Subaru သည် နာမည်ကျော် Crossterk ၏ New Model အား Japan တွင်မိတ်ဆက်လိုက်ပါသည်ကိုစိတ်ဝင်စားဖွယ်ရာမြင်တွေ့ရပါသည်။  JDM Version ဖြစ်သည့် New Crossterk တွင် (FWD) နှင့် (AWD) ပုံစံ (၂) မျိုး ပါဝင်မည် ဖြစ်ကာ Hybrid Version လည်းရရှိနိုင်ပါသည်။ ယခု New Model သည် Crossterk ၏ Third-Gen Model ဖြစ်ကာ Subaru Global Platform အပေါ် အခြေခံပြီး Upgraded Version အနေဖြင့် ဖန်တီးခြင်း ဖြစ်ကာ ကြံ့ခိုင်မှု ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းနှင့် ( NVH Level ) ကိုလည်းတိုးမြှင့်ထားပါသည်။

e-Boxer Powertrain ကို ထည့်သွင်းထား ပြီး၎င်းတွင် – 2.0L Engine (143hp) အင်ဂျင်နှင့်  (13hp output Electric Motor ) တို့ပေါင်းစပ်ထားပါသည်။ အဆိုပါအင်ဂျင်အား CVT Auto Gear နှင့်တွဲဖက်ထားလျှက်ရှိပြီး New Crossterk AWD Version ၏ စက်မှုဆိုင် ရာများသည် Subaru Impreza နှင့်ဆက်စပ် မှုရှိပါမည်။ Subaru သည် U.S.A ရှိ Crossterk Model အတွက် ICE Engine ကိုထည့်သွင်းပေးထား ပါသည်။

JDM Crossterk တွင်-Touring နှင့် Limited ဟူ၍ Trim Level (2) မျိုးပါဝင်မည်ဖြစ်ကာ – Full LED Headlights , Faux aluminum Accent Grille , Roof Rails , နှင်းခွဲမီး စသည့် Features များပါဝင်မည်ဖြစ်ပြီး အတွင်းခန်းတွင်-11.6-inch Portrait-Orientation Infotainment , Leather Seats , New Wide-Angle monocular Camera , (Eye Sight Package of ADAS) စသည့် Features များစွာပါဝင်ပါမည်။ ထို့အပြင် Toughness Package နှင့် Utility Package တို့ကိုလည်း Optional မှာယူနိုင်ကာ New Crossterk အား ( Yen 2662000 ) မှ ( Yen 3234000 ) အတွင်းဈေးဖြင့် ရောင်းချပါမည်။

#DriveMediaMyanmar