JEEP သည် ပထမဆုံး Fully EV Model ဖြစ်သည့် New Jeep Avenger အား မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် Jeep ၏ 4 EV Lineup တွင် ပထမဆုံး မိတ်ဆက်သည့် Model ဖြစ်ပြီး နောက်ပိုင်းတွင် Wagoners နှင့် Recon EV တို့ကိုလည်း ဆက်လက်မိတ်ဆက်ပါမည်။ Avenger EV ၏ Design နှင့် Engineering များအား အီတလီအခြေစိုက် Conceived မှ ဖန်တီးခြင်းဖြစ်ကာ ၎င်း၏ Level သည် Peugeot  2008 ၊ Vauxhall Mokka ၊ Smart 1 ၊ Hyundai Kona ၊ Ford Puma ၊ တို့နှင့် တူညီပါမည်။

၎င်း၏ Size သည် ( 4.1 Meters ) ခန့်သာ ရှည်လျားပြီး Stellantis Group ၏  e – CMP 2 Platform တွင် အခြေခံကာ ဖန်တီးထားပါသည်။ သို့သော် New Architecture နှင့် New Tech တို့ဖြင့် ဖန်တီးထားသည့်အတွက် Small EV SUV အနေဖြင့် ထူးခြားသည် ဟုဆိုရပါမည်။ 4 Xe Model  တွင် 4 x 4 Concept 4 WD System ကို မိတ်ဆက်ထည့်သွင်းထားပါမည်ဟုလည်းသိရှိရပါသည်။

New Jeep Avenger EV တွင် Stellantis Group ၏ နောက်ဆုံးပေါ် EV Powertrain ပါဝင်မည်ဖြစ်ကာ ၊ 54 kWh Battery ၊ 3 – Phase 11 kW AC Charger ၊ 100 kW DC Charger ၊ စသည့်တို့လည်း ပေါင်းစပ်ပါဝင်ပါမည်။ Car Boot Capacity သည် 380 liters ဖြစ်ပြီး ကား၏ အတွင်းခန်းအား ရှင်းလင်းသပ်ရပ်စွာ ဖန်တီးထား မည်ဖြစ်ကာ Dashboard Design ကိုမူ Stylish Design ဖြင့် တွေ့မြင်ရပါမည်။ Features များအနေဖြင့် – Android – Based Operation System ၊ Wireless Smartphone ၊ Digital Cluster ၊ Built – in Navigation တို့ အဓိကမြင်တွေ့ရပါမည်။ ၎င်းတွင် – Sport ၊ Longitude ၊ Limited ၊ ဟူ၍ Trim ( ၃ ) မျိုး ပါဝင်မည်ဖြစ်ပြီး Body Color ( ၇ ) မျိုး ရရှိနိုင်ပါမည်။

#DriveMediaMyanmar