစ်ကိုထည့်သွင်းပေးထားသည်။
ပြည်တွင်းတွင်ရရှိနိုင်သော E-Pace,E-Pace Dynamic အမျိုးအစား ၂ ခုလုံးကို S,SE,HSE ဆိုပြီးခွဲခြားထားကာ စက်စွမ်းရည်အဆင့် ၅ မျိုးရွေးချယ်နိုင်ရန်ထုတ်လုပ်ပေးထားပြီး ဒီဇယ်အင်ဂျင်ဖြင့် ၃ မျိုး၊ဓါတ်ဆီအင်ဂျင်ဖြင့် ၂ မျိုး အသီးသီးရရှိနိုင်မည်ဖြစ်ပါသည်။
“E-Pace ကအရင် F-Type လို Sport ဆန်တဲ့ပုံစံနဲ့ ပိုမိုတူညီပြီး F-Pace ကားအမျိုးအစားတွေထက် ပိုသာတဲ့အရည်အချင်းလည်းရှိပါတယ်။ ကိုယ်ထည်အရှေ့ဘက်၊အနောက်ဘက် အမိုးလိုင်းတွေရဲ့တည်ဆောက်ပုံကလည်း တကယ့်ကို လေပေါ်ပျံဝဲနေတဲ့အတိုင်းပါပဲ။ရှေ့မီးသီးတွေကို ကြည့်လိုက်ပါဦး။Jaguar ရဲ့အမိုက်စား၊အပျံစား SUV လို့ဆိုရမှာပါ” ဟု E-Pace ကားဒီဇိုင်နာ Mr.Ian Cullum မှဆိုထားသည်။
Jaguar E-Pace ကို USD 85,000 မှ USD 110,000 အတွင်းရှိမည်ဖြစ်ပြီး အရောင်အားဖြင့် ၈ မျိုးအထိ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်လည်းဖြစ်သည်။

31 May 2018
0
Jaguar ၏ Compact SUV အမၽိဳးအစားအသစ္ The New E-Pace ကိုျမန္မာျပည္ေစၽးကြက္သို႔စတင္မိတ္ဆက္
Unicoder version…
Zawgyi version…
နာမည္ေက်ာ္ေမာ္ေတာ္ကားထုတ္လုပ္ေရးကုမၸဏီ Jaguar မွေနာက္ဆုံးေပၚနည္းပညာမ်ားကုိ အသုံးျပဳထုတ္လုပ္ ထား သည့္ Compact SUV အမ်ိဳးအစားသစ္ The New E-Pace ကုိျမန္မာျပည္ေစ်းကြက္သုိ႔စတင္မိတ္ဆက္လုိက္ေၾကာင္း သိရ သည္။ Jaguar E-Pace တြင္ 2.0L ဒီဇယ္ႏွင့္ဓါတ္ဆီအင္ဂ်င္တုိ႔ကုိ ေရြးခ်ယ္ႏိုင္ျပီး ျမင္းေကာင္ေရအား ၁၅၀ မွ ၃၀၀ အထိထုတ္ေပးႏိုင္ေၾကာင္းလည္း သိရသည္။ ဂီယာအမ်ိဳးအစားအျဖစ္ Auto ဂီယာ ၉ ခ်က္ ႏွင့္ Manual ဂီယာ ၆ ခ်က္ထုိးပါရွိျပီး ေလးဘီးယက္စနစ္ (AWD) စနစ္ကုိထည့္သြင္းေပးထားသည္။
ျပည္တြင္းတြင္ရရွိႏိုင္ေသာ E-Pace,E-Pace Dynamic အမ်ိဳးအစား ၂ ခုလုံးကုိ S,SE,HSE ဆုိျပီးခဲြျခားထားကာ စက္စြမ္းရည္အဆင့္ ၅ မ်ိဳးေရြးခ်ယ္ႏိုင္ရန္ထုတ္လုပ္ေပးထားျပီး ဒီဇယ္အင္ဂ်င္ျဖင့္ ၃ မ်ိဳး၊ဓါတ္ဆီအင္ဂ်င္ျဖင့္ ၂ မ်ိဳး အသီးသီးရရွိႏိုင္မည္ျဖစ္ပါသည္။
“E-Pace ကအရင္ F-Type လုိ Sport ဆန္တဲ့ပုံစံနဲ႔ ပုိမုိတူညီျပီး F-Pace ကားအမ်ိဳးအစားေတြထက္ ပုိသာတဲ့အရည္အခ်င္းလည္းရွိပါတယ္။ ကုိယ္ထည္အေရွ႕ဘက္၊အေနာက္ဘက္ အမုိးလုိင္းေတြရဲ႕တည္ေဆာက္ပုံကလည္း တကယ့္ကုိ ေလေပၚပ်ံဝဲေနတဲ့အတုိင္းပါပဲ။ေရွ႕မီးသီးေတြကုိ ၾကည့္လုိက္ပါဦး။Jaguar ရဲ႕အမိုက္စား၊အပ်ံစား SUV လုိ႔ဆုိရမွာပါ” ဟု E-Pace ကားဒီဇုိင္နာ Mr.Ian Cullum မွဆုိထားသည္။
Jaguar E-Pace ကုိ USD 85,000 မွ USD 110,000 အတြင္းရွိမည္ျဖစ္ျပီး အေရာင္အားျဖင့္ ၈ မ်ိဳးအထိ စိတ္ၾကိဳက္ေရြးခ်ယ္ဝယ္ယူႏိုင္မည္လည္းျဖစ္သည္။