Unicode version…

Jaguar သည် 2014 ၌ ထုတ်လုပ်မူ ရပ်စဲခဲ့သည့် ၎င်း၏ နာမည်ကျော် XK Sport Car အား အဆင့် မြှင့်တင်မူများစွာဖြင့် အသစ်ပြန်လည်မွေးဖွားမည်ဖြစ်သည်။ ၎င်းအား Elegant 4 – Seater Coupe အနေဖြင့် ဖန်တီးမည်ဖြစ်ကာ Mercedes S – Class Coupe ကဲ့သို့ ကားများကို အဓိက ယှဉ်ပြိုင်ရန်ရည်ရွယ်သည်။ ထို့ကြောင့် Jaguar’s ၏ new Flat ship model အနေဖြင့် ဖန်တီးမည် ဖြစ်ကာ လက်ရှိ F – Type Platform ကိုအခြေခံ ထုတ်လုပ်မည်ဖြစ်ပြီး ဖန်တီးမှု အားလုံးကို အသစ်တဖန်မွေးဖွားခြင်းဖြင့် ဖန်တီးမည်ဟု Jaguar ၏ Brand Design Director ဖြစ်သူ Mr Ian Cullum မှ ပြောကြားပါသည်။ F –Type သည် Jaguar ၏ Sport Car အနေဖြင့် ကားချစ်သူများကို အပြည့်အဝ စွဲဆောင်နိုင်ရန် မသေချာသည့်အတွက် နာမည်ကျော်ကြားခဲ့သည့် XK ဖြင့် Jaguar ချစ်သူများ၏ လိုအပ်မှုကို ဖြည့်စွက်ပေးမည်ဟုလည်း JLR ၏ Project Strategy ဌာန၏ အကြီးအကဲ Hanno Kirner မှပြောကြားပါသည်။ ထို့အပြင် 2 –Seater F – Type နှင့် ယခုထုတ်လုပ်မည် 2 + 2 XK Model တို့သည် မျိုးကွဲဖြစ်ကြပြီး နှစ်သက်သူများ အနေဖြင့်လည်း သီးခြားစီ တည်ရှိကြပါမည်။ လက်ရှိ F –Type Model အားလာမည့်နှစ်တွင် မျိုးဆက်သစ်အဖြင့် ပြောင်းလဲမည် ဖြစ်သည့် အတွက် Jaguar ၏ Sport Car ( ၂)မျိုးအား အသွင်သစ်ဖြင့် တွေ့မြင်ရမည်လည်းဖြစ်သည်။ အသစ် ထုတ်လုပ်မည့် XK Model တွင် Aluminum Architecture ဖြင့်ဖန်တီးမည်ဖြစ်ပြီး ဒီဇိုင်း ၊ ပါ၀င်မှုနှင့် စွမ်းဆောင်ရည်များ အားလုံးကို လုံးဝအသစ်ခံစားမှုများအနေဖြင့် ရရှိခံစားစေမည်ဟုလည်း Mr Ian Cullum မှ ထပ်လောင်း ပြောကြားပါသည်။ ပြန်လည်မွေးဖွားမည့် XK Sport Car သည် XK ၏ တတိယမျိုးဆက် ကားဖြစ်ပြီး ယခုနှစ် အနည်းငယ်အတွင်း ထွက်ရှိစေရန် Jaguar မှစီစဉ်ထားပါသည်။

Zawgyi version….
Jaguar သည္ 2014 ၌ ထုတ္လုပ္မူ ရပ္စဲခဲ့သည့္ ၎၏ နာမည္ေက်ာ္ XK Sport Car အား အဆင့္ ျမွင့္တင္မူမ်ားစြာျဖင့္ အသစ္ျပန္လည္ေမြးဖြားမည္ျဖစ္သည္။ ၎အား Elegant 4 – Seater Coupe အေနျဖင့္ ဖန္တီးမည္ျဖစ္ကာ Mercedes S – Class Coupe ကဲ့သို႔ ကားမ်ားကို အဓိက ယွဥ္ၿပိဳင္ရန္ရည္ရြယ္သည္။ ထို႔ေၾကာင့္ Jaguar’s ၏ new Flat ship model အေနျဖင့္ ဖန္တီးမည္ ျဖစ္ကာ လက္ရွိ F – Type Platform ကိုအေျခခံ ထုတ္လုပ္မည္ျဖစ္ၿပီး ဖန္တီးမႈ အားလုံးကို အသစ္တဖန္ေမြးဖြားျခင္းျဖင့္ ဖန္တီးမည္ဟု Jaguar ၏ Brand Design Director ျဖစ္သူ Mr Ian Cullum မွ ေျပာၾကားပါသည္။ F –Type သည္ Jaguar ၏ Sport Car အေနျဖင့္ ကားခ်စ္သူမ်ားကို အျပည့္အ၀ စြဲေဆာင္ႏိုင္ရန္ မေသခ်ာသည့္အတြက္ နာမည္ေက်ာ္ၾကားခဲ့သည့္ XK ျဖင့္ Jaguar ခ်စ္သူမ်ား၏ လိုအပ္မႈကို ျဖည့္စြက္ေပးမည္ဟုလည္း JLR ၏ Project Strategy ဌာန၏ အႀကီးအကဲ Hanno Kirner မွေျပာၾကားပါသည္။ ထို႔အျပင္ 2 –Seater F – Type ႏွင့္ ယခုထုတ္လုပ္မည္ 2 + 2 XK Model တို႔သည္ မ်ဳိးကြဲျဖစ္ၾကၿပီး ႏွစ္သက္သူမ်ား အေနျဖင့္လည္း သီးျခားစီ တည္ရွိၾကပါမည္။ လက္ရွိ F –Type Model အားလာမည့္ႏွစ္တြင္ မ်ဳိးဆက္သစ္အျဖင့္ ေျပာင္းလဲမည္ ျဖစ္သည့္ အတြက္ Jaguar ၏ Sport Car ( ၂)မ်ဳိးအား အသြင္သစ္ျဖင့္ ေတြ႔ျမင္ရမည္လည္းျဖစ္သည္။ အသစ္ ထုတ္လုပ္မည့္ XK Model တြင္ Aluminum Architecture ျဖင့္ဖန္တီးမည္ျဖစ္ၿပီး ဒီဇိုင္း ၊ ပါ၀င္မႈႏွင့္ စြမ္းေဆာင္ရည္မ်ား အားလုံးကို လုံး၀အသစ္ခံစားမႈမ်ားအေနျဖင့္ ရရွိခံစားေစမည္ဟုလည္း Mr Ian Cullum မွ ထပ္ေလာင္း ေျပာၾကားပါသည္။ ျပန္လည္ေမြးဖြားမည့္ XK Sport Car သည္ XK ၏ တတိယမ်ဳိးဆက္ ကားျဖစ္ၿပီး ယခုႏွစ္ အနည္းငယ္အတြင္း ထြက္ရွိေစရန္ Jaguar မွစီစဥ္ထားပါသည္။